ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

စစ္ကိုင္းတိုင္းေဒသႀကီး မံုရြာၿမိဳ႕ ကမၼေက်းရြာႏွင့္ မံုရြာ-သာစည္-ေနာင္ႀကီးအိုင္လမ္း အဝိုင္းပတ္ အၾကား၊ ၿမိဳ႕ပတ္လမ္းေပၚမွာ ၾသဂုတ္ ၆ ရက္ေန႔ ညေနပိုင္းက လင္မယားခ်င္း အဆင္မေျပ ျဖစ္ရာကေန ဇနီးျဖစ္သူကို ဓားနဲ႔ လွီး၊ မီး႐ႈိ႕မႈျဖစ္ပြားခဲ့တယ္လို႔ ျပည္ေတာ္သာရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

ဓားနဲ႔လွီး မီး႐ိႈ႕ခံရသူ အမ်ိဳးသမီးမွာ မၿဖိဳးၿဖိဳးအိ (ခ) ျမတ္ႏိုး (၁၇ႏွစ္)ျဖစ္ၿပီး လင္မယားခ်င္း အဆင္မေျပရာကေန ဓာတ္ဆီေလာင္း၊ မီး႐ႈိ႕တဲ့အျပင္ လည္ပင္းနဲ႔ လက္ေကာက္ဝတ္တို႔မွာလည္း ဓားနဲ႔ လွီးျဖတ္ထားလို႔ လက္ေကာက္ဝတ္မွာ ၂ လက္မခန္႔ျပတ္ရွဒဏ္ရာ ၁ခ်က္၊ လည္ပင္းမွာ ၅ လက္မခန္႔ ျပတ္ရွဒဏ္ရာ ၁ခ်က္၊ ဝဲယာ လက္၊ ဝဲေျခသလံုးတို႕မွာ မီးေလာင္ဒဏ္ရာေတြရရွိခဲ့ပါတယ္။

ျပည္ေတာ္သာရပ္ကြက္ အုပ္ခ်ဳပ္ေရးမႈး ဦးရဲထြဋ္က “အဲဒီမွာ တဲႀကီးကုန္း အုပ္ခ်ဳပ္ေရးမႉးရဲ႕သားက မံုရြာကေန ၿမိဳ႕ပတ္လမ္းအတိုင္းရြာ အျပန္မွာ ေတြ႔တာ။ ဆိုင္ကယ္ရပ္ၿပီး ကူဖို႔လုပ္ေတာ့ ဓားကိုင္ထားတဲ့သူက သူ႕ကိုပါ ရန္ရွာတယ္။ လိုက္တယ္။ အဲဒါကေန သူကထြက္ေျပးၿပီး အေဝးေရာက္မွ ဦးေလးကို ဖုန္းလွမ္းဆက္တာ။ မေန႔က ညေန ၅ နာရီ ၁၀ မိနစ္ေလာက္ကေပါ့ ဦးေလးက သာစည္ေစ်းမွာ ေစ်းဝယ္သြားေနတာ။ အဲဒါကေန ဦးေလးကလည္း သက္ဆိုင္ရာ နယ္ေျမရဲ၊ ကမၼအုပ္ခ်ဳပ္ေရးမႉးေတြကို အေၾကာင္းၾကားၿပီး သြားၾကတာေပါ့။ သူတို႔က ေဒသခံေတြ မဟုတ္ဘူး။ လြင္ထံုးဖိုမွာ အလုပ္လာလုပ္ေနၾကတာ။ ေကာင္ေလးက အရာေတာ္နယ္က၊ ေကာင္မေလးက တမူးနယ္က။ သူတို႔ခ်င္း အဆင္မေျပရာကေန ခုလိုျဖစ္တာပဲ။”လို႔ ေျပာပါတယ္။

ဓားနဲ႔လွီးမီး႐ိႈ႕ခံရသူ အမ်ိဳးသမီးကို ျပည္ေတာ္သာရပ္ကြက္ ေစတနာသုခ လူမႈကူညီေရးအသင္းကားနဲ႔ မံုရြာေဆး႐ုံႀကီး အေရးေပၚ ဌာနကို ပို႔ေဆာင္ကာ ကုသမႈေပးေနတယ္လုိ႔သိရပါတယ္။

အခုလို ဓားလွီး၊ မီး႐ိႈ႕ခဲ့သူ ေမာင္တင္ (ခ) တင္ေဌး (၂၅ ႏွစ္ခန္႔)ကို တာဝန္ရွိသူေတြက ဝိုင္းဝန္းဖမ္းဆီးခဲ့ၿပီး ျပည္ေတာ္သာရပ္ကြက္အုပ္ခ်ဳပ္ေရးမႈး ဦးရဲထြဋ္က တရားလုိျပဳလုပ္ကာ (ပ) ၅၆၆/၂၀၁၇၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၄၃၆/၃၂၆ အရ မံုရြာနယ္ေျမရဲစခန္းမွာ အမႈဖြင့္အေရးယူ ေဆာင္ရြက္ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version#
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကမ္မကျေးရွာနှင့် မုံရွာ-သာစည်-နောင်ကြီးအိုင်လမ်း အဝိုင်းပတ် အကြား၊ မြို့ပတ်လမ်းပေါ်မှာ သြဂုတ် ၆ ရက်နေ့ ညနေပိုင်းက လင်မယားချင်း အဆင်မပြေ ဖြစ်ရာကနေ ဇနီးဖြစ်သူကို ဓားနဲ့ လှီး၊ မီးရှို့မှုဖြစ်ပွားခဲ့တယ်လို့ ပြည်တော်သာရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဓားနဲ့လှီး မီးရှို့ခံရသူ အမျိုးသမီးမှာ မဖြိုးဖြိုးအိ (ခ) မြတ်နိုး (၁၇နှစ်)ဖြစ်ပြီး လင်မယားချင်း အဆင်မပြေရာကနေ ဓာတ်ဆီလောင်း၊ မီးရှို့တဲ့အပြင် လည်ပင်းနဲ့ လက်ကောက်ဝတ်တို့မှာလည်း ဓားနဲ့ လှီးဖြတ်ထားလို့ လက်ကောက်ဝတ်မှာ ၂ လက်မခန့်ပြတ်ရှဒဏ်ရာ ၁ချက်၊ လည်ပင်းမှာ ၅ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ချက်၊ ဝဲယာ လက်၊ ဝဲခြေသလုံးတို့မှာ မီးလောင်ဒဏ်ရာတွေရရှိခဲ့ပါတယ်။

ပြည်တော်သာရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးရဲထွဋ်က “အဲဒီမှာ တဲကြီးကုန်း အုပ်ချုပ်ရေးမှူးရဲ့သားက မုံရွာကနေ မြို့ပတ်လမ်းအတိုင်းရွာ အပြန်မှာ တွေ့တာ။ ဆိုင်ကယ်ရပ်ပြီး ကူဖို့လုပ်တော့ ဓားကိုင်ထားတဲ့သူက သူ့ကိုပါ ရန်ရှာတယ်။ လိုက်တယ်။ အဲဒါကနေ သူကထွက်ပြေးပြီး အဝေးရောက်မှ ဦးလေးကို ဖုန်းလှမ်းဆက်တာ။ မနေ့က ညနေ ၅ နာရီ ၁၀ မိနစ်လောက်ကပေါ့ ဦးလေးက သာစည်ဈေးမှာ ဈေးဝယ်သွားနေတာ။ အဲဒါကနေ ဦးလေးကလည်း သက်ဆိုင်ရာ နယ်မြေရဲ၊ ကမ္မအုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားပြီး သွားကြတာပေါ့။ သူတို့က ဒေသခံတွေ မဟုတ်ဘူး။ လွင်ထုံးဖိုမှာ အလုပ်လာလုပ်နေကြတာ။ ကောင်လေးက အရာတော်နယ်က၊ ကောင်မလေးက တမူးနယ်က။ သူတို့ချင်း အဆင်မပြေရာကနေ ခုလိုဖြစ်တာပဲ။”လို့ ပြောပါတယ်။

ဓားနဲ့လှီးမီးရှို့ခံရသူ အမျိုးသမီးကို ပြည်တော်သာရပ်ကွက် စေတနာသုခ လူမှုကူညီရေးအသင်းကားနဲ့ မုံရွာဆေးရုံကြီး အရေးပေါ် ဌာနကို ပို့ဆောင်ကာ ကုသမှုပေးနေတယ်လို့သိရပါတယ်။

အခုလို ဓားလှီး၊ မီးရှို့ခဲ့သူ မောင်တင် (ခ) တင်ဌေး (၂၅ နှစ်ခန့်)ကို တာဝန်ရှိသူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ပြည်တော်သာရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးရဲထွဋ်က တရားလိုပြုလုပ်ကာ (ပ) ၅၆၆/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၃၆/၃၂၆ အရ မုံရွာနယ်မြေရဲစခန်းမှာ အမှုဖွင့်အရေးယူ ဆောင်ရွက်နေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:DVB


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top