လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ေဒါက္ျမင့္ဖိနပ္ စီးျခင္းေၾကာင့္ ေက်ာ႐ိုးမွေန၍ ေျခဖ်ားအထိ ခႏၶာကိုယ္ဖြဲ႕စည္းမႈဆိုင္ရာ ျပႆနာမ်ား ျဖစ္ပြားႏိုင္သည့္ အႏၲရာယ္ျမင့္မားၿပီး ထိခိုက္ဒဏ္ရာရႏိုင္သည့္ အႏၲရာယ္လည္း ျမင့္မား ေၾကာင္း ေလ့လာမႈမ်ားစြာက ေဖာ္ျပသည္။

ယင္းေလ့လာမႈအရ ေဒါက္ျမင့္ဖိနပ္စီးျခင္းက အမ်ိဳးသမီးမ်ား က အမ်ိဳးသားမ်ားအေပၚ ဆြဲေဆာင္ႏိုင္မႈ ပိုမ်ားၿပီး ခႏၶာကိုယ္အလွ ကို ေပၚလြင္ေစေသာေၾကာင့္ လူမႈေရးအက်ိဳးေက်းဇူးမ်ားရွိေသာ္ လည္း က်န္းမာေရးဆိုင္ရာ ဆုတ္ယုတ္မႈမ်ား ႀကံဳေတြ႕ႏိုင္သည္။

အခ်ိဳ႕ေသာ ႏိုင္ငံမ်ားတြင္ ကုမၸဏီမ်ားက ၎တို႔၏ အမ်ိဳးသမီး ဝန္ထမ္းမ်ားကို ေဒါက္ျမင့္ဖိနပ္မ်ား အတင္းအက်ပ္စီးခိုင္းျခင္းမ်ိဳး မရွိေစေရး ၫႊန္ၾကားခ်က္မ်ား ထုတ္ျပန္ထားသည္။

ေဒါက္ျမင့္ဖိနပ္စီးျခင္းႏွင့္ ေျခေခ်ာင္းအဆစ္ ေရာင္ရမ္းနာက်င္ျခင္း၊ ခႏၶာကိုယ္ဖြဲ႕စည္းမႈဆိုင္ရာ နာက်င္မႈႏွင့္ ထိခိုက္ဒဏ္ရာရရွိမႈတို႔ၾကား ဆက္စပ္မႈရွိေၾကာင္း ေလ့လာမႈမ်ားစြာက ေဖာ္ျပသည္။ သို႔ေသာ္ ေဒါက္ျမင့္ဖိနပ္စီးျခင္းႏွင့္ အဆစ္အျမစ္ေရာင္ရမ္း ေသာ ေရာဂါျဖစ္ပြားမႈၾကား ဆက္စပ္မႈမရွိေၾကာင္းလည္း ေလ့လာ မႈမ်ားက ေဖာ္ျပသည္။

ေဒါက္ျမင့္ဖိနပ္စီးျခင္းသည္ က်န္းမာေရးအတြက္ မေကာင္း ေၾကာင္း ေဖာ္ျပေသာအေထာက္အထားမ်ား ရွိေသာ္လည္း ႐ႈပ္ေထြးေသာ လူမႈေရးႏွင့္ယဥ္ေက်းမႈဆိုင္ရာ အေၾကာင္းအရာမ်ားရွိေနၿပီး ေဒါက္ျမင့္ဖိနပ္စီးျခင္းသည္ ဆြဲေဆာင္မႈရွိသည္ဟု ခံယူေနၾကေၾကာင္း အဘာဒင္းတကၠသိုလ္မွ သုေတသီမ်ားက ေျပာ သည္။

မိမိတို႔အေနျဖင့္ အမ်ိဳးသမီးမ်ားကို ေဒါက္ျမင့္ဖိနပ္စီးသင့္၊  မစီးသင့္ဟု ေျပာဆိုလိုျခင္း မဟုတ္ေသာ္လည္း လူမႈေရးအက်ိဳးေက်းဇူးမ်ားႏွင့္အတူ ေဒါက္ျမင့္ဖိနပ္စီးသူမ်ားအေနျဖင့္ က်န္းမာေရးအႏၲရာယ္မ်ားကို အေလးထားသင့္ေၾကာင္း သုေတသီမ်ားက ေျပာသည္။

ထို႔အျပင္ အခ်ိဳ႕ေသာ ႏိုင္ငံမ်ားရွိကုမၸဏီမ်ားသည္ ၎တို႔၏အမ်ိဳးသမီးမ်ားကို ေဒါက္ျမင့္ဖိနပ္မစီးမေနရ သတ္မွတ္ခ်က္မ်ား ထားရွိေနၾကေသာေၾကာင့္ အမ်ိဳးသမီးမ်ားကို ၎တို႔ဆႏၵမပါဘဲ အတင္းအက်ပ္စီးခိုင္းျခင္းကို တားဆီးႏိုင္မည့္ အစီအစဥ္မ်ား လို အပ္ေၾကာင္း ၎တို႔ကေျပာသည္။

