လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ဟင္းရဲ႕အေရာင္အဆင္း၊ အနံ႔၊ အရသာပိုမိုထူးကဲေကာင္းမြန္ဖုိ႔အတြက္ ငရုတ္သီးက အိမ္ရွင္မတိုင္းရဲ႕လက္စြဲပါပဲ။ ငရုတ္သီးမႈန္႔၊ ငရုတ္သီးမွည့္၊ ငရုတ္ခ်ဥ္ရည္၊ ငရုတ္သီးစိမ္းစတာေတြ အမ်ိဳးမ်ိဳးရွိတဲ့အထဲကမွ ငရုတ္သီးစိမ္းက ဟင္းရဲ႕အရသာကို ပိုမိုေကာင္းမြန္ေစၿပီး က်န္းမာေရးအတြက္လည္း အေထာက္အကူျပဳတာကို ေတြ႔ရပါတယ္။ အစားအေသာက္ပ်က္ေနသူမ်ားနဲ႔ နလန္ထခါစသူေတြအေနနဲ႔ ခံတြင္းပ်က္ခ်ိန္မွာ ငရုတ္သီးစိမ္းကို စားသံုးေပးမယ္ဆိုရင္ လွ်ာေပၚကအရသာခံဖုေတြကို ႏိုးဆြေပးသလိုျဖစ္ေစတာေၾကာင့္ အစာစားခ်င္စိတ္ကို ျပန္လည္ျဖစ္ေပၚေစပါတယ္။ ဒါ့အျပင္ ငရုတ္သီးစိမ္းရဲ႕ က်န္းမာေရးေကာင္းက်ိဳးမ်ားကလည္း အံ့မခမ္းပါပဲေနာ္။ တန္ေဆးလြန္ေဘး ဆိုတဲ့အတိုင္း အလြန္အကၽြံမစားသံုးမိဖုိ႔ပဲ လိုပါတယ္။
(၁) ေရာဂါပိုးမႊားမ်ားကိုခုခံႏိုင္စြမ္းအားရွိပါတယ္
ခႏၶာကုိယ္ကိုဒုကၡေပးမယ့္ ေရာဂါပိုးမႊားမ်ားဝင္ေရာက္မႈကို ခုခံေပးႏိုင္တာေၾကာင့္ ေသြးျဖဴဥအားေကာင္းေစမယ့္ အစားအေသာက္မ်ားကို စားသံုးဖုိ႔လိုပါတယ္။ ငရုတ္သီးစိမ္းမွာပါဝင္တဲ့ ဗီတာမင္စီဓာတ္က ေသြးျဖဴဥမ်ားကို အားေကာင္းေစတာေၾကာင့္ ေရာဂါပိုးဝင္ေရာက္မႈကို ဟန္႔တားေပးႏိုင္ပါတယ္။
(၂) အစာေခ်ဖ်က္မႈေကာင္းမြန္ေစပါတယ္
ငရုတ္သီးစိမ္းကိုဝါးစားလိုက္တဲ့အခါမွာ သြားရည္ေတြထြက္လာပါတယ္။ ဒီသြားရည္ေတြက အစာေခ်ဖ်က္စနစ္ကို ေကာင္းမြန္ေစၿပီး အစာေၾကလြယ္ေစပါတယ္။
(၃) သံဓာတ္အားျဖည့္ေပးပါတယ္
ခႏၶာကိုယ္တြင္းက ဗီတာမင္စီဓာတ္ျပည့္ဝေနမွ အစာအာဟာရမ်ားကို စုပ္ယူႏိုင္စြမ္းရွိတာပါ။ ငရုတ္သီးစိမ္းက ဗီတာမင္ဓာတ္ျပည့္ဝတဲ့အတြက္ေၾကာင့္ အစာအာဟာရစုပ္ယူႏိုင္ဖုိ႔နဲ႔ သံဓာတ္အားေကာင္းေစဖို႔ အေထာက္အပံ့ျဖစ္ေစပါတယ္။
(၄) ဝိတ္က်ေစပါတယ္
ခႏၶာကိုယ္တြက္ဆိုးက်ိဳးျဖစ္ေစမယ့္ အဆီပိုမ်ားကို ဖယ္ရွားေပးႏိုင္ၿပီး ကယ္လိုရီေလာင္ကၽြမ္းေစပါတယ္။ ဝိတ္ခ်ေနသူမ်ားအေနနဲ႔ diet plan ထဲမွာ ငရုတ္သီးစိမ္းကို ထည့္သြင္းစားသံုးသင့္ပါတယ္ေနာ္။
