ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

စီမံကိန္းမ်ားအတြက္ သိမ္းဆည္းခဲ့ၿပီး အသုံးမျပဳသည့္ လယ္ယာေျမမ်ားအား မူလ ေတာင္သူမ်ားထံ အျမန္ဆုံးျပန္ လည္ေပးအပ္ႏုိင္ရန္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ထံ တင္ျပေဆြးေႏြးခဲ့ေၾကာင္း မေကြးတိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ေဒါက္တာေအာင္မုိးညိဳက ေျပာသည္။

မေကြး၊ မႏၲေလး၊ စစ္ကုိင္း တိုင္းေဒသႀကီးတို႔မွ ၀န္ႀကီးခ်ဳပ္ ႏွင့္၀န္ႀကီးမ်ားအဖြဲ႕ကုိ ေဒၚေအာင္ ဆန္းစုၾကည္က Online တြင္ ၾသဂုတ္ ၂၃ ရက္က  တိုက္႐ုိက္ေတြ႕ဆုံေဆြးေႏြးရာ၌ ၀န္ႀကီးခ်ဳပ္ေဒါက္တာေအာင္မုိးညိဳက တင္ျပေဆြးေႏြးခဲ့သည္။

ထုိ႔အျပင္ မေကြးတုိင္း၀န္ ႀကီးခ်ဳပ္က ေဒၚေအာင္ဆန္းစု ၾကည္အား မန္းေရနံေျမႏွင့္ ေထာက္ရွာပင္အတြင္းရွိ အလား အလာေကာင္းသည့္ ေရနံထြက္ရွိ မည့္ စမ္းသပ္မႈကိစၥ၊ ေရနံလက္ ယက္တြင္းမွ ျပန္လည္ရရွိသည့္ ရန္ပုံေငြက်ပ္သန္း ၃,၇၂၀ ကုိ မေကြးတုိင္းဖြံ႕ၿဖိဳးေရးအတြက္ ခြဲ ေ၀သုံးစြဲမည့္ကိစၥ၊ အေသးစား ဓာတ္ဆီဆုိင္မ်ားဖြင့္ခြင့္ေပးရန္ ကိစၥႏွင့္ ခ်င္းျပည္နယ္ ကန္ပက္ လက္ၿမိဳ႕ႏွင့္ မေကြးတိုင္းေစ တုတၱရာၿမိဳ႕နယ္စပ္ရွိ အလားအ လာေကာင္းသည့္ သတၱဳေၾကာ အား စိစစ္ေရးကိစၥတုိ႔ကုိ တင္ျပ ေဆြးေႏြးခဲ့ေၾကာင္း ေျပာၾကား သည္။

ျမန္မာ့ဆုိရွယ္လစ္လမ္းစဥ္ ပါတီေခတ္က လုပ္ခဲ့ေသာ၀ါ ႀကိတ္စက္႐ုံကုိ ၀န္ႀကီးခ်ဳပ္ကဥပ မာေပးသည္။

‘‘စက္႐ုံလည္း  မလည္ဘူး။ ဂုိေဒါင္ေတြလည္း ေဟာင္းေလာင္း။ ဒါေတြနဲ႔ပတ္သက္ၿပီး သိမ္းခံရတဲ့လယ္သမားေတြျပန္လုိခ်င္တယ္ဆိုလုိ႔ရွိရင္ ၀န္ႀကီးဌာနအေၾကာင္းၾကား၊ ၀န္ႀကီးဌာနက ဒါေတြကုိ စစ္ေဆး၊ ၿပီးေတာ့ ႏုိင္ငံေတာ္ကုိျပန္စြန္႔ လႊတ္ပါတယ္လုိ႔ လုပ္။ ႏုိင္ငံေတာ္ ကေနၿပီးေတာ့ သက္ဆိုင္ရာခ႐ုိင္ အုပ္ခ်ဳပ္ေရးမွဴးေတြဆီ လႊဲ၊ ခ႐ုိင္ အုပ္ခ်ဳပ္ေရးမွဴးကမွတစ္ဆင့္ ပုိင္ ရွင္ေတြဆီျပန္သြား တစ္ဆင့္ၿပီး တစ္ဆင့္သြားေနရတာ အရမ္း ၾကာတယ္’’ ဟု ေဒါက္တာေအာင္ မုိးညိဳက ဆုိသည္။

