ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ၾသဂုတ္ ၂၂ ရက္ညက မီးေလာင္မႈျဖစ္ပြားၿပီးေနာက္ ပ်က္စီးခဲ့သည့္ ဆီေဘာက္ဆာကို ေတြ႔ရစဥ္(ဓာတ္ပံု−စိုင္းေဇာ္)

ဒဂုံၿမိဳ႕သစ္ေတာင္ပုိင္း ၿမိဳ႕နယ္တြင္ ျဖစ္ပြားသည့္ ဆီ ေဘာက္ဆာကားကို ကြန္တိန္နာ ယာဥ္က ေနာက္မွ၀င္တုိက္ၿပီး ဆီ မ်ားယိုစိမ့္ကာ မီးေလာင္မႈ၌ဆံုး႐ႈံးမႈ က်ပ္သိန္းေျခာက္ရာ ေက်ာ္ဖိုးရွိေၾကာင္း ရန္ကုန္တုိင္း ရဲတပ္ဖဲြ႕က ၾသဂုတ္၂၃ ရက္တြင္သတင္းထုတ္ျပန္သည္။

ၾသဂုတ္ ၂၂ ရက္ ည ၁၀ နာရီ ခြဲခန္႔တြင္ ဒဂုံၿမိဳ႕သစ္ ေတာင္ပိုင္း ၿမိဳ႕နယ္ (၂၆) ရပ္ကြက္ ျပည္ ေထာင္စုလမ္း၌  မီးေလာင္မႈျဖစ္ ပြားရာတြင္ ဆီေဘာက္ဆာယာဥ္၊အျခားယာဥ္ ငါးစီးႏွင့္ ယင္းေနရာ အနီးရွိ အိမ္ေျခာက္လုံး မီးေလာင္ ကြၽမ္းခဲ့သည္။

‘‘ေနာက္က ကြန္တိန္နာ ကားတိုက္တာနဲ႔ ဆီေဘာက္ဆာ ကားက ပြင့္ထြက္သြားေရာ။ ၿပီး ေတာ့ မီးပြင့္ၿပီး မီးထေလာင္ ေရာ။ ကြၽန္ေတာ္တို႔ မီးသတ္ေဆး ဘူးေတြနဲ႔ ၿငႇိမ္းဖုိ႔လုိက္တဲ့အခ်ိန္မွာ ထေပါက္ေတာ့ ေရွ႕မတုိးရဲေတာ့ ဘူး။ မီးသတ္ကိုဖုန္းဆက္ေတာ့ ၁၅ မိနစ္ေလာက္ေနေတာ့ ေရာက္ လာတယ္။ ဆီကားဆိုေတာ့ ေလာင္တာ ျမန္သြားတာေပါ့။ ဘယ္လုိမွ ထိန္းမရဘူးျဖစ္သြား တယ္’’ဟု မီးေလာင္ရာ ေနရာ အနီးရွိ သံပန္းဆုိင္ပိုင္ရွင္ ဦးမင္း ေနာင္က ေျပာသည္။

မီးေလာင္ခဲ့သည့္ ဆီ ေဘာက္ဆာယာဥ္သည္ Pongrawe Cargo Link Logistics ကုမၸဏီပိုင္ျဖစ္ၿပီး ကြန္တိန္ နာယာဥ္ကေနာက္မွ  ၀င္တုိက္ခဲ့ ေသာေၾကာင့္ ယာဥ္ရွိ အခန္းသုံး ခန္းအနက္  တစ္ခန္းပြင့္၍ ဆီမ်ား ယိုဖိတ္ကာ မီးေလာင္ခဲ့ၿပီး အနီး  ရွိေနအိမ္ခုနစ္လုံး မီးေလာင္ဆုံး  ႐ႈံးခဲ့သည္ဟု ကုမၸဏီဥပေဒအ   ႀကံေပးဦးေနလက သတင္းထုတ္ ျပန္သည္။

မီးစတင္ေလာင္သည့္ အခ်ိန္ တြင္ ယာဥ္ႏွစ္စီးစလုံး၌ ယာဥ္ ေမာင္းမ်ား မေတြ႕ရေၾကာင္း ယင္း ေနရာ၌ ပါ၀င္ကူညီေဆာင္ရြက္ ခဲ့သည့္ ဒဂုံၿမိဳ႕သစ္ ေတာင္ပုိင္းၿမိဳ႕ နယ္ အမွတ္ ၁ မဲဆႏၵနယ္တုိင္း ေဒသႀကီး လႊတ္ေတာ္ကိုယ္စား လွယ္ဦးညီညီက ေျပာသည္။

သို႔ေသာ္ ဦးေနလ၏ ၾသဂုတ္ ၂၃ ရက္ သတင္းထုတ္ျပန္ခ်က္ တြင္ ဆီေဘာက္ဆာယာဥ္ေမာင္း သည္ ထြက္ေျပးတိမ္းေရွာင္ျခင္း မရွိဘဲ သက္ဆုိင္ရာတာ၀န္ရွိ ယာဥ္ထိန္းတပ္ဖဲြ႕ႏွင့္ ဒဂုံၿမိဳ႕သစ္ ေတာင္ပိုင္း ၿမိဳ႕နယ္ရဲစခန္းသို႔ သြားေရာက္ အစစ္ေဆးခံခဲ့ ေၾကာင္း ေရးသားထားသည္။