(၅) ဝမ္းမွန္ေစပါတယ္
ငရုတ္သီးစိမ္းမွာပါဝင္တဲ့ အမွ်င္ဓာတ္က ဝမ္းခ်ဳပ္သူမ်ားအတြက္ သင့္ေလ်ာ္ပါတယ္။ ဝမ္းမွန္ေစၿပီး အူလမ္းေၾကာင္းကို သန္႔ရွင္းေစတာေၾကာင့္ ငရုတ္သီးစိမ္းက တကယ့္ကိုက်န္းမာေရးအတြက္ အေထာက္အကူျပဳတာ ေတြ႔ရမွာပါေနာ္။
(၆) ဆီးခ်ိဳေရာဂါကာကြယ္ေပးပါတယ္
ငရုတ္သီးစိမ္းက ခႏၶာကိုယ္ကိုဒုကၡေပးမယ့္ သၾကားဓာတ္၊ ကိုလက္စထေရာကို ေလ်ာ့ခ်ေပးႏိုင္တာေၾကာင့္ ဆီးခ်ိဳ၊ ေသြးခ်ိဳေရာဂါျဖစ္ျခင္းမွ ကာကြယ္ေပးပါတယ္။ ဒါ့အျပင္ ခႏၶာကိုယ္တြင္းက လိုအပ္တဲ့သၾကားဓာတ္ကိုလည္း ထိန္းညွိေပးႏိုင္တာေၾကာင့္ ဆီးခ်ိဳသမားမ်ား ငရုတ္သီးစိမ္းကို စားသံုးေပးသင့္ပါတယ္။
(၇) အဖ်ားပိုးကိုတြန္းလွန္ေပးပါတယ္
ပိုးမႊားမ်ားကို တြန္းလွန္ႏိုင္တဲ့ အက်ိဳးေက်းဇူးမ်ားစြာပါဝင္တာကလည္း ငရုတ္သီးစိမ္းပါပဲ။ ကိုယ္ခံအားနည္းခ်ိန္မွာ အဖ်ားပိုးအလြယ္တကူဝင္ေရာက္မႈကို ဟန္႔တားေပးႏိုင္ဖို႔အတြက္ ငရုတ္သီးစိမ္းကို စားသံုးေပးသင့္ပါတယ္ေနာ္။
(၈) စိတ္ဖိစီးမႈေလ်ာ့ပါးေစပါတယ္
စိတ္ဓာတ္က်ျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္းနဲ႔ စိတ္ညစ္သူမ်ားအေနနဲ႔ ငရုတ္သီးစိမ္းပါဝင္တဲ့ အစားအစာကို စားသံုးေပးဖုိ႔ လိုပါတယ္။ ငရုတ္သီးစိမ္းက ေဟာ္မုန္းဓာတ္ကုိ ထိန္းညွိေပးႏိုင္ပါတယ္။
(၉) အသားအေရလွပေစပါတယ္
အသားအေရစိုျပည္လွပေစဖုိ႔ လိုအပ္တဲ့ပရိုတိန္းဓာတ္မ်ားကို ငရုတ္သီးစိမ္းက ေပးစြမ္းႏုိင္ပါတယ္။ ငရုတ္သီးစိမ္းမွာပါဝင္တဲ့ ပရုိတိန္းဓာတ္မ်ားနဲ႔ ဗီတာမင္စီဓာတ္က အသားအေရလွပဖုိ႔အတြက္ မ်ားစြာအေထာက္အကူျဖစ္ေစတာကို ေတြ႔ရပါတယ္။
(၁၀) ဆံပင္သန္ေစပါတယ္
ငရုတ္သီးစိမ္းက ခႏၶာကို္ယ္တြင္းျဖစ္စဥ္မ်ားကို ပံုမွန္အတိုင္းလည္ပတ္ေစၿပီး ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစပါတယ္။ ဒါ့အျပင္ ဦးေရျပားတစ္ဝိုက္ကိုလည္း ေသြးလည္ပတ္မႈ ေကာင္းမြန္ေစတာေၾကာင့္ ဆံပင္သန္ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နန္း(ေရႊအင္းေလး)

#Unicode Version#
