ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ဘာစီလိုနာအသင္း က ေဒါ့မြန္တိုက္စစ္မွဴး ဒမ္ဘီလီ ကို ကလပ္စံခ်ိန္တင္ ေျပာင္းေရႊ႕ ေၾကးျဖင့္ ေခၚယူရန္ နီးစပ္ေနၿပီ ျဖစ္ေသာ္လည္း သေဘာတူညီ ခ်က္မရရွိေသးဟု ေဒါ့မြန္အသင္း က ေျပာၾကားသည္။

ဘရာဇီးတိုက္စစ္မွဴး ေနမာ ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ယူ႐ို ၂၂၂ သန္းျဖင့္ ပီအက္စ္ဂ်ီသို႔ ေျပာင္းေရႊ႕့ၿပီးေနာက္ ဘာစီလိုနာက လီဗာပူးမွ ေကာ္တင္ဟိုႏွင့္ ဒမ္ဘီလီတို႔ကို ပစ္မွတ္ထားေန သည္။

ျပင္သစ္တိုက္စစ္မွဴး ဒမ္ဘီ လီ (၂၀) ႏွစ္ကုိ ဘာစီလိုနာက ပထမအႀကိမ္ ေခၚယူမႈကို ၾသဂုတ္လအေစာပိုင္းတြင္ ေဒါ့မြန္က ပယ္ခ်ခဲ့ၿပီး ယင္းကစားသမား ေလ့က်င့္ခန္းဆင္းရန္ ပ်က္ကြက္ခဲ့ျခင္းအတြက္ ေဒါ့မြန္က ၎ကို ဆိုင္းငံ့ခဲ့သည္။

‘‘သေဘာတူညီေရးလမ္း ေပၚေရာက္ေနၿပီလို႔ ကၽြန္ေတာ္ ေျပာႏုိင္ပါတယ္။ ဒါေပမဲ့ လမ္း ဆံုးေတာ့ မေရာက္ေသးပါဘူး’’ဟု ဂ်ာမန္အသင္း စီအီးအို ဟန္းဂ်ိဳ ခ်င္၀က္ဇ္ကီက သတင္းစာရွင္း လင္းပဲြတစ္ရပ္တြင္ ေျပာၾကား သည္။

အကယ္၍ ဒမ္ဘီလီသာ ဘာစီလိုနာသို႔ ေျပာင္းေရႊ႕ျဖစ္ခဲ့ပါ က ေနမာ၏ ေနာက္ ဒုတိယေစ်း အႀကီးဆံုး ကစားသမားျဖစ္လာ မည္ျဖစ္သည္။

ဒမ္ဘီလီသည္ လြန္ခဲ့ေသာ တစ္ႏွစ္က ျပင္သစ္ကလပ္ ရန္းနက္စ္အသင္းမွ ေဒါ့မြန္သို႔ ယူ႐ုိ ၁၅ သန္းျဖင့္ ေရာက္ရွိလာသူျဖစ္သည္။

ယမန္ႏွစ္က ဘြန္ဒက္စ္လီ ဂါတတိယေနရာရရွိခဲ့ေသာ ေဒါ့ မြန္အတြက္ ၁၀ ဂိုးသြင္းယူခဲ့ကာ ၂၁ ႀကိမ္ ဂိုးဖန္တီးခဲ့သည္။ ျပင္သစ္လက္ေရြးစင္အသင္းတြင္ ခုနစ္ႀကိမ္ ကစားထားၿပီး ဇြန္လက အဂၤလန္ကို ၃-၂ ဂိုးျဖင့္ႏုိင္ေသာ ပဲြ၌ ႏုိင္ငံအတြက္ ပထမဆံုးဂိုး စသြင္းခဲ့သည္။

-Ref:BBC/ESPN

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ဘာစီလိုနာအသင်း က ဒေါ့မွန်တိုက်စစ်မှူး ဒမ်ဘီလီ ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ ကြေးဖြင့် ခေါ်ယူရန် နီးစပ်နေပြီ ဖြစ်သော်လည်း သဘောတူညီ ချက်မရရှိသေးဟု ဒေါ့မွန်အသင်း က ပြောကြားသည်။

ဘရာဇီးတိုက်စစ်မှူး နေမာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းဖြင့် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ပြီးနောက် ဘာစီလိုနာက လီဗာပူးမှ ကော်တင်ဟိုနှင့် ဒမ်ဘီလီတို့ကို ပစ်မှတ်ထားနေ သည်။

ပြင်သစ်တိုက်စစ်မှူး ဒမ်ဘီ လီ (၂၀) နှစ်ကို ဘာစီလိုနာက ပထမအကြိမ် ခေါ်ယူမှုကို သြဂုတ်လအစောပိုင်းတွင် ဒေါ့မွန်က ပယ်ချခဲ့ပြီး ယင်းကစားသမား လေ့ကျင့်ခန်းဆင်းရန် ပျက်ကွက်ခဲ့ခြင်းအတွက် ဒေါ့မွန်က ၎င်းကို ဆိုင်းငံ့ခဲ့သည်။

‘‘သဘောတူညီရေးလမ်း ပေါ်ရောက်နေပြီလို့ ကျွန်တော် ပြောနိုင်ပါတယ်။ ဒါပေမဲ့ လမ်း ဆုံးတော့ မရောက်သေးပါဘူး’’ဟု ဂျာမန်အသင်း စီအီးအို ဟန်းဂျို ချင်ဝက်ဇ်ကီက သတင်းစာရှင်း လင်းပွဲတစ်ရပ်တွင် ပြောကြား သည်။

အကယ်၍ ဒမ်ဘီလီသာ ဘာစီလိုနာသို့ ပြောင်းရွှေ့ဖြစ်ခဲ့ပါ က နေမာ၏ နောက် ဒုတိယဈေး အကြီးဆုံး ကစားသမားဖြစ်လာ မည်ဖြစ်သည်။

ဒမ်ဘီလီသည် လွန်ခဲ့သော တစ်နှစ်က ပြင်သစ်ကလပ် ရန်းနက်စ်အသင်းမှ ဒေါ့မွန်သို့ ယူရို ၁၅ သန်းဖြင့် ရောက်ရှိလာသူဖြစ်သည်။

ယမန်နှစ်က ဘွန်ဒက်စ်လီ ဂါတတိယနေရာရရှိခဲ့သော ဒေါ့ မွန်အတွက် ၁၀ ဂိုးသွင်းယူခဲ့ကာ ၂၁ ကြိမ် ဂိုးဖန်တီးခဲ့သည်။ ပြင်သစ်လက်ရွေးစင်အသင်းတွင် ခုနစ်ကြိမ် ကစားထားပြီး ဇွန်လက အင်္ဂလန်ကို ၃-၂ ဂိုးဖြင့်နိုင်သော ပွဲ၌ နိုင်ငံအတွက် ပထမဆုံးဂိုး စသွင်းခဲ့သည်။

-Ref:BBC/ESPN


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top