ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

အမ်ိဳးသားမ်ားအေနနဲ႔ မုတ္ဆိတ္ေမႊးနဲ႔ ခႏၶာကိုယ္ေပၚကမလိုအပ္တဲ့ အေမႊးအမွ်င္မ်ားကို ဖယ္ရွားရာမွာ တစ္လတစ္ႀကိမ္ေသာ္လည္းေကာင္း၊ ႏွစ္လတစ္ႀကိမ္ေသာ္လည္းေကာင္း ဖယ္ရွားသန္႔စင္ၾကရပါတယ္။ အခ်ိဳ႕ဆိုရင္ အေမႊးအမွ်င္ေတြအရွည္ျမန္လြန္းတာေၾကာင့္ အလုပ္မ်ားတဲ့သူေတြအတြက္ စိတ္ရႈတ္စရာျဖစ္ေစပါတယ္။ ဒ့ါေၾကာင့္ မလိုခ်င္တဲ့အေမႊးအမွ်င္မ်ားကို ရိတ္ၿပီးတဲ့အခါမွာ အရွည္မျမန္ေစဖို႔ ျပဳလုပ္တဲ့နည္းလမ္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

(၁) ေရေအးအစား ေရေႏြးကိုအသံုးျပဳပါ

အေမႊးအမွ်င္ေတြရိတ္တဲ့အခါမွာ ရိတ္လိုတဲ့ေနရာကို ေရနဲ႔ဆပ္ျပာအသံုးျပဳၿပီး ရိတ္ၾကပါတယ္။ ဒီလိုေရစိုစြတ္ေအာင္ျပဳလုပ္တဲ့အခါမွာ ေရေအးကိုအသံုးျပဳမယ့္အစား ေရေႏြးကိုအသံုးျပဳလိုက္ပါ။ ေရေႏြးက အေမႊးအမွ်င္ရွင္သန္စြာေပါက္ေရာက္ဖုိ႔ကို ဟန္႔တားေပးႏိုင္စြမ္းရွိပါတယ္။ ဒါ့ေၾကာင့္ အေမႊးအမွ်င္မ်ားကို မရိတ္ခင္မွာ ေရေႏြးနဲ႔စိုစြတ္ေအာင္ျပဳလုပ္ေပးၿပီး ရိတ္ၿပီးသြားရင္လည္း ေရေႏြးနဲ႔ပဲ ေဆးေၾကာသန္႔စင္ေပးပါေနာ္။

(၂) အေရျပားေပၚဖိဆြဲၿပီး ရိတ္တာမ်ိဳးမလုပ္ပါနဲ႔

အေမႊးေတြတစ္ခါထဲေျပာင္သြားေအာင္ဆိုၿပီး ရိတ္စက္ကိုဖိဆြဲတာမ်ိဳး မလုပ္ပါနဲ႔။ အသားအေရကိုလည္း ထိခုိက္သလို ေခၽြးေပါက္ေတြကိုက်ယ္သြားေစၿပီး အဆီဂလင္းေတြေပါက္သြားရင္ အေမႊးေတြအရွည္ျမန္္သြားေစပါတယ္။ ဒါ့ေၾကာင့္ ပံုမွန္အတုိင္းေလးပဲ ညင္သာစြာရိတ္သင့္ပါတယ္ေနာ္။

(၃) အုန္းဆီလိမ္းပါ

ရိတ္ၿပီးတဲ့ေနရာတစ္ဝိုက္ကို လိုးရွင္းေတြလိမ္းမယ့္အစား အပူေပးထားတဲ့အုန္းဆီကို လိမ္းဖို႔အႀကံျပဳခ်င္ပါတယ္။ အုန္းဆီကိုအပူေပးလိုက္တဲ့အတြက္ေၾကာင့္ အေမႊးအမွ်င္ရွည္လြယ္တာကို ဟန္႔တားေပးႏိုင္တဲ့အျပင္ အေမႊးရိတ္ၿပီးရင္ ဘတ္တီးရီးယားပိုးမြႊားမ်ား ဝင္ေရာက္ျခင္းမွလည္း ကာကြယ္ေပးပါလိမ့္မယ္။

(၄) အရည္အေသြးနိမ့္တဲ့ပစၥည္းမ်ားကိုမသံုးပါနဲ႔

မုတ္ဆိတ္ရိတ္ဓား၊ ရိတ္စက္၊ shaving foam စတာေတြကို အသံုးျပဳတဲ့အခါမွာ အရည္အေသြးနိမ့္တဲ့ ပစၥည္းေတြကို အသံုးျပဳမယ္ဆိုရင္ အေမႊးအမွ်င္ေတြက အေပၚယံေလာက္ေလးပဲ ပါသြားမွာပါ။ အေပၚယံအေမႊးေလးေတြကိုပဲ ဖယ္ရွားသန္႔စင္ေပးႏုိင္တဲ့ အရည္အေသြးနိမ့္ပစၥည္းေတြကို အသံုးမျပဳပါနဲ႔ေတာ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နန္း(ေရႊအင္းေလး)