ဟင်းရဲ့အရောင်အဆင်း၊ အနံ့၊ အရသာပိုမိုထူးကဲကောင်းမွန်ဖို့အတွက် ငရုတ်သီးက အိမ်ရှင်မတိုင်းရဲ့လက်စွဲပါပဲ။ ငရုတ်သီးမှုန့်၊ ငရုတ်သီးမှည့်၊ ငရုတ်ချဉ်ရည်၊ ငရုတ်သီးစိမ်းစတာတွေ အမျိုးမျိုးရှိတဲ့အထဲကမှ ငရုတ်သီးစိမ်းက ဟင်းရဲ့အရသာကို ပိုမိုကောင်းမွန်စေပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတာကို တွေ့ရပါတယ်။ အစားအသောက်ပျက်နေသူများနဲ့ နလန်ထခါစသူတွေအနေနဲ့ ခံတွင်းပျက်ချိန်မှာ ငရုတ်သီးစိမ်းကို စားသုံးပေးမယ်ဆိုရင် လျှာပေါ်ကအရသာခံဖုတွေကို နိုးဆွပေးသလိုဖြစ်စေတာကြောင့် အစာစားချင်စိတ်ကို ပြန်လည်ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ငရုတ်သီးစိမ်းရဲ့ ကျန်းမာရေးကောင်းကျိုးများကလည်း အံ့မခမ်းပါပဲနော်။ တန်ဆေးလွန်ဘေး ဆိုတဲ့အတိုင်း အလွန်အကျွံမစားသုံးမိဖို့ပဲ လိုပါတယ်။
(၁) ရောဂါပိုးမွှားများကိုခုခံနိုင်စွမ်းအားရှိပါတယ်
ခန္ဓာကိုယ်ကိုဒုက္ခပေးမယ့် ရောဂါပိုးမွှားများဝင်ရောက်မှုကို ခုခံပေးနိုင်တာကြောင့် သွေးဖြူဥအားကောင်းစေမယ့် အစားအသောက်များကို စားသုံးဖို့လိုပါတယ်။ ငရုတ်သီးစိမ်းမှာပါဝင်တဲ့ ဗီတာမင်စီဓာတ်က သွေးဖြူဥများကို အားကောင်းစေတာကြောင့် ရောဂါပိုးဝင်ရောက်မှုကို ဟန့်တားပေးနိုင်ပါတယ်။
(၂) အစာချေဖျက်မှုကောင်းမွန်စေပါတယ်
ငရုတ်သီးစိမ်းကိုဝါးစားလိုက်တဲ့အခါမှာ သွားရည်တွေထွက်လာပါတယ်။ ဒီသွားရည်တွေက အစာချေဖျက်စနစ်ကို ကောင်းမွန်စေပြီး အစာကြေလွယ်စေပါတယ်။
(၃) သံဓာတ်အားဖြည့်ပေးပါတယ်
ခန္ဓာကိုယ်တွင်းက ဗီတာမင်စီဓာတ်ပြည့်ဝနေမှ အစာအာဟာရများကို စုပ်ယူနိုင်စွမ်းရှိတာပါ။ ငရုတ်သီးစိမ်းက ဗီတာမင်ဓာတ်ပြည့်ဝတဲ့အတွက်ကြောင့် အစာအာဟာရစုပ်ယူနိုင်ဖို့နဲ့ သံဓာတ်အားကောင်းစေဖို့ အထောက်အပံ့ဖြစ်စေပါတယ်။
(၄) ဝိတ်ကျစေပါတယ်
ခန္ဓာကိုယ်တွက်ဆိုးကျိုးဖြစ်စေမယ့် အဆီပိုများကို ဖယ်ရှားပေးနိုင်ပြီး ကယ်လိုရီလောင်ကျွမ်းစေပါတယ်။ ဝိတ်ချနေသူများအနေနဲ့ diet plan ထဲမှာ ငရုတ်သီးစိမ်းကို ထည့်သွင်းစားသုံးသင့်ပါတယ်နော်။
(၅) ဝမ်းမှန်စေပါတယ်
