Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လူမ်ားစုဟာ ေရၾကာၾကာမခ်ိဳးမိရင္ မိမိကုိယ္ကို မသန္႔ရွင္းဘူးလို႔ ထင္တတ္ၾကပါတယ္။ ဒါေပမယ္႔ က်န္းမာေရးအတြက္ ေရေန႔တိုင္းခ်ိဳးဖို႔ တကယ္လိုအပ္သလား။ ရုတ္တရက္ စဥ္းစားၾကည္႔ရင္ေတာ႔ ဒါက ခပ္ေၾကာင္ေၾကာင္ေမးခြန္း တစ္ခုလို႔ လူတိုင္း ျမင္ၾကမွာပါပဲ။ လူေတြက ကိုယ္န႔ံေတြ၊ ေခၽြးေတြ အတြက္ ေနာက္ျပီး အလွအပအတြက္ ေရကို ပံုမွန္ခ်ိဳးေလ႔ရွိၾကတယ္။ အဲ႔ဒီလို မဟုတ္ပဲ က်န္းမာေရး ရႈေထာင္႔က ဆိုရင္ေရာ ေရကို ဘယ္ႏွစ္ရက္တစ္ခါ ခ်ိဳးသင္႔ပါသလဲ။

ကိုလံဘီယာ သူနာျပဳ တကၠသိုလ္မွာ ကူးစက္ေရာဂါေတြနဲ႔ ပက္သက္ျပီး သုေတသန ျပဳလုပ္ေနတဲ႔ ေဒါက္တာ အယ္လိ္န္း လာစင္ (Elaine Larson ) ကေတာ႔ “ေရခ်ိဳးတယ္ဆိုတဲ႔ ကိစၥမွာ ဘာေၾကာင္႔ ေရခ်ိဳးရသလဲဆိုတဲ႔ အေၾကာင္းျပခ်က္ ေကာင္းေကာင္းေတြရွိၾကတယ္။ လူေတြက ေရခ်ိဳးလိုက္ရင္ က်န္းမာေရးနဲ႔ ညီညြတ္တယ္။ ပိုျပီး သန္႔ရွင္းလာမယ္လို႔ ထင္ၾကတယ္။ ဒါေပမယ္႔ ဘက္တီးရီးယားပိုးေတြဖက္က ျပန္ၾကည္႔မယ္ဆိုရင္ေတာ႔ ဒါက မမွန္ပါဘူးလို႔” လို႔ ဆိုခဲ႔ပါတယ္။

လာစင္ရဲ႕ သုေတသန အရေတာ႔ အခုေခတ္ လူေတြ အသံုးျပဳေနၾကတဲ႔ ဘက္တီးရီးယားေတြေသေစႏိုင္တယ္ ဆိုတဲ႔ antibacterial ဆပ္ျပာ ေတြဟာက အရင္က သံုးခဲ႔ၾကတဲ႔ ရိုးရိုး ဆပ္ျပာေတြထက္ ကူးစက္ေရာဂါကို ပိုမိုကာကြယ္ႏိုင္မယ္ထင္ၾကတယ္။ ဒါေပမယ္႔ မမွန္ပါဘူး။  ေရခ်ိဳးလိုက္တဲ႔အခါ ကိုယ္မွ ကပ္ျငိေနတဲ႔ အန႔ံဆိုးေတြ၊ ေခၽြးေတြကို ဖယ္ရွားပစ္ႏိုင္မယ္။ ဒါေပမယ္႔ က်န္းမာေရးအတြက္ ကာကြယ္ဖုိ႔ ဆိုရင္ေတာ႔ လက္ကို ေသခ်ာေဆးရုံနဲ႔တင္ လံုေလာက္ပါတယ္လို႔ လာစင္ က ေျပာခဲ႔ပါတယ္။ ေရခ်ိဳးတာမ်ားတဲ႔ သူေတြဆိုရင္ အသားအေရေတြေျခာက္ေသြ႔တာေတြ၊ အသားအရည္ပါးလႊာလာျပီး အက္ကြဲလာတာေတြ၊ ေရဓာတ္ဆံုးရႈံးလာတာေတြျဖစ္ႏိုင္ပါတယ္လို႔လည္း သူမက ဆိုခဲ႔ပါေသးတယ္။

 ေဂ်ာ႔ဂ်္ဝါရွင္တန္ တကၠသိုလ္က အေရျပားေရာဂါဆိုင္ရာ လက္ေထာက္ ပါေမာကၡျဖစ္တဲ႔ ေဒါက္တာ စီဘရန္ဒန္မစ္သ္ခ်ယ္ (Dr. C. Brandon Mitchell) ကေတာ႔ လူအမ်ားစုဟာ ပံုမွန္ထက္ ေရပိုခ်ိဳးၾကတယ္လို႔ ဆိုပါတယ္။ မစ္သ္ခ်ယ္ က “ဆပ္ျပာတိုက္ေရခ်ိဳးလိုက္ျခင္းက အသားအရည္က ပံုမွန္ထုတ္ေပးေနတဲ႔ သဘာဝ အဆီေတြ နဲ႔ ဘက္တီးရီးယားကို တိုက္ဖ်က္ဖို႔ အေရျပားက ထုတ္ေပးတဲ႔ ဆဲလ္ေတြကို ေလ်ာ႔နည္းေစပါတယ္လို႔” ဆိုပါတယ္။ အဲ႔ဒီေတာ႔ ေရကို ဘယ္ႏွစ္ရက္ တစ္ခါခ်ိဳးၾကမလဲ။ မစ္သ္ခ်ယ္ကေတာ႔ ခႏၶာကုိယ္ အနံ႔အသက္နဲ႔ အလွအပ အတြက္ မဟုတ္ပဲ က်န္းမာေရးအတြက္ သက္သက္ ေရခ်ိဳးမယ္ဆိုရင္ေတာ႔ တစ္ပတ္ကို တစ္ၾကိမ္ ဒါမွ မဟုတ္ ႏွစ္ၾကိမ္ခ်ိဳးရင္ လံုေလာက္ျပီလို႔ ေျပာခဲ႔ပါတယ္။ လက္ကို အျမဲ သန္႔စင္ေအာင္ထားမယ္၊ အဝတ္အစားကို ပံုမွန္ လဲလွယ္မယ္ဆိုရင္လည္း က်န္းမာေရးအတြက္လံုေလာက္ပါတယ္လို႔ လာစင္က ဆိုခဲ႔ပါတယ္။

Ref: TIME: You Asked: How Often Should I Shower?

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Zym (ရိုးရာေလး)

#Unicode Version#
လူများစုဟာ ရေကြာကြာမချိုးမိရင် မိမိကိုယ်ကို မသန့်ရှင်းဘူးလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် ကျန်းမာရေးအတွက် ရေနေ့တိုင်းချိုးဖို့ တကယ်လိုအပ်သလား။ ရုတ်တရက် စဉ်းစားကြည့်ရင်တော့ ဒါက ခပ်ကြောင်ကြောင်မေးခွန်း တစ်ခုလို့ လူတိုင်း မြင်ကြမှာပါပဲ။ လူတွေက ကိုယ်နံ့တွေ၊ ချွေးတွေ အတွက် နောက်ပြီး အလှအပအတွက် ရေကို ပုံမှန်ချိုးလေ့ရှိကြတယ်။ အဲ့ဒီလို မဟုတ်ပဲ ကျန်းမာရေး ရှုထောင့်က ဆိုရင်ရော ရေကို ဘယ်နှစ်ရက်တစ်ခါ ချိုးသင့်ပါသလဲ။

ကိုလံဘီယာ သူနာပြု တက္ကