ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေအာင္သရဖူရုပ္ရွင္ထုတ္လုပ္ေရးမွ ထုတ္လုပ္သည့္ ဇာတ္ကားတစ္ကားသည္ တရားစဲြဆိုခံရမည့္ အေျခအေနႏွင့္ၾကံဳေနရေၾကာင္း သိရွိရသည္။

ေဇရဲထက္၊ ေက်ာ္ရဲေအာင္၊ စိုးျမတ္သူဇာႏွင့္ အိေခ်ာပိုတို႔ ပါ၀င္သရုပ္ေဆာင္ထားသည့္ ရုပ္ရွင္ဇာတ္ကားႀကီး တစ္ကားျဖစ္သည္။ ဇာတ္လမ္းဇာတ္အိမ္က်ယ္ျပန္႔သည္ဟု ဆိုရမည္ျဖစ္ၿပီး ေနဆန္း၊ သားညီ၊ ေက်ာ္ေက်ာ္၊ ဆုျမတ္ႏိုးဦး စသူတို႔ပါ ပါ၀င္သရုပ္ေဆာင္ထားသည္ကို ေတြ႔ရသည္။

ဒါရိုက္တာကလည္း အမ်ားႏွင့္မသက္ဆိုင္ေသာသူ အကယ္ဒမီဆုရွင္ ညီညီထြန္းလြင္ျဖစ္သည္ဟု သိရွိရပါသည္။ မင္းသမီး အိေခ်ာပိုႏွင့္ မင္းသား ေဇရဲထက္တုိ႔ကလည္း သူတို႔၏ ရိုက္ကြင္းပံုမ်ား တင္ထားခဲ့ဖူးသည္။

လူအမ်ားစိတ္၀င္စားမႈရွိသည့္ ဒီဇာတ္ကားဟာ စာေရးဆရာ၏ ခြင့္ျပဳခ်က္မရဟု ေဖ့စ္ဘုတ္ေပၚတြင္ အသံမ်ားထြက္ေပၚလာသည္။ ဇာတ္လမ္းဟာ စာေရးဆရာႀကီး ေမာင္သာရ၏ ဝတၳဳတစ္ခုျဖစ္ေၾကာင္း စာအုပ္အေဟာင္းတစ္အုပ္ႏွင့္အတူ တဲြၿပီး တင္ထားသည္ကိုေတြ႔ရသည္။

”ေအာင္ သရဖူ႐ုပ္ ႐ွင္ ထုတ္ လုပ္ ေရးသိသာရန္

လူႀကီးမင္ းတို႔ ႐ိုက္ ကူးသည္ ့စာ ေရးဆရာႀကီး ေမာင္ သာရ၏ ထမီကြၽတ္ ၍လႊတ္ လိုက္ သည္ ဇတ္ ကားအတြက္ စာ ေရးဆရာ၏ ခြင္ ့ျပဳခ်က္ မည္ သို႔မည္ ပံုရရိွထားပါသလဲဟု ေမးျမန္ းသည္ ကိုတိက်စြာျပန္ လည္ ေျဖၾကားျခင္ းမျပဳပဲဖုန္ းခ်သြားသည္ မွာအဘယ္ ေၾကာင္ ့ျဖစ္ သည္ ကို ေဒၚၾကည္ ႏွင္ းခိုင္ (0943145933)ကိုဆက္ သြယ္ ၍အ ေၾကာင္ းျပန္ ပါရန္ ႏွင္ ့အ ေၾကာင္ းမျပန္ ပါကဆရာႀကီး ေမာင္ သာရ၏ က်န္ ရစ္ သူသားသမီးမ်ားကတရားစြဲဆိုမည္ ျဖစ္ ေၾကာင္ းအသိ ေပးလိုက္ သည္

. ဦးတည္ ၾကည္ (+66861148076)‘‘ ဟု

စာေရးဆရာ၏ အသိုင္းအ၀ိုင္းဘက္မွဟု ယူဆရသူ တစ္ဦးက ေဖ့စ္ဘုတ္ေပၚတြင္ စာအုပ္မ်က္ႏွာဖံုးႏွင့္တကြ တင္ထားသည္ကို ေတြ႔ရသည္။

သို႔ေသာ္လည္း တရားစဲြမည္ဆိုသည့္ ပို႔စ္ကို ဇာတ္ကားတြင္ပါ၀င္သူ မင္းသားေဇရဲထက္က ျပန္လည္မွ်ေ၀ထားၿပီး သူေရးသားထားေသာ စာက ထူးဆန္းလွသည္ ”အရမ္းေကာင္းၿပီးပညာေပးထားေသာကားေလးအရမ္းႀကိဳးစားထားေသာကားေလး” ဟုေရးသားထားသည္ကို ေတြ႔ရသည္။