မေကြးတိုင္းတြင္ မေကြး၊ ပြင့္ျဖဴ၊ ဆိပ္ျဖဴ၊ ပခုကၠဴ၊ မင္းဘူး၊ သရက္ၿမိဳ႕နယ္တို႔၌ ၀ါႀကိတ္ စက္႐ုံမ်ားရွိၿပီး စက္႐ုံမ်ားသည္ စီမံကိန္း မေအာင္ျမင္ဘဲ အသုံးခ် မႈလုံး၀မရွိေၾကာင္း ၀န္ႀကီးခ်ဳပ္ က ဆုိသည္။

ထုိ႔ေၾကာင့္ သိမ္းဆည္းခံ ထားရသည့္ ေတာင္သူလယ္သ မားတို႔၏ လူမႈစီးပြားဘ၀တို႔ကုိ ငဲ့ညႇာ၍ ၂၀၁၂ လယ္ယာေျမဥပ ေဒႏွင့္အညီ အျမန္ဆုံးျပန္လည္ ေပးအပ္ႏိုင္ေရး တင္ျပခဲ့ေၾကာင္း ၎ကေျပာသည္။

‘‘စီမံကိန္းလည္း အေကာင္ အထည္မေပၚဘူး။ စီမံကိန္းအ ေကာင္အထည္မေပၚရင္ ျပန္ကုိ ေပးရမယ္’’ ဟု ၀န္ႀကီးခ်ဳပ္က ေျပာသည္။

မေကြးၿမိဳ႕ ပညာေရး ေကာလိပ္တြင္ ဧကတစ္ရာ သိမ္း ဆည္းထားၿပီး ဧကငါးဆယ္သာ အေကာင္အထည္ေဖာ္ေၾကာင္း၊ က်န္သည့္ဧကငါးဆယ္မွ ပထမ တန္းစား ယာေျမမ်ားကုိ အ ေကာင္အထည္ မေဖာ္ေၾကာင္း ၀န္ႀကီးခ်ဳပ္က ေျပာသည္။ ‘‘အ ေကာင္အထည္မေဖာ္တဲ့ ဧက ငါးဆယ္ေက်ာ္ကုိလည္း ျပည္ ေထာင္စု၀န္ႀကီးက စြန္႔လႊတ္ပါ တယ္လုိ႔ေျပာထားတာ။ ဒါေပမဲ့ လည္း အဲဒီစာ အခုထိက်မလာ ေသးဘူး’’ ဟု ေဒါက္တာေအာင္ မိုးညိဳက ေျပာသည္။

ယင္းကိစၥမ်ားႏွင့္ပတ္သက္ ၍ လုပ္ငန္းမ်ားျမန္ဆန္မႈရွိလာေစ ရန္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ထံ တင္ျပေဆြးေႏြးခဲ့ရာ ေဒၚေအာင္ ဆန္းစုၾကည္က သေဘာတူ ေၾကာင္း ၀န္ႀကီးခ်ဳပ္က ေျပာ ၾကားသည္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
စီမံကိန်းများအတွက် သိမ်းဆည်းခဲ့ပြီး အသုံးမပြုသည့် လယ်ယာမြေများအား မူလ တောင်သူများထံ အမြန်ဆုံးပြန် လည်ပေးအပ်နိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြဆွေးနွေးခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောသည်။

မကွေး၊ မန္တလေး၊ စစ်ကိုင်း တိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ် နှင့်ဝန်ကြီးများအဖွဲ့ကို ဒေါ်အောင် ဆန်းစုကြည်က Online တွင် သြဂုတ် ၂၃ ရက်က  တိုက်ရိုက်တွေ့ဆုံဆွေးနွေးရာ၌ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက တင်ပြဆွေးနွေးခဲ့သည်။

ထို့အပြင် မကွေးတိုင်းဝန် ကြီးချုပ်က ဒေါ်အောင်ဆန်းစု ကြည်အား မန်းရေနံမြေနှင့် ထောက်ရှာပင်အတွင်းရှိ အလား အလာကောင်းသည့် ရေနံထွက်ရှိ မည့် စမ်းသပ်မှုကိစ္စ၊ ရေနံလက် ယက်တွင်းမှ ပြန်လည်ရရှိသည့် ရန်ပုံငွေကျပ်သန်း ၃,၇၂၀ ကို မကွေးတိုင်းဖွံ့ဖြိုးရေးအတွက် ခွဲ ဝေသုံးစွဲမည့်ကိစ္စ၊ အသေးစား ဓာတ်ဆီဆိုင်များဖွင့်ခွင့်ပေးရန် ကိစ္စနှင့် ချင်းပြည်နယ် ကန်ပက် လက်မြို့နှင့် မကွေးတိုင်းစေ တုတ္တရာမြို့နယ်စပ်ရှိ အလားအ လာကောင်းသည့် သတ္တုကြော အား စိစစ်ရေးကိစ္စတို့ကို တင်ပြ ဆွေးနွေးခဲ့ကြောင်း ပြောကြား သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်က လုပ်ခဲ့သောဝါ ကြိတ်စက်ရုံကို ဝန်ကြီးချုပ်ကဥပ မာပေးသည်။

