ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဝက္ၿခံကုထံုးမ်ားစြာရွိတဲ့အထဲကမွ ဝက္ၿခံကိုအျမစ္ျပတ္ေခ်မႈန္းႏိုင္တဲ့ နည္းလမ္းေကာင္းေလးကို ယူေဆာင္လာပါၿပီေနာ္။ မီးဖိုေခ်ာင္တိုင္းမွာရွိတဲ့ နႏြင္းမႈန္႔က ဟင္းအရသာေကာင္းမြႏ္ေစရံုသာမက အလွအပေရးရာအတြက္လည္း အထူးအသံုးဝင္တဲ့ တန္ဖိုးရွိအရာတစ္ခုပါပဲ။ ေရွးအစဥ္ဆက္ကတည္းက သံုးစြဲလာခဲ့တဲ့ နႏြင္းမႈန္႔နဲ႔ေပါင္းတင္နည္းက ေငြကုန္ေၾကးသက္သာတဲ့အျပင္ ေဘးဥပါဒ္လည္းမျဖစ္ေစပါဘူးေနာ္။ ဒါ့ေၾကာင့္ အခုေဖာ္ျပေပးမယ့္ နႏြင္းမႈန္႔နဲ႔ေပါင္းတင္နည္းေလးကို အသံုးျပဳၿပီး ဝက္ၿခံနဲ႔အမာရြတ္မ်ားကို အၿပီးတုိင္ႏႈတ္ဆက္လိုက္ပါ။

လိုအပ္ေသာပါဝင္ပစၥည္းမ်ား

===================

နႏြင္းမႈန္႔

ဂ်ံဳမႈန္႔

ဒိန္ခ်ဥ္

သံပရိုသီး

အသံုးျပဳပံုအဆင့္ဆင့္

===============

ပန္းကန္လံုးတစ္လံုးထဲကို အခ်ိဳမပါဝင္တဲ့ ဒိန္ခ်ဥ္အႏွစ္လက္ဖက္ရည္ဇြန္း ၃ဇြန္း၊ ဂ်ံဳမႈန္႔ လက္ဖက္ရည္ဇြန္း၂ဇြန္းနဲ႔ နႏြင္းမႈန္႔လက္ဖက္ရည္ဇြန္း ၁ဇြန္းတို႔ကိုေရာစပ္ၿပီး ေမႊေပးပါ။ ရရွိလာတဲ့အေရာအေႏွာထဲကို သံပရိုရည္အနည္းငယ္ညွစ္ထည့္ၿပီး မ်က္ႏွာေပါင္းတင္လို႔ ရပါၿပီေနာ္။ မ်က္ႏွာအႏွံ႔သုတ္လိမ္းေပးၿပီး ေျခာက္ေသြ႔သြားတဲ့အခါမွာ ေရေအးနဲ႔ေဆးေၾကာသန္႔စင္လိုက္ရံုပါပဲ။ နႏြင္းမႈန္႔က ဝက္ၿခံျဖစ္ေပၚေစတဲ့ ဘတ္တီးရီးယားပိုးမႊားမ်ားကို ေသေစႏိုင္ၿပီး မ်က္ႏွာၾကည္လင္ဝင္းပေစပါတယ္။ ဒိန္ခ်ဥ္မွာပါဝင္တဲ့ လက္တစ္အက္ဆစ္က အေရျပားေပၚကဆဲလ္ေသမ်ားကို ဖယ္ရွားေပးနိုင္ၿပီး အရြယ္တင္ႏုပ်ိဳေစပါတယ္။ ဂ်ံဳမႈန္႔က မ်က္ႏွာေပၚကမလိုအပ္တဲ့ အဆီေတြနဲ႔ ဖုန္မႈန္႔ေတြကို စုပ္ယူေပးႏိုင္ပါတာေၾကာင့္ ဝက္ၿခံမျဖစ္ေပၚေစေတာ့ပါဘူး။ ဒီနည္းလမ္းေလးအတုိင္း တစ္ပတ္ကို တစ္ႀကိမ္ျပဳလုပ္ေပးရံုနဲ႔ ဝက္ၿခံကင္းစင္ၿပီး ၾကည္လင္ဝင္းပတဲ့မ်က္ႏွာအလွပိုင္ရွင္ေလး ျဖစ္သြားမွာပါေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နန္း(ေရႊအင္းေလး)
#Unicode Version#
ဝက်ခြံကုထုံးများစွာရှိတဲ့အထဲကမှ ဝက်ခြံကိုအမြစ်ပြတ်ချေမှုန်းနိုင်တဲ့ နည်းလမ်းကောင်းလေးကို ယူဆောင်လာပါပြီနော်။ မီးဖိုချောင်တိုင်းမှာရှိတဲ့ နနွင်းမှုန့်က ဟင်းအရသာကောင်းမွန်စေရုံသာမက အလှအပရေးရာအတွက်လည်း အထူးအသုံးဝင်တဲ့ တန်ဖိုးရှိအရာတစ်ခုပါပဲ။ ရှေးအစဉ်ဆက်ကတည်းက သုံးစွဲလာခဲ့တဲ့ နနွင်းမှုန့်နဲ့ပေါင်းတင်နည်းက ငွေကုန်ကြေးသက်သာတဲ့အပြင် ဘေးဥပါဒ်လည်းမဖြစ်စေပါဘူးနော်။ ဒါ့ကြောင့် အခုဖော်ပြပေးမယ့် နနွင်းမှုန့်နဲ့ပေါင်းတင်နည်းလေးကို အသုံးပြုပြီး ဝက်ခြံနဲ့အမာရွတ်များကို အပြီးတိုင်နှုတ်ဆက်လိုက်ပါ။

