လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ဆရာ၊ ဆရာမမ်ားအတြက္ ေက်ာင္းဝတ္စံုတစ္စံုစီကို ယခုဘ႑ာႏွစ္အတြင္း ေထာက္ပံ့မည္ျဖစ္ေၾကာင္း ပညာေရးဒုတိယ ဝန္ႀကီး ဦးဝင္းေမာ္ထြန္းက ေျပာ ၾကားသည္။


ဩဂုတ္ ၂ ရက္တြင္ က်င္းပ ေသာ ျပည္သူ႔လႊတ္ေတာ္အစည္း အေဝး၌ မိတၳီလာၿမိဳ႕နယ္ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္ တာေမာင္သင္းက ႏုိင္ငံ့ဝန္ထမ္း ဆရာ၊ ဆရာမမ်ားႏွင့္ ပညာေရး ဝန္ထမ္းမ်ားအားလံုးကို ႏွစ္စဥ္ ဝတ္စံုစရိတ္ခ်ီးျမႇင့္ေပးရန္ အစီအစဥ္ ရွိ၊ မရွိ ေမးခြန္းအေပၚ ပညာေရး
ဝန္ႀကီးက အထက္ပါအတုိင္း ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ပညာေရး ဝန္ႀကီးဌာန ေအာက္ရွိ ဦးစီးဌာန ၁၂ ခုအနက္ အေျခခံပညာဦးစီးဌာန၊ အဆင့္ျမင့္ပညာ
ဦးစီးဌာန၊ နည္းပညာႏွင့္ သက္ေမြးပညာဦးစီးဌာန စသည့္ ဦးစီးဌာနသံုးခုရွိ ဆရာ၊ ဆရာမ စုစုေပါင္း ေလးသိန္းခန္႔ (၃၉၆,၄၄၅ ဦး)အတြက္ တစ္ဦးလွ်င္ေက်ာင္းဝတ္စံုတစ္စံု က်ပ္တစ္ေသာင္းႏႈန္းျဖင့္ ခြင့္ျပဳရန္ပံုေငြက်ပ္ ၃ ဒသမ ၉၆၄ ဘီလီယံ သံုးစြဲခြင့္ျပဳရန္ အစိုးရအဖြဲ႕သို႔ တင္ျပ ထားေၾကာင္း ၎ကရွင္းျပသည္။

‘‘ႏုိင္ငံေတာ္ အတုိင္ပင္ခံ ပုဂၢိဳလ္ကလည္း လမ္းၫႊန္ထား တာရွိပါတယ္။ ဆရာ၊ ဆရာမဝန္ ထမ္းေတြကို သင့္တင့္တဲ့ ေထာက္ ပံ့မႈေဆာင္ရြက္ေပးဖုိ႔ လမ္းၫႊန္ ထားတာရွိပါတယ္။ ရွိတဲ့အတြက္အခုဘ႑ာေရးႏွစ္မွာ စတင္ ေဆာင္ရြက္ေနပါၿပီ’’ဟု ဒုဝန္ႀကီး က ေျပာသည္။

ျမန္မာ လူမ်ိဳးမ်ားသည္ ဆရာ၊ ဆရာမမ်ားကို စံထားရာ ပုဂၢိဳလ္မ်ားအျဖစ္ သတ္မွတ္ထား ၍ ဆရာ၊ ဆရာမမ်ား၏ လူေနမႈ စနစ္သည္ မနိမ့္က်သင့္ေၾကာင္းႏွင့္ အနိမ့္က်ဆံုးလူေနမႈဘဝကို ျဖတ္သန္းသူမ်ား မျဖစ္သင့္ ေၾကာင္း ျပည္ခိုင္ၿဖိဳးအမတ္ ေဒါက္တာေမာင္သင္းက ထည့္သြင္း ေျပာၾကားခဲ့သည္။

