Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ပန္းဘဲတန္းၿမိဳ႕နယ္တ ရား႐ံုးသို႔ ေခၚေဆာင္လာသည့္ အသက္(၃၀)ႏွစ္ခန္႔အရြယ္ အခ်ဳပ္သားတစ္ဦး တရား႐ံုးအခ်ဳပ္မွ ထြက္ေျပးခဲ့ေၾကာင္း မ်က္ျမင္ ေတြ႕ရွိသူအခ်ိဳ႕က ေျပာသည္။


ေျခခ်ဳပ္ခံဝန္ေဖာက္ဖ်က္မႈ ျဖင့္ အေရးယူခံရသည့္ အဆိုပါအခ်ဳပ္သားႏွင့္ အျခားအခ်ဳပ္သားႏွစ္ဦးကို ၾသဂုတ္ ၃ ရက္ နံနက္၉ နာရီ ခန္႔ကပန္းဘဲတန္းၿမိဳ႕နယ္ တရား႐ံုးသို႔  ေခၚေဆာင္ၿပီးေနာက္တရား႐ံုးအခ်ဳပ္မွ ထြက္ေျပးျခင္း ျဖစ္ေၾကာင္း တရား႐ံုးအနီးေရာက္ ေနၿပီးျဖစ္စဥ္ကို မ်က္ျမင္ေတြ႕ရွိခဲ့ေသာ အမ်ိဳးသမီးက ေျပာၾကား သည္။

‘‘သူက တရား႐ံုးအခ်ဳပ္က ေန ကမ္းနားလမ္းဘက္ကို ေျပး တာ။ ကမ္းနားလမ္းေပၚမွာ ေမာင္းလာတဲ့ ကားကို သူက ဝင္တိုက္မိ ၿပီး လဲသြားေသးတယ္။ ၿပီးေတာ့ ခ်က္ခ်င္းျပန္ထၿပီး ပန္းဆိုးတန္း ဘက္ကို ေျပးသြားတာ။ အဓိက ကေတာ့ လံုၿခံဳေရးအင္အားနည္း လို႔ ျဖစ္သြားတာပါ။ ရဲက ႏွစ္ ေယာက္ပဲရွိတယ္။ တျခားအခ်ဳပ္ သားေတြ ထည့္ေနရေတာ့ ခ်က္ ခ်င္းလိုက္မဖမ္းႏိုင္ဘဲ ၿပီးမွလိုက္ ေတာ့ လြတ္သြားတာ’’ဟု ၎က ဆက္ေျပာသည္။

တရား႐ံုးအခ်ဳပ္မွ ထြက္ေျပး သည့္ အမ်ိဳးသားသည္ ပန္းဘဲတန္းၿမိဳ႕နယ္ ၂၉ လမ္းေန ၾကက္ကုလားဆိုသူျဖစ္ၿပီး ၿမိဳ႕နယ္ ရဲသတင္းေပးအျဖစ္ လုပ္ကိုင္သူျဖစ္ေၾကာင္း ထြက္ေျပးသည့္ အခ်ဳပ္သားကိုသိရွိသူ အမ်ိဳးသမီးတစ္ဦးက လည္း ေျပာသည္။ သို႔ေသာ္ တရား႐ံုးအခ်ဳပ္မွ ထြက္ေျပးသူမွာ ၎ေျပာသူ ဟုတ္၊ မဟုတ္ 7DayDaily သတင္းစာက သီးျခားအ တည္မျပဳႏုိင္ေပ။

အခ်ဳပ္သားထြက္ေျပးမႈႏွင့္ ပတ္သက္ၿပီး ပန္းဘဲတန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴးကို ေမးျမန္းရာ‘‘အခု ေျပးတဲ့သူက ႏုိင္ငံျခားသားမ ဟုတ္ပါဘူး။ တိုင္းရင္းသားတစ္ဦး ပါ။ ကြၽန္ေတာ္ ဒီေလာက္ပဲ ေျပာ လို႔ရမယ္။ က်န္တာကေတာ့ တိုင္း႐ံုးက သတင္းထုတ္ျပန္ေရးအဖြဲ႕ က ထုတ္ေပးပါလိမ့္မယ္။ ကြၽန္ ေတာ္တို႔အေနနဲ႔ ေျပာလို႔မရလို႔ပါ’’ဟု ဆိုသည္။ ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မွဴး႐ံုးမွ ရဲမွဴးအဆင့္ရွိ ရဲအရာရွိတစ္ဦးထံသို႔ အခ်ဳပ္သားထြက္ေျပးလြတ္ေျမာက္မႈႏွင့္ပတ္သက္ ၿပီး 7Day Daily က ဆက္သြယ္ ေမးျမန္းေသာ္လည္း ဖုန္းလက္ခံ ေျဖၾကားျခင္းမရွိေပ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
 ပန်းဘဲတန်းမြို့နယ်တ ရားရုံးသို့ ခေါ်ဆောင်လာသည့် အသက်(၃၀)နှစ်ခန့်အရွယ် အချုပ်သားတစ်ဦး တရားရုံးအချုပ်မှ ထွက်ပြေးခဲ့ကြောင်း မျက်မြင် တွေ့ရှိသူအချို့က ပြောသည်။


