မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ဝဘ်ဆိုက်
×






ဖွံ့ဖြိုးဆဲကာလအတွင်း TCC နှင့် ထိတွေ့မှုကြောင့် ဖွံ့ဖြိုးဆဲ သန္ဓေသားကို ပြင်းထန်သည့် ကျန်းမာရေးအန္တရာယ်ကျရောက်စေ နိုင်သည်။





Credit: 7daydaily

#Unicode Version#
ကိုယ်ဝန်ဆောင်ချိန်အတွင်း ဗက်တီးရီးယားကာကွယ်ရေး ဆပ်ပြာအသုံးပြုသည့် အမျိုးသမီးများက မွေးဖွားလာသော ကလေး များသည် သာမန်ထက်ပိုဝကာ ၎င်းတို့၏ ဖွံ့ဖြိုးကြီးထွားမှု အနှောင့် အယှက်ဖြစ်နိုင်ကြောင်း အမေရိကန်သုတေသီများ လေ့လာတွေ့ရှိ သည်။

အဆိပ်အတောက်ရှိ ဓာတုပစ္စည်းများပါဝင်သည့် ယင်းဆပ်ပြာ များသည် မိခင်မှ သန္ဓေသားသို့ ရောက်ရှိခြင်းရှိ၊ မရှိ သုတေသီများ က ကြွက်များဖြင့် လေ့လာခဲ့သည်။

Triclocarban (TCC) ဟုခေါ်သော ဓာတုပစ္စည်းသည် အချင်း တိုင်မှသော်လည်းကောင်း၊ နို့တိုက်ခြင်းမှသော်လည်းကောင်း သန္ဓေ သားထဲသို့ ရောက်ရှိနိုင်သည်။

ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် သုတေသီများက ယင်း ဓာတုပစ္စည်းများနှင့် နေ့စဉ်ထိတွေ့မှုကြောင့် သန္ဓေသား၏ အရေး ကြီးသော ကိုယ်တွင်းအင်္ဂါများကို ထိခိုက်ပျက်စီးစေနိုင်ကြောင်း ပြောကြားသည်။

ဆေးပညာနယ်ပယ်တွင် အသုံးပြုသော TCC သည် ဇီဝဖြစ်စဉ် ကို ကမောက်ကမဖြစ်စေသဖြင့် ခန္ဓာကိုယ်၏သဘာဝအလျောက် အဆီချေဖျက်မှုကို နှေးကွေးစေသည်။

ဖွံ့ဖြိုးဆဲကာလအတွင်း TCC နှင့် ထိတွေ့မှုကြောင့် ဖွံံ့ဖြိုးဆဲ သန္ဓေသားကို ပြင်းထန်သည့် ကျန်းမာရေးအန္တရာယ်ကျရောက်စေ နိုင်သည်။

အမေရိကန်တွင် ဗက်တီးရီးယား ကာကွယ်ရေး ဓာတုပစ္စည်း များသည် ဗက်တီးရီးယားများကို ထိရောက်စွာသေဆုံးစေနိုင်ခြင်း မရှိကြောင်း အာဏာပိုင်များက ပြောကာ ၁၉ မျိုး အထိအသုံးပြုခွင့် တားမြစ်ထားသည်။

ဆန်ဖရန်စစ္စကို တက္ကသိုလ်၏ လေ့လာမှုတစ်ရပ်ကလည်း ဗက်တီးရီးယား ကာကွယ်ရေးဆပ်ပြာများသည် ရောဂါပိုးမွှားများကို သေဆုံးစေနိုင်ခြင်း မရှိ၊ အသုံးမဝင်ဟု ဇွန်လက ဖော်ပြခဲ့သည်။

ယင်းကဲ့သို့ ထုတ်ကုန်များတွင်ပါဝင်သည့် ဓာတုပစ္စည်းများ သည်  ကောင်းကျိုးထက်ဆိုးကျိုးသာ ပိုဖြစ်စေကြောင်း သိပ္ပံပညာ ရှင် ၂၀၀ ကျော်က အထောက်အထားနှင့်တကွ ပြထားသည်။

ယခင်လေ့လာမှုများတွင် ဗက်တီးရီးယားများ သေဆုံးစေနိုင် သည်ဟု ကြော်ငြာထားသော ဆပ်ပြာများသည် ဆပ်ပြာတိုက်ပြီး ရေဆေးချလိုက်သည့် အတောအတွင်း ပိုးမွှားများကို သေဆုံးစေနိုင် ခြင်းမရှိကြောင်း သုတေသီများက ဖော်ပြထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top