‘‘တပည့္မ်ား၏ အားက်ရာ၊ စံျပဳရာ၊ အတုခိုးရာ လူသားဓာတ္ ေတြပါဝင္ေနေသာ ဆရာ၊ ဆရာမမ်ားသည္ တပည့္မ်ားေလာက္ အေရာင္မေပၚ ဝတ္စံုမ်ားျဖင့္ ေက်ာင္းတက္လာမည္ဆုိရင္ ဆရာ၊ ဆရာမမ်ား၏ ျမင့္ျမတ္ သည့္အလုပ္ကို ဘယ္တပည့္မွ အားက်လိမ့္မည္မဟုတ္ပါ။ ဒါဆို ရင္ အနာဂတ္မွာ ဆရာ၊ ဆရာမ မ်ိဳးဆက္ရွားပါးမႈႏွင့္ ရင္ဆုိင္ရႏိုင္ ဖြယ္ရွိပါတယ္’’ဟု မိတၳီလာ ပါေမာကၡခ်ဳပ္အျဖစ္ တာဝန္ထမ္း ေဆာင္ခဲ့သူ ေဒါက္တာေမာင္ သင္းက လႊတ္ေတာ္၌ ေျပာသည္။

ဆရာ၊ ဆရာမမ်ား၏ ဝတ္စံု မ်ားကို စက္မႈဝန္ႀကီးဌာနတြင္ အပ္ႏွံ၍ ပူးေပါင္းေဆာင္ရြက္မည္ ျဖစ္ေၾကာင္းႏွင့္ ျပည္ေထာင္စု အစိုးရအဖြဲ႕၏ ခြင့္ျပဳခ်က္ရရွိပါက လုပ္ထံုးလုပ္နည္းႏွင့္အညီ ခြဲေဝ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ပ ညာေရးဒုဝန္ႀကီးက ေျပာသည္။

ထို႔အျပင္ ပညာေရးဝန္ႀကီး ဌာနေအာက္ရွိ ပညာေရးဝန္ထမ္း အားလံုးအတြက္ ဝတ္စံုစရိတ္ကို လာမည့္ ဘ႑ာေရးႏွစ္မ်ားတြင္ထည့္သြင္း ေတာင္းခံမည္ျဖစ္ ေၾကာင္း ဦးဝင္းေမာ္ထြန္းကဆုိ သည္။

‘‘တစ္စံုေပးရင္ ဝတ္စံုဖိုး သက္သာတာေပါ့။ ဒါေပမဲ့ တစ္ႏွစ္ကို တစ္စံုတည္းနဲ႔ေတာ့ မေလာက္ဘူး။ ၿပီးခဲ့တဲ့ႏွစ္က အ ေဟာင္း၊ အသစ္၊ သိပ္မသိသာ ဘူးေလ’’ဟု မူလတန္းျပဆရာမ တစ္ဦး မွတ္ခ်က္ျပဳသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
 ဆရာ၊ ဆရာမများအတွက် ကျောင်းဝတ်စုံတစ်စုံစီကို ယခုဘဏ္ဍာနှစ်အတွင်း ထောက်ပံ့မည်ဖြစ်ကြောင်း ပညာရေးဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက ပြော ကြားသည်။


ဩဂုတ် ၂ ရက်တွင် ကျင်းပ သော ပြည်သူ့လွှတ်တော်အစည်း အဝေး၌ မိတ္ထီလာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာမောင်သင်းက နိုင်ငံ့ဝန်ထမ်း ဆရာ၊ ဆရာမများနှင့် ပညာရေး ဝန်ထမ်းများအားလုံးကို နှစ်စဉ် ဝတ်စုံစရိတ်ချီးမြှင့်ပေးရန် အစီအ စဉ် ရှိ၊ မရှိ မေးခွန်းအပေါ် ပညာ ရေးဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပညာရေး ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာန ၁၂ ခုအနက် အခြေခံပညာဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ နည်းပညာနှင့် သက်မွေးပညာဦးစီးဌာန စသည့် ဦးစီးဌာနသုံးခုရှိ ဆရာ၊ ဆရာမ စုစုပေါင်း လေးသိန်းခန့် (၃၉၆,၄၄၅ ဦး)အတွက် တစ်ဦးလျှင်ကျောင်းဝတ်စုံတစ်စုံ ကျပ်တစ်သောင်းနှုန်းဖြင့် ခွင့်ပြုရန်ပုံငွေကျပ် ၃ ဒသမ ၉၆၄ ဘီလီယံ သုံးစွဲခွင့်ပြုရန် အစိုးရအဖွဲ့သို့ တင်ပြ ထားကြောင်း ၎င်းကရှင်းပြသည်။