#Unicode Version#
အမျိုးသားများအနေနဲ့ မုတ်ဆိတ်မွှေးနဲ့ ခန္ဓာကိုယ်ပေါ်ကမလိုအပ်တဲ့ အမွှေးအမျှင်များကို ဖယ်ရှားရာမှာ တစ်လတစ်ကြိမ်သော်လည်းကောင်း၊ နှစ်လတစ်ကြိမ်သော်လည်းကောင်း ဖယ်ရှားသန့်စင်ကြရပါတယ်။ အချို့ဆိုရင် အမွှေးအမျှင်တွေအရှည်မြန်လွန်းတာကြောင့် အလုပ်များတဲ့သူတွေအတွက် စိတ်ရှုတ်စရာဖြစ်စေပါတယ်။ ဒ့ါကြောင့် မလိုချင်တဲ့အမွှေးအမျှင်များကို ရိတ်ပြီးတဲ့အခါမှာ အရှည်မမြန်စေဖို့ ပြုလုပ်တဲ့နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) ရေအေးအစား ရေနွေးကိုအသုံးပြုပါ

အမွှေးအမျှင်တွေရိတ်တဲ့အခါမှာ ရိတ်လိုတဲ့နေရာကို ရေနဲ့ဆပ်ပြာအသုံးပြုပြီး ရိတ်ကြပါတယ်။ ဒီလိုရေစိုစွတ်အောင်ပြုလုပ်တဲ့အခါမှာ ရေအေးကိုအသုံးပြုမယ့်အစား ရေနွေးကိုအသုံးပြုလိုက်ပါ။ ရေနွေးက အမွှေးအမျှင်ရှင်သန်စွာပေါက်ရောက်ဖို့ကို ဟန့်တားပေးနိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့် အမွှေးအမျှင်များကို မရိတ်ခင်မှာ ရေနွေးနဲ့စိုစွတ်အောင်ပြုလုပ်ပေးပြီး ရိတ်ပြီးသွားရင်လည်း ရေနွေးနဲ့ပဲ ဆေးကြောသန့်စင်ပေးပါနော်။

(၂) အရေပြားပေါ်ဖိဆွဲပြီး ရိတ်တာမျိုးမလုပ်ပါနဲ့

အမွှေးတွေတစ်ခါထဲပြောင်သွားအောင်ဆိုပြီး ရိတ်စက်ကိုဖိဆွဲတာမျိုး မလုပ်ပါနဲ့။ အသားအရေကိုလည်း ထိခိုက်သလို ချွေးပေါက်တွေကိုကျယ်သွားစေပြီး အဆီဂလင်းတွေပေါက်သွားရင် အမွှေးတွေအရှည်မြန်သွားစေပါတယ်။ ဒါ့ကြောင့် ပုံမှန်အတိုင်းလေးပဲ ညင်သာစွာရိတ်သင့်ပါတယ်နော်။

(၃) အုန်းဆီလိမ်းပါ

ရိတ်ပြီးတဲ့နေရာတစ်ဝိုက်ကို လိုးရှင်းတွေလိမ်းမယ့်အစား အပူပေးထားတဲ့အုန်းဆီကို လိမ်းဖို့အကြံပြုချင်ပါတယ်။ အုန်းဆီကိုအပူပေးလိုက်တဲ့အတွက်ကြောင့် အမွှေးအမျှင်ရှည်လွယ်တာကို ဟန့်တားပေးနိုင်တဲ့အပြင် အမွှေးရိတ်ပြီးရင် ဘတ်တီးရီးယားပိုးမွှားများ ဝင်ရောက်ခြင်းမှလည်း ကာကွယ်ပေးပါလိမ့်မယ်။

(၄) အရည်အသွေးနိမ့်တဲ့ပစ္စည်းများကိုမသုံးပါနဲ့

မုတ်ဆိတ်ရိတ်ဓား၊ ရိတ်စက်၊ shaving foam စတာတွေကို အသုံးပြုတဲ့အခါမှာ အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေကို အသုံးပြုမယ်ဆိုရင် အမွှေးအမျှင်တွေက အပေါ်ယံလောက်လေးပဲ ပါသွားမှာပါ။ အပေါ်ယံအမွှေးလေးတွေကိုပဲ ဖယ်ရှားသန့်စင်ပေးနိုင်တဲ့ အရည်အသွေးနိမ့်ပစ္စည်းတွေကို အသုံးမပြုပါနဲ့တော့။

ဖိုးသူတော် (www.phothutaw.com)
Credit: နန်း(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top