ငရုတ်သီးစိမ်းမှာပါဝင်တဲ့ အမျှင်ဓာတ်က ဝမ်းချုပ်သူများအတွက် သင့်လျော်ပါတယ်။ ဝမ်းမှန်စေပြီး အူလမ်းကြောင်းကို သန့်ရှင်းစေတာကြောင့် ငရုတ်သီးစိမ်းက တကယ့်ကိုကျန်းမာရေးအတွက် အထောက်အကူပြုတာ တွေ့ရမှာပါနော်။
(၆) ဆီးချိုရောဂါကာကွယ်ပေးပါတယ်
ငရုတ်သီးစိမ်းက ခန္ဓာကိုယ်ကိုဒုက္ခပေးမယ့် သကြားဓာတ်၊ ကိုလက်စထရောကို လျော့ချပေးနိုင်တာကြောင့် ဆီးချို၊ သွေးချိုရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်းက လိုအပ်တဲ့သကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုသမားများ ငရုတ်သီးစိမ်းကို စားသုံးပေးသင့်ပါတယ်။
(၇) အဖျားပိုးကိုတွန်းလှန်ပေးပါတယ်
ပိုးမွှားများကို တွန်းလှန်နိုင်တဲ့ အကျိုးကျေးဇူးများစွာပါဝင်တာကလည်း ငရုတ်သီးစိမ်းပါပဲ။ ကိုယ်ခံအားနည်းချိန်မှာ အဖျားပိုးအလွယ်တကူဝင်ရောက်မှုကို ဟန့်တားပေးနိုင်ဖို့အတွက် ငရုတ်သီးစိမ်းကို စားသုံးပေးသင့်ပါတယ်နော်။
(၈) စိတ်ဖိစီးမှုလျော့ပါးစေပါတယ်
စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးမှုများခြင်းနဲ့ စိတ်ညစ်သူများအနေနဲ့ ငရုတ်သီးစိမ်းပါဝင်တဲ့ အစားအစာကို စားသုံးပေးဖို့ လိုပါတယ်။ ငရုတ်သီးစိမ်းက ဟော်မုန်းဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။
(၉) အသားအရေလှပစေပါတယ်
အသားအရေစိုပြည်လှပစေဖို့ လိုအပ်တဲ့ပရိုတိန်းဓာတ်များကို ငရုတ်သီးစိမ်းက ပေးစွမ်းနိုင်ပါတယ်။ ငရုတ်သီးစိမ်းမှာပါဝင်တဲ့ ပရိုတိန်းဓာတ်များနဲ့ ဗီတာမင်စီဓာတ်က အသားအရေလှပဖို့အတွက် များစွာအထောက်အကူဖြစ်စေတာကို တွေ့ရပါတယ်။
(၁၀) ဆံပင်သန်စေပါတယ်
ငရုတ်သီးစိမ်းက ခန္ဓာကိုယ်တွင်းဖြစ်စဉ်များကို ပုံမှန်အတိုင်းလည်ပတ်စေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဦးရေပြားတစ်ဝိုက်ကိုလည်း သွေးလည်ပတ်မှု ကောင်းမွန်စေတာကြောင့် ဆံပင်သန်စေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: နန်း(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top