‘‘နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း လမ်းညွှန်ထား တာရှိပါတယ်။ ဆရာ၊ ဆရာမဝန် ထမ်းတွေကို သင့်တင့်တဲ့ ထောက် ပံ့မှုဆောင်ရွက်ပေးဖို့ လမ်းညွှန် ထားတာရှိပါတယ်။ ရှိတဲ့အတွက်အခုဘဏ္ဍာရေးနှစ်မှာ စတင် ဆောင်ရွက်နေပါပြီ’’ဟု ဒုဝန်ကြီး က ပြောသည်။

မြန်မာ လူမျိုးများသည် ဆရာ၊ ဆရာမများကို စံထားရာ ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ထား ၍ ဆရာ၊ ဆရာမများ၏ လူနေမှု စနစ်သည် မနိမ့်ကျသင့်ကြောင်းနှင့် အနိမ့်ကျဆုံးလူနေမှုဘဝကို ဖြတ်သန်းသူများ မဖြစ်သင့် ကြောင်း ပြည်ခိုင်ဖြိုးအမတ် ဒေါက်တာမောင်သင်းက ထည့်သွင်း ပြောကြားခဲ့သည်။

‘‘တပည့်များ၏ အားကျရာ၊ စံပြုရာ၊ အတုခိုးရာ လူသားဓာတ် တွေပါဝင်နေသော ဆရာ၊ ဆရာမများသည် တပည့်များလောက် အရောင်မပေါ် ဝတ်စုံများဖြင့် ကျောင်းတက်လာမည်ဆိုရင် ဆရာ၊ ဆရာမများ၏ မြင့်မြတ် သည့်အလုပ်ကို ဘယ်တပည့်မှ အားကျလိမ့်မည်မဟုတ်ပါ။ ဒါဆို ရင် အနာဂတ်မှာ ဆရာ၊ ဆရာမ မျိုးဆက်ရှားပါးမှုနှင့် ရင်ဆိုင်ရနိုင် ဖွယ်ရှိပါတယ်’’ဟု မိတ္ထီလာ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ ဒေါက်တာမောင် သင်းက လွှတ်တော်၌ ပြောသည်။

ဆရာ၊ ဆရာမများ၏ ဝတ်စုံ များကို စက်မှုဝန်ကြီးဌာနတွင် အပ်နှံ၍ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ခွဲဝေ ဆောင်ရွက်မည်ဖြစ်ကြောင်း ပ ညာရေးဒုဝန်ကြီးက ပြောသည်။

ထို့အပြင် ပညာရေးဝန်ကြီး ဌာနအောက်ရှိ ပညာရေးဝန်ထမ်း အားလုံးအတွက် ဝတ်စုံစရိတ်ကို လာမည့် ဘဏ္ဍာရေးနှစ်များတွင်ထည့်သွင်း တောင်းခံမည်ဖြစ် ကြောင်း ဦးဝင်းမော်ထွန်းကဆို သည်။

‘‘တစ်စုံပေးရင် ဝတ်စုံဖိုး သက်သာတာပေါ့။ ဒါပေမဲ့ တစ်နှစ်ကို တစ်စုံတည်းနဲ့တော့ မလောက်ဘူး။ ပြီးခဲ့တဲ့နှစ်က အ ဟောင်း၊ အသစ်၊ သိပ်မသိသာ ဘူးလေ’’ဟု မူလတန်းပြဆရာမ တစ်ဦး မှတ်ချက်ပြုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top