‘‘စက်ရုံလည်း  မလည်ဘူး။ ဂိုဒေါင်တွေလည်း ဟောင်းလောင်း။ ဒါတွေနဲ့ပတ်သက်ပြီး သိမ်းခံရတဲ့လယ်သမားတွေပြန်လိုချင်တယ်ဆိုလို့ရှိရင် ဝန်ကြီးဌာနအကြောင်းကြား၊ ဝန်ကြီးဌာနက ဒါတွေကို စစ်ဆေး၊ ပြီးတော့ နိုင်ငံတော်ကိုပြန်စွန့် လွှတ်ပါတယ်လို့ လုပ်။ နိုင်ငံတော် ကနေပြီးတော့ သက်ဆိုင်ရာခရိုင် အုပ်ချုပ်ရေးမှူးတွေဆီ လွှဲ၊ ခရိုင် အုပ်ချုပ်ရေးမှူးကမှတစ်ဆင့် ပိုင် ရှင်တွေဆီပြန်သွား တစ်ဆင့်ပြီး တစ်ဆင့်သွားနေရတာ အရမ်း ကြာတယ်’’ ဟု ဒေါက်တာအောင် မိုးညိုက ဆိုသည်။

မကွေးတိုင်းတွင် မကွေး၊ ပွင့်ဖြူ၊ ဆိပ်ဖြူ၊ ပခုက္ကူ၊ မင်းဘူး၊ သရက်မြို့နယ်တို့၌ ဝါကြိတ် စက်ရုံများရှိပြီး စက်ရုံများသည် စီမံကိန်း မအောင်မြင်ဘဲ အသုံးချ မှုလုံးဝမရှိကြောင်း ဝန်ကြီးချုပ် က ဆိုသည်။

ထို့ကြောင့် သိမ်းဆည်းခံ ထားရသည့် တောင်သူလယ်သ မားတို့၏ လူမှုစီးပွားဘဝတို့ကို ငဲ့ညှာ၍ ၂၀၁၂ လယ်ယာမြေဥပ ဒေနှင့်အညီ အမြန်ဆုံးပြန်လည် ပေးအပ်နိုင်ရေး တင်ပြခဲ့ကြောင်း ၎င်းကပြောသည်။

‘‘စီမံကိန်းလည်း အကောင် အထည်မပေါ်ဘူး။ စီမံကိန်းအ ကောင်အထည်မပေါ်ရင် ပြန်ကို ပေးရမယ်’’ ဟု ဝန်ကြီးချုပ်က ပြောသည်။

မကွေးမြို့ ပညာရေး ကောလိပ်တွင် ဧကတစ်ရာ သိမ်း ဆည်းထားပြီး ဧကငါးဆယ်သာ အကောင်အထည်ဖော်ကြောင်း၊ ကျန်သည့်ဧကငါးဆယ်မှ ပထမ တန်းစား ယာမြေများကို အ ကောင်အထည် မဖော်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။ ‘‘အ ကောင်အထည်မဖော်တဲ့ ဧက ငါးဆယ်ကျော်ကိုလည်း ပြည် ထောင်စုဝန်ကြီးက စွန့်လွှတ်ပါ တယ်လို့ပြောထားတာ။ ဒါပေမဲ့ လည်း အဲဒီစာ အခုထိကျမလာ သေးဘူး’’ ဟု ဒေါက်တာအောင် မိုးညိုက ပြောသည်။

ယင်းကိစ္စများနှင့်ပတ်သက် ၍ လုပ်ငန်းများမြန်ဆန်မှုရှိလာစေ ရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြဆွေးနွေးခဲ့ရာ ဒေါ်အောင် ဆန်းစုကြည်က သဘောတူ ကြောင်း ဝန်ကြီးချုပ်က ပြော ကြားသည် ။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top