ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ျမန္မာကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွဳိင္က ျမန္မာ့တပ္မေတာ္ကုိ အရည္အခ်င္း ထက္ျမက္ေအာင္ ဆက္လက္ကူညီဖုိ႔ ဂ်ပန္ဝန္ၾကီးခ်ဳပ္ ရွင္ဇုိ အာေဘးနဲ႔ ေတြ႔ဆုံရာမွာ ေမတၱာရပ္ခံလုိက္ပါတယ္။ ဂ်ပန္ဝန္ၾကီးခ်ဳပ္ရုံးမွာ ေခါင္းေဆာင္ ၂ ဦး ေသာၾကာေန႔က ေတြ႔ဆုံစဥ္ အခုလို ေျပာၾကားခဲ့တာပါ။

အဲဒီ ေတြ႔ဆုံပြဲမွာ ဂ်ပန္ဝန္ၾကီးခ်ဳပ္ ရွင္ဇုိအာေဘးက ျမန္မာေခါင္းေဆာင္ေတြအေနနဲ႔ တုိင္းျပည္ကုိ တည္ျငိမ္ဖြံ႔ျဖဳိးေအာင္ တည္ေဆာက္ႏုိင္လိမ့္မယ္လုိ႔ ယုံၾကည္ေမွ်ာ္လင့္ပါေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဒီ ေျပာၾကားခ်က္ကုိ တုန္႔ျပန္တ့ဲအေနနဲ႔ ျမန္မာျပည္ရဲ႕ ႏုိင္ငံေရးေျပာင္းလဲမွဳေတြ အေကာင္အထည္ ေဖၚေရးအတြက္ ဂ်ပန္ႏုိင္ငံရဲ႕ ပံ့ပုိးကူညီမွဳေတြဟာ အလြန္အေရးပါေၾကာင္း ျမန္မာ ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာဆုိခဲ့တယ္လုိ႔ ဂ်ပန္ ကာကြယ္ေရးဝန္ၾကီးဌာန ရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ျမန္မာႏုိင္ငံရဲ႕ လက္ရွိဖြဲ႔စည္းပုံအရ ျမန္မာ့တပ္မေတာ္ကုိ ကာကြယ္ေရးတာဝန္သာမက ျပည္ထဲေရးရာ ေတြမွာလည္း အာဏာကုိ က်ယ္က်ယ္ပ်ံ႕ပ်႕ံ ခ်ဳပ္ကုိင္ခြင့္ျပဳထားတယ္လုိ႔ တုိက်ဳိက လာတဲ့ သတင္းမွာ ေဖၚျပပါတယ္။


https://www.facebook.com/rfaburmese

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  RFA Burmese





#Unicode Version#
မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ့တပ်မတော်ကို အရည်အချင်း ထက်မြက်အောင် ဆက်လက်ကူညီဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးနဲ့ တွေ့ဆုံရာမှာ မေတ္တာရပ်ခံလိုက်ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ရုံးမှာ ခေါင်းဆောင် ၂ ဦး သောကြာနေ့က တွေ့ဆုံစဉ် အခုလို ပြောကြားခဲ့တာပါ။

အဲဒီ တွေ့ဆုံပွဲမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာခေါင်းဆောင်တွေအနေနဲ့ တိုင်းပြည်ကို တည်ငြိမ်ဖွံ့ဖြိုးအောင် တည်ဆောက်နိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါတယ်။ ဒီ ပြောကြားချက်ကို တုန့်ပြန်တဲ့အနေနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးပြောင်းလဲမှုတွေ အကောင်အထည် ဖေါ်ရေးအတွက် ဂျပန်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုတွေဟာ အလွန်အရေးပါကြောင်း မြန်မာ ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုခဲ့တယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိဖွဲ့စည်းပုံအရ မြန်မာ့တပ်မတော်ကို ကာကွယ်ရေးတာဝန်သာမက ပြည်ထဲရေးရာ တွေမှာလည်း အာဏာကို ကျယ်ကျယ်ပျံ့ပျံ့ ချုပ်ကိုင်ခွင့်ပြုထားတယ်လို့ တိုကျိုက လာတဲ့ သတင်းမှာ ဖေါ်ပြပါတယ်။


https://www.facebook.com/rfaburmese

ဖိုးသူတော် (www.phothutaw.com)
Credit:  RFA Burmese


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top