ခြေချုပ်ခံဝန်ဖောက်ဖျက်မှု ဖြင့် အရေးယူခံရသည့် အဆိုပါအချုပ်သားနှင့် အခြားအချုပ်သားနှစ်ဦးကို သြဂုတ် ၃ ရက် နံနက်၉ နာရီ ခန့်ကပန်းဘဲတန်းမြို့နယ် တရားရုံးသို့  ခေါ်ဆောင်ပြီးနောက်တရားရုံးအချုပ်မှ ထွက်ပြေးခြင်း ဖြစ်ကြောင်း တရားရုံးအနီးရောက် နေပြီးဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သော အမျိုးသမီးက ပြောကြား သည်။

‘‘သူက တရားရုံးအချုပ်က နေ ကမ်းနားလမ်းဘက်ကို ပြေး တာ။ ကမ်းနားလမ်းပေါ်မှာ မောင်းလာတဲ့ ကားကို သူက ဝင်တိုက်မိ ပြီး လဲသွားသေးတယ်။ ပြီးတော့ ချက်ချင်းပြန်ထပြီး ပန်းဆိုးတန်း ဘက်ကို ပြေးသွားတာ။ အဓိက ကတော့ လုံခြုံရေးအင်အားနည်း လို့ ဖြစ်သွားတာပါ။ ရဲက နှစ် ယောက်ပဲရှိတယ်။ တခြားအချုပ် သားတွေ ထည့်နေရတော့ ချက် ချင်းလိုက်မဖမ်းနိုင်ဘဲ ပြီးမှလိုက် တော့ လွတ်သွားတာ’’ဟု ၎င်းက ဆက်ပြောသည်။

တရားရုံးအချုပ်မှ ထွက်ပြေး သည့် အမျိုးသားသည် ပန်းဘဲတန်းမြို့နယ် ၂၉ လမ်းနေ ကြက်ကုလားဆိုသူဖြစ်ပြီး မြို့နယ် ရဲသတင်းပေးအဖြစ် လုပ်ကိုင်သူဖြစ်ကြောင်း ထွက်ပြေးသည့် အချုပ်သားကိုသိရှိသူ အမျိုးသမီးတစ်ဦးက လည်း ပြောသည်။ သို့သော် တရားရုံးအချုပ်မှ ထွက်ပြေးသူမှာ ၎င်းပြောသူ ဟုတ်၊ မဟုတ် 7DayDaily သတင်းစာက သီးခြားအ တည်မပြုနိုင်ပေ။

အချုပ်သားထွက်ပြေးမှုနှင့် ပတ်သက်ပြီး ပန်းဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးကို မေးမြန်းရာ‘‘အခု ပြေးတဲ့သူက နိုင်ငံခြားသားမ ဟုတ်ပါဘူး။ တိုင်းရင်းသားတစ်ဦး ပါ။ ကျွန်တော် ဒီလောက်ပဲ ပြော လို့ရမယ်။ ကျန်တာကတော့ တိုင်းရုံးက သတင်းထုတ်ပြန်ရေးအဖွဲ့ က ထုတ်ပေးပါလိမ့်မယ်။ ကျွန် တော်တို့အနေနဲ့ ပြောလို့မရလို့ပါ’’ဟု ဆိုသည်။ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးအဆင့်ရှိ ရဲအရာရှိတစ်ဦးထံသို့ အချုပ်သားထွက်ပြေးလွတ်မြောက်မှုနှင့်ပတ်သက် ပြီး 7Day Daily က ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top