အမ်ိဳးသမီးမ်ား ဖိနပ္စီးရန္ ေရြးခ်ယ္ရာတြင္ လြတ္လပ္မႈရွိသင့္ၿပီး ေဒါက္ျမင့္ဖိနပ္မ်ား ေရရွည္စီးျခင္းေၾကာင့္ ထိခိုက္ဒဏ္ရာရျခင္း အပါအဝင္ က်န္းမာေရးဆိုးက်ိဳးမ်ားကို အေလးအနက္ ထားရန္လိုေၾကာင္း သုေတသီမ်ားကေျပာသည္။

—Ref: MNT
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#

ဒေါက်မြင့်ဖိနပ် စီးခြင်းကြောင့် ကျောရိုးမှနေ၍ ခြေဖျားအထိ ခန္ဓာကိုယ်ဖွဲ့စည်းမှုဆိုင်ရာ ပြဿနာများ ဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားပြီး ထိခိုက်ဒဏ်ရာရနိုင်သည့် အန္တရာယ်လည်း မြင့်မား ကြောင်း လေ့လာမှုများစွာက ဖော်ပြသည်။

ယင်းလေ့လာမှုအရ ဒေါက်မြင့်ဖိနပ်စီးခြင်းက အမျိုးသမီးများ က အမျိုးသားများအပေါ် ဆွဲဆောင်နိုင်မှု ပိုများပြီး ခန္ဓာကိုယ်အလှ ကို ပေါ်လွင်စေသောကြောင့် လူမှုရေးအကျိုးကျေးဇူးများရှိသော် လည်း ကျန်းမာရေးဆိုင်ရာ ဆုတ်ယုတ်မှုများ ကြုံတွေ့နိုင်သည်။

အချို့သော နိုင်ငံများတွင် ကုမ္ပဏီများက ၎င်းတို့၏ အမျိုးသမီး ဝန်ထမ်းများကို ဒေါက်မြင့်ဖိနပ်များ အတင်းအကျပ်စီးခိုင်းခြင်းမျိုး မရှိစေရေး ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။

ဒေါက်မြင့်ဖိနပ်စီးခြင်းနှင့် ခြေချောင်းအဆစ် ရောင်ရမ်းနာကျင်ခြင်း၊ ခန္ဓာကိုယ်ဖွဲ့စည်းမှုဆိုင်ရာ နာကျင်မှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုတို့ကြား ဆက်စပ်မှုရှိကြောင်း လေ့လာမှုများစွာက ဖော်ပြသည်။ သို့သော် ဒေါက်မြင့်ဖိနပ်စီးခြင်းနှင့် အဆစ်အမြစ်ရောင်ရမ်း သော ရောဂါဖြစ်ပွားမှုကြား ဆက်စပ်မှုမရှိကြောင်းလည်း လေ့လာ မှုများက ဖော်ပြသည်။

ဒေါက်မြင့်ဖိနပ်စီးခြင်းသည် ကျန်းမာရေးအတွက် မကောင်း ကြောင်း ဖော်ပြသောအထောက်အထားများ ရှိသော်လည်း ရှုပ်ထွေးသော လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများရှိနေပြီး ဒေါက်မြင့်ဖိနပ်စီးခြင်းသည် ဆွဲဆောင်မှုရှိသည်ဟု ခံယူနေကြကြောင်း အဘာဒင်းတက္ကသိုလ်မှ သုတေသီများက ပြော သည်။

မိမိတို့အနေဖြင့် အမျိုးသမီးများကို ဒေါက်မြင့်ဖိနပ်စီးသင့်၊  မစီးသင့်ဟု ပြောဆိုလိုခြင်း မဟုတ်သော်လည်း လူမှုရေးအကျိုးကျေးဇူးများနှင့်အတူ ဒေါက်မြင့်ဖိနပ်စီးသူများအနေဖြင့် ကျန်းမာရေးအန္တရာယ်များကို အလေးထားသင့်ကြောင်း သုတေသီများက ပြောသည်။

ထို့အပြင် အချို့သော နိုင်ငံများရှိကုမ္ပဏီများသည် ၎င်းတို့၏အမျိုးသမီးများကို ဒေါက်မြင့်ဖိနပ်မစီးမနေရ သတ်မှတ်ချက်များ ထားရှိနေကြသောကြောင့် အမျိုးသမီးများကို ၎င်းတို့ဆန္ဒမပါဘဲ အတင်းအကျပ်စီးခိုင်းခြင်းကို တားဆီးနိုင်မည့် အစီအစဉ်များ လို အပ်ကြောင်း ၎င်းတို့ကပြောသည်။

အမျိုးသမီးများ ဖိနပ်စီးရန် ရွေးချယ်ရာတွင် လွတ်လပ်မှုရှိသင့်ပြီး ဒေါက်မြင့်ဖိနပ်များ ရေရှည်စီးခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်း အပါအဝင် ကျန်းမာရေးဆိုးကျိုးများကို အလေးအနက် ထားရန်လိုကြောင်း သုတေသီများကပြောသည်။

—Ref: MNT

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top