ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

မိန္းကေလးေတြကအရင္စၿပီး ပရုိပုိ႔စ္မလုပ္ရဘူးလုိ႔ ဘယ္သူကေျပာထားလဲ။ အခ်စ္နဲ႔ေတြ႕ထိလုိက္ရင္ အရာရာရင္ဆုိင္ရဲတဲ့ သတိၱရွိလာလုိ႔ မိန္းကေလးဘက္ကေနစၿပီး ခ်စ္ခြင့္ပန္တာမ်ိဳးလဲ လုပ္လုိ႔ရပါတယ္။ အဲ့လုိ႔ အခ်စ္ရဲ႕ခုိင္းေစတာကုိ မလြန္ဆန္ႏုိင္လုိ႔ ခ်စ္သူေကာင္ေလးကုိ လက္ထပ္ခြင့္ေတာင္းလုိက္တဲ့ ခ်ီလီက မိန္းကေလးတစ္ဦးရဲ႕အျဖစ္ကေတာ့ ရုိမန္းတစ္ဆန္ဆန္ အဆံုးမသတ္ သြားခဲ့ရတာ ကုိ စိတ္မေကာင္းျဖစ္မိပါတယ္။

ခ်ီလီၿမိဳ႕ေတာ္ ဆန္တီရာဂုိရဲ႕ လူအမ်ားသြားလာေနတဲ့ လမ္းမေပၚမွာ ခ်စ္သူမိန္းကေလးတစ္ဦးက ခ်စ္သူေကာင္ေလးကုိ ေစ့စပ္လက္စြပ္နဲ႔ လက္ထပ္ခြင့္ေတာင္းဖုိ႔ အံအားသင့္ေစမယ့္ ပရုိပုိ႔စ္အထိမ္း အမွတ္တစ္ခုျပဳလုပ္ခဲ့ပါတယ္။ ရုပ္သံဖုိင္ထဲမွာေတာ့ အဲ့ဒီမိန္းကေလးက ပလက္ေဖာင္းေပၚမွာ ခ်စ္သူ ေကာင္ေလးေရွ႕ ဒူးေထာက္လွ်က္ ေစ့စပ္လက္စြပ္နဲ႔ လက္ထပ္ခြင့္ေတင္းဆုိေနခဲ့တာပါ။

မိန္းကေလးက စပိန္စကားနဲ႔ ခ်စ္သူေကာင္ေလးကုိ ခ်စ္သလား၊ လက္ထပ္မွာလား၊ သူမနဲ႔ အတူေန ထုိင္မလားဆုိတဲ့ စကားေတြကုိ လူလည္ေခါင္ အက်ယ္ႀကီး ေအာ္ေမးေနၿပီး ခ်စ္သူေကာင္ ေလးကေတာ့ ေကာင္မေလးကုိေခါင္းတညိမ့္ညိမ့္နဲ႔ ရက္စ္ဆုိတဲ့ တစ္လုံးတည္းကုိပဲဆုိခဲ့ၿပီး ေနာက္ဆံုး မိန္းကေလးရဲ႕ လုပ္ရပ္ကုိအရွက္ႀကီးစြာျဖစ္ခဲ့ၿပီးေတာ့ ခ်စ္သူမိန္းကေလးကုိ လမ္းလည္ေခါင္ပဲ တစ္ဦးတည္း ထားရစ္ခဲ့ပါေတာ့တယ္။ ခ်စ္သူမိန္းကေလးခမ်ာ အရွက္တကြဲျဖစ္ၿပီး လမ္းလည္ေခါင္ေအာ္ဟစ္ ငုိေၾကြးရင္း က်န္ရစ္ေန ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သဒၵါခ်ိဳ(ေရႊအင္းေလး)

#Unicode Version#
မိန်းကလေးတွေကအရင်စပြီး ပရိုပို့စ်မလုပ်ရဘူးလို့ ဘယ်သူကပြောထားလဲ။ အချစ်နဲ့တွေ့ထိလိုက်ရင် အရာရာရင်ဆိုင်ရဲတဲ့ သတ္တိရှိလာလို့ မိန်းကလေးဘက်ကနေစပြီး ချစ်ခွင့်ပန်တာမျိုးလဲ လုပ်လို့ရပါတယ်။ အဲ့လို့ အချစ်ရဲ့ခိုင်းစေတာကို မလွန်ဆန်နိုင်လို့ ချစ်သူကောင်လေးကို လက်ထပ်ခွင့်တောင်းလိုက်တဲ့ ချီလီက မိန်းကလေးတစ်ဦးရဲ့အဖြစ်ကတော့ ရိုမန်းတစ်ဆန်ဆန် အဆုံးမသတ် သွားခဲ့ရတာ ကို စိတ်မကောင်းဖြစ်မိပါတယ်။

ချီလီမြို့တော် ဆန်တီရာဂိုရဲ့ လူအများသွားလာနေတဲ့ လမ်းမပေါ်မှာ ချစ်သူမိန်းကလေးတစ်ဦးက ချစ်သူကောင်လေးကို စေ့စပ်လက်စွပ်နဲ့ လက်ထပ်ခွင့်တောင်းဖို့ အံအားသင့်စေမယ့် ပရိုပို့စ်အထိမ်း အမှတ်တစ်ခုပြုလုပ်ခဲ့ပါတယ်။ ရုပ်သံဖိုင်ထဲမှာတော့ အဲ့ဒီမိန်းကလေးက ပလက်ဖောင်းပေါ်မှာ ချစ်သူ ကောင်လေးရှေ့ ဒူးထောက်လျှက် စေ့စပ်လက်စွပ်နဲ့ လက်ထပ်ခွင့်တေင်းဆိုနေခဲ့တာပါ။

မိန်းကလေးက စပိန်စကားနဲ့ ချစ်သူကောင်လေးကို ချစ်သလား၊ လက်ထပ်မှာလား၊ သူမနဲ့ အတူနေ ထိုင်မလားဆိုတဲ့ စကားတွေကို လူလည်ခေါင် အကျယ်ကြီး အော်မေးနေပြီး ချစ်သူကောင် လေးကတော့ ကောင်မလေးကိုခေါင်းတညိမ့်ညိမ့်နဲ့ ရက်စ်ဆိုတဲ့ တစ်လုံးတည်းကိုပဲဆိုခဲ့ပြီး နောက်ဆုံး မိန်းကလေးရဲ့ လုပ်ရပ်ကိုအရှက်ကြီးစွာဖြစ်ခဲ့ပြီးတော့ ချစ်သူမိန်းကလေးကို လမ်းလည်ခေါင်ပဲ တစ်ဦးတည်း ထားရစ်ခဲ့ပါတော့တယ်။ ချစ်သူမိန်းကလေးခမျာ အရှက်တကွဲဖြစ်ပြီး လမ်းလည်ခေါင်အော်ဟစ် ငိုကြွေးရင်း ကျန်ရစ်နေ ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သဒ္ဒါချို(ရွှေအင်းလေး)


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top