လိုအပ်သောပါဝင်ပစ္စည်းများ

===================

နနွင်းမှုန့်

ဂျုံမှုန့်

ဒိန်ချဉ်

သံပရိုသီး

အသုံးပြုပုံအဆင့်ဆင့်

===============

ပန်းကန်လုံးတစ်လုံးထဲကို အချိုမပါဝင်တဲ့ ဒိန်ချဉ်အနှစ်လက်ဖက်ရည်ဇွန်း ၃ဇွန်း၊ ဂျုံမှုန့် လက်ဖက်ရည်ဇွန်း၂ဇွန်းနဲ့ နနွင်းမှုန့်လက်ဖက်ရည်ဇွန်း ၁ဇွန်းတို့ကိုရောစပ်ပြီး မွှေပေးပါ။ ရရှိလာတဲ့အရောအနှောထဲကို သံပရိုရည်အနည်းငယ်ညှစ်ထည့်ပြီး မျက်နှာပေါင်းတင်လို့ ရပါပြီနော်။ မျက်နှာအနှံ့သုတ်လိမ်းပေးပြီး ခြောက်သွေ့သွားတဲ့အခါမှာ ရေအေးနဲ့ဆေးကြောသန့်စင်လိုက်ရုံပါပဲ။ နနွင်းမှုန့်က ဝက်ခြံဖြစ်ပေါ်စေတဲ့ ဘတ်တီးရီးယားပိုးမွှားများကို သေစေနိုင်ပြီး မျက်နှာကြည်လင်ဝင်းပစေပါတယ်။ ဒိန်ချဉ်မှာပါဝင်တဲ့ လက်တစ်အက်ဆစ်က အရေပြားပေါ်ကဆဲလ်သေများကို ဖယ်ရှားပေးနိုင်ပြီး အရွယ်တင်နုပျိုစေပါတယ်။ ဂျုံမှုန့်က မျက်နှာပေါ်ကမလိုအပ်တဲ့ အဆီတွေနဲ့ ဖုန်မှုန့်တွေကို စုပ်ယူပေးနိုင်ပါတာကြောင့် ဝက်ခြံမဖြစ်ပေါ်စေတော့ပါဘူး။ ဒီနည်းလမ်းလေးအတိုင်း တစ်ပတ်ကို တစ်ကြိမ်ပြုလုပ်ပေးရုံနဲ့ ဝက်ခြံကင်းစင်ပြီး ကြည်လင်ဝင်းပတဲ့မျက်နှာအလှပိုင်ရှင်လေး ဖြစ်သွားမှာပါနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: နန်း(ရွှေအင်းလေး)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top