ဘယ္လိုဘယ္ပံု ျဖစ္လာအံုးမလဲဆိုတာေတာ့ အနည္းငယ္ေစာင့္ၾကည့္ရမည္ျဖစ္သည္။ တစ္ခါတေလ ျမန္မာ့ရုပ္ရွင္ထုတ္လုပ္ေရးမ်ားက ဇာတ္ကားကို လူစိတ္စားမႈမ်ားလာေအာင္ ႀကိဳတင္ၿပီး နည္းအမ်ိဳးမ်ိဳးျဖင့္ လွည့္ပတ္ႀကိဳးစားတာမ်ိဳးလည္း ရွိတတ္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  PannPwint

#Unicode Version#

အောင်သရဖူရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်သည့် ဇာတ်ကားတစ်ကားသည် တရားစွဲဆိုခံရမည့် အခြေအနေနှင့်ကြုံနေရကြောင်း သိရှိရသည်။

ဇေရဲထက်၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာနှင့် အိချောပိုတို့ ပါဝင်သရုပ်ဆောင်ထားသည့် ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားဖြစ်သည်။ ဇာတ်လမ်းဇာတ်အိမ်ကျယ်ပြန့်သည်ဟု ဆိုရမည်ဖြစ်ပြီး နေဆန်း၊ သားညီ၊ ကျော်ကျော်၊ ဆုမြတ်နိုးဦး စသူတို့ပါ ပါဝင်သရုပ်ဆောင်ထားသည်ကို တွေ့ရသည်။

ဒါရိုက်တာကလည်း အများနှင့်မသက်ဆိုင်သောသူ အကယ်ဒမီဆုရှင် ညီညီထွန်းလွင်ဖြစ်သည်ဟု သိရှိရပါသည်။ မင်းသမီး အိချောပိုနှင့် မင်းသား ဇေရဲထက်တို့ကလည်း သူတို့၏ ရိုက်ကွင်းပုံများ တင်ထားခဲ့ဖူးသည်။

လူအများစိတ်ဝင်စားမှုရှိသည့် ဒီဇာတ်ကားဟာ စာရေးဆရာ၏ ခွင့်ပြုချက်မရဟု ဖေ့စ်ဘုတ်ပေါ်တွင် အသံများထွက်ပေါ်လာသည်။ ဇာတ်လမ်းဟာ စာရေးဆရာကြီး မောင်သာရ၏ ဝတ္ထုတစ်ခုဖြစ်ကြောင်း စာအုပ်အဟောင်းတစ်အုပ်နှင့်အတူ တွဲပြီး တင်ထားသည်ကိုတွေ့ရသည်။

”အောင် သရဖူရုပ် ရှင် ထုတ် လုပ် ရေးသိသာရန်

လူကြီးမင် းတို့ ရိုက် ကူးသည့်စာ ရေးဆရာကြီး မောင် သာရ၏ ထမီကျွတ် ၍လွှတ် လိုက် သည် ဇတ် ကားအတွက် စာ ရေးဆရာ၏ ခွင့်ပြုချက် မည် သို့မည် ပုံရရှိထားပါသလဲဟု မေးမြန် းသည် ကိုတိကျစွာပြန် လည် ဖြေကြားခြင် းမပြုပဲဖုန် းချသွားသည် မှာအဘယ် ကြောင့်ဖြစ် သည် ကို ဒေါ်ကြည် နှင် းခိုင် (0943145933)ကိုဆက် သွယ် ၍အ ကြောင် းပြန် ပါရန် နှင့်အ ကြောင် းမပြန် ပါကဆရာကြီး မောင် သာရ၏ ကျန် ရစ် သူသားသမီးများကတရားစွဲဆိုမည် ဖြစ် ကြောင် းအသိ ပေးလိုက် သည်

. ဦးတည် ကြည် (+66861148076)‘‘ ဟု

စာရေးဆရာ၏ အသိုင်းအဝိုင်းဘက်မှဟု ယူဆရသူ တစ်ဦးက ဖေ့စ်ဘုတ်ပေါ်တွင် စာအုပ်မျက်နှာဖုံးနှင့်တကွ တင်ထားသည်ကို တွေ့ရသည်။

သို့သော်လည်း တရားစွဲမည်ဆိုသည့် ပို့စ်ကို ဇာတ်ကားတွင်ပါဝင်သူ မင်းသားဇေရဲထက်က ပြန်လည်မျှဝေထားပြီး သူရေးသားထားသော စာက ထူးဆန်းလှသည် ”အရမ်းကောင်းပြီးပညာပေးထားသောကားလေးအရမ်းကြိုးစားထားသောကားလေး” ဟုရေးသားထားသည်ကို တွေ့ရသည်။

ဘယ်လိုဘယ်ပုံ ဖြစ်လာအုံးမလဲဆိုတာတော့ အနည်းငယ်စောင့်ကြည့်ရမည်ဖြစ်သည်။ တစ်ခါတလေ မြန်မာ့ရုပ်ရှင်ထုတ်လုပ်ရေးများက ဇာတ်ကားကို လူစိတ်စားမှုများလာအောင် ကြိုတင်ပြီး နည်းအမျိုးမျိုးဖြင့် လှည့်ပတ်ကြိုးစားတာမျိုးလည်း ရှိတတ်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:  PannPwint


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top