မီးေလာင္မႈႏွင့္ပတ္သက္၍ ယာဥ္မဆင္မျခင္ေမာင္းႏွင္၍ မီးေလာင္ကြၽမ္းေအာင္ ျပဳ ုပ္ခဲ့သည့္ ဆီေဘာက္ဆာယာဥ္ေမာင္းႏွင့္ ကြန္တိန္နာယာဥ္ေမာင္းကို ပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း ရန္ကုန္တုိင္းရဲတပ္ဖဲြ႕မွ သတင္းရရွိသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
သြဂုတ် ၂၂ ရက်ညက မီးလောင်မှုဖြစ်ပွားပြီးနောက် ပျက်စီးခဲ့သည့် ဆီဘောက်ဆာကို တွေ့ရစဉ်(ဓာတ်ပုံ−စိုင်းဇော်)

ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တွင် ဖြစ်ပွားသည့် ဆီ ဘောက်ဆာကားကို ကွန်တိန်နာ ယာဉ်က နောက်မှဝင်တိုက်ပြီး ဆီ များယိုစိမ့်ကာ မီးလောင်မှု၌ဆုံးရှုံးမှု ကျပ်သိန်းခြောက်ရာ ကျော်ဖိုးရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သြဂုတ်၂၃ ရက်တွင်သတင်းထုတ်ပြန်သည်။

သြဂုတ် ၂၂ ရက် ည ၁၀ နာရီ ခွဲခန့်တွင် ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ် (၂၆) ရပ်ကွက် ပြည် ထောင်စုလမ်း၌  မီးလောင်မှုဖြစ် ပွားရာတွင် ဆီဘောက်ဆာယာဉ်၊အခြားယာဉ် ငါးစီးနှင့် ယင်းနေရာ အနီးရှိ အိမ်ခြောက်လုံး မီးလောင် ကျွမ်းခဲ့သည်။

‘‘နောက်က ကွန်တိန်နာ ကားတိုက်တာနဲ့ ဆီဘောက်ဆာ ကားက ပွင့်ထွက်သွားရော။ ပြီး တော့ မီးပွင့်ပြီး မီးထလောင် ရော။ ကျွန်တော်တို့ မီးသတ်ဆေး ဘူးတွေနဲ့ ငြှိမ်းဖို့လိုက်တဲ့အချိန်မှာ ထပေါက်တော့ ရှေ့မတိုးရဲတော့ ဘူး။ မီးသတ်ကိုဖုန်းဆက်တော့ ၁၅ မိနစ်လောက်နေတော့ ရောက် လာတယ်။ ဆီကားဆိုတော့ လောင်တာ မြန်သွားတာပေါ့။ ဘယ်လိုမှ ထိန်းမရဘူးဖြစ်သွား တယ်’’ဟု မီးလောင်ရာ နေရာ အနီးရှိ သံပန်းဆိုင်ပိုင်ရှင် ဦးမင်း နောင်က ပြောသည်။

မီးလောင်ခဲ့သည့် ဆီ ဘောက်ဆာယာဉ်သည် Pongrawe Cargo Link Logistics ကုမ္ပဏီပိုင်ဖြစ်ပြီး ကွန်တိန် နာယာဉ်ကနောက်မှ  ဝင်တိုက်ခဲ့ သောကြောင့် ယာဉ်ရှိ အခန်းသုံး ခန်းအနက်  တစ်ခန်းပွင့်၍ ဆီများ ယိုဖိတ်ကာ မီးလောင်ခဲ့ပြီး အနီး  ရှိနေအိမ်ခုနစ်လုံး မီးလောင်ဆုံး  ရှုံးခဲ့သည်ဟု ကုမ္ပဏီဥပဒေအ   ကြံပေးဦးနေလက သတင်းထုတ် ပြန်သည်။

မီးစတင်လောင်သည့် အချိန် တွင် ယာဉ်နှစ်စီးစလုံး၌ ယာဉ် မောင်းများ မတွေ့ရကြောင်း ယင်း နေရာ၌ ပါဝင်ကူညီဆောင်ရွက် ခဲ့သည့် ဒဂုံမြို့သစ် တောင်ပိုင်းမြို့ နယ် အမှတ် ၁ မဲဆန္ဒနယ်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဦးညီညီက ပြောသည်။

သို့သော် ဦးနေလ၏ သြဂုတ် ၂၃ ရက် သတင်းထုတ်ပြန်ချက် တွင် ဆီဘောက်ဆာယာဉ်မောင်း သည် ထွက်ပြေးတိမ်းရှောင်ခြင်း မရှိဘဲ သက်ဆိုင်ရာတာဝန်ရှိ ယာဉ်ထိန်းတပ်ဖွဲ့နှင့် ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်ရဲစခန်းသို့ သွားရောက် အစစ်ဆေးခံခဲ့ ကြောင်း ရေးသားထားသည်။

မီးလောင်မှုနှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်၍ မီးလောင်ကျွမ်းအောင် ပြု ုပ်ခဲ့သည့် ဆီဘောက်ဆာယာဉ်မောင်းနှင့် ကွန်တိန်နာယာဉ်မောင်းကို ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top