Image result for Lee-Joon-Gi singing
၁။ အဆိုတော် လုပ်ဖူးတယ်
Image result for Lee-Joon-Gi 2017
၂။  Botox လုံးဝမထိုးဘူး
ှSource : ilovekstars
Credit: Duwun
#Unicode Version#
အသက် ၃၅ နှစ်အရွယ် လီဂျွန်ဂျီဟာ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်အကြီးဆုံး မင်းသားတစ်လက်ပါ။ သူဟာ "The King and the Clown" ဇာတ်လမ်းနဲ့ "My Girl" ဇာတ်လမ်းတွဲတို့ကြောင့် လူသိများလာသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ချောမောခန့်ညားတဲ့ ရုပ်ရည်ကြောင့် လီဂျွန်ဂျီကို မိန်းကလေးပရိသတ်အများအပြားက စွဲလမ်းကြတဲ့အတွက် သူ့ရဲ့ပရိသတ်တွေ သိထားသင့်တဲ့ သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို Duwun Media က ဖော်ပြပေးလိုက်ပါတယ်။
၁။ အဆိုတော် လုပ်ဖူးတယ်
နာမည်ကြီး သရုပ်ဆောင်နဲ့ မော်ဒယ်ဖြစ်တဲ့ လီဂျွန်ဂျီဟာ သီချင်းလည်း ဆိုတတ်တယ်ဆိုတာ သိကြပါသလား။ သူဟာ အယ်လ်ဘမ်တွေ အများကြီး ထုတ်ဖူးပြီး တရုတ်နဲ့ ဂျပန်တို့လို အရှေ့တောင်အာရှနိုင်ငံတွေမှာ ပရိသတ်တွေ့ဆုံပွဲတွေ ုပြုလုပ်ခဲ့ဖူးပါတယ်။
၂။  Botox လုံးဝမထိုးဘူး
အရေးအကြောင်းတွေရှိတာဟာ သူ့အတွက်တော့ သဘာဝကျတယ်လို့ ခံစားရပါတယ်တဲ့။ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ သရုပ်ဆောင်နေရာသစ်တွေကို ရွေးချယ်ခွင့်လည်းရှိလာတယ်လို့ ခံယူထားသူပါ။ ဒါပေမဲ့ သူ့ကြည့်ရတာကတော့ အခုထိ ဘာအရေးအကြောင်းမှမရှိဘဲ နုပျိုနေပါတယ်။
၃။ သူ့အတွက် ပရိသတ်တွေက အရေးပါတယ်
လီဂျွန်ဂျီဟာ ရုပ်သံအစီအစဉ်တွေမှာ ပါဝင်တဲ့အခါ သူ့ရဲ့ပရိသတ်တွေရဲ့ အတွေးအမြင်တွေကို အလေးထားတာကို မြင်တွေ့ရပါတယ်။ သူ့အတွက် ပရိသတ်တွေ စိုးရိမ်နေမှာ မလိုလားသလို ပရိသတ်ပျော်တာကို မြင်ချင်သူပါ။
၄။ အက်ရှင်ခန်းတွေ ရိုက်ရတာ သဘောကျတယ်။
လီဂျွန်ဂျီဟာ အသားနာပါစေဦးတော့ စတန့်ခန်းတွေကို ညကိုယ်တိုင် ရိုက်ရတာ နှစ်သက်သူဖြစ်လို့ လေးစားထိုက်တဲ့ အက်ရှင်မင်းသားတစ်ယောက် ဖြစ်လာသူပါ။ သူ့ရဲ့စတန့်ခန်းတွေကို တခြားသူတွေကို လုပ်ခိုင်းရင် သူ့ရဲ့ပရိသတ်တွေက သိလိမ့်မယ်လို့ ထင်မြင်ထားသူပါ။
၅။ အလုပ်ကြိုးစားသူတစ်ယောက်
လီဂျွန်ဂျီဟာ သူ့ရဲ့အနုပညာအလုပ်မှာ အချစ်တွေရော စိတ်ဝင်စားမှုတွေရော မြှုပ်နှံထားသူဖြစ်ပါတယ်။
၆။ အိမ်မှာ အနမ်းပေးတဲ့အခန်းတွေကို လေ့ကျင့်တယ်
လီဂျွန်ဂျီဟာ အောင်မြင်နေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ သရုပ်ဆောင်တစ်ယောက်လို့ ထင်ရပေမဲ့ အိမ်မှာ တစ်ယောက်တည်း အနမ်းခန်းတွေကို လေ့ကျင့်လေ့ရှိတယ်လို့ ဝန်ခံခဲ့ဖူးပါတယ်။
၇။ သဘောအကျဆုံး အမျိုးသမီး
လီဂျွန်ဂျီကတော့ အရေပြားတစ်ထောက်စာအလှကို ကြည့်သူမဟုတ်ပါဘူး။ အပေါ်ယံအလှဆိုတာ ခဏအတွင်းမှာ ပျောက်ကွယ်သွားနိုင်တယ်လေ။ သူသဘောကျသတဲ့ အမျိုးသမီးကတော့ သူ့ထက် ပိုရင့်ကျက်သူဖြစ်ပြီး သူ လေးစား အားထားရမယ့်သူမျိုးလို့ ဆိုပါတယ်။
ှSource : ilovekstars
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top