Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×





ဗွီဒီယို ကြည့်ရန် နှိပ်ပါ...https://youtu.be/yhVqf2NFlgU
Credit: sunthit

#Unicode Version#
မော်ရိုကိုနိုင်ငံက မြို့တွင်းပြေးဆွဲနေတဲ့ ဘစ်ကား တစီးပေါ်မှာ အမျိုးသမီးငယ်တဦးကို ကားသွားနေစဉ် အုပ်စုလိုက်ဝိုင်း မုဒိန်းကျင့်နေကြတာကို ကား ပေါ်မှာ ပါလာသူတွေက ကာကွယ်ကယ်တင်မပေးတဲ့အပြင် ဝိုင်းရီမောကြ-တဲ့ ရုပ်သံမှတ် တမ်း ရိုက်ခဲ့ကြလို့ အမျိုးသမီး အခွင့်အရေးဆိုင်ရာအဖွဲ့တွေက အရေးယူပေးပါလို့ ဆိုရှယ်မီဒီယာကနေ တောင်းဆိုခဲ့ တာပါ။

အဆိုပါ မုဒိန်းရုပ်သံ ဟာ အင်တာနက်မှာ ပြန့်သွားခဲ့ပြီးတဲ့နောက် နိုင်ငံတကာ အမျိုးသမီးရေးရာအဖွဲ့တွေက မော်ရိုကို အစိုးရကို ဝိုင်းဖိအားပေး ခဲ့ကြသလို မော်ရိုအမျိုးသမီးတွေရဲ့လိင်ပိုင်းဆိုင်ရာစော်ကားခံနေရတာကို နိုင်ငံတကာက ကိုယ် ချင်းစာ စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

အစလာမ် ဘာသာဝင်တွေရဲ့ နိုင်ငံမှာ ခုလို မျိုး စိတ်မကောင်းစရာဖြစ်ရပ်ကို ကားပေါ်လိုက်ပါလာလူတွေ ကပုံမှန်ဟာ သဖြစ်စဉ်အနေနဲ့ သဘောထားနေကြတာကို အမျိုးသမီးအဖွဲ့ကလည်း ခံပြင်းဒေါ်သထွက်ခဲ့ကြပါတယ်။

အမျိုးသမီးငယ်က ဆင်းရဲတဲ့ မိသားစုအသိုင်းဝန်းကဆိုတော့ ထုတ်ဖေါ်မပြောရဲ-ရဲမတိုင်ရဲဖြစ်နေတာကို ငြိမ်ကြည့်နေမယ် ဆိုရင် ဒီဖြစ်ရပ် ကို ထောက်ခံနေသလိုဖြစ်လိမ့် မယ်.. မော်ရိုကိုမှာ ခုလို အုပ်စုမုဒိန်းမှုတွေ အရမ်းများလာနေပါပြီ လို့ အ မှုကို ဦးဆောင် တိုင်ချက်ဖွင့်ပေးတဲ့အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Zahra al-Faisawi, က ပြောပါတယ်။

ယခုရက်ပိုင်းအတွင်းမှာ တော့ မုဒိန်း တရားခံခြောက်ဦးစလုံးကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးလိုက်ပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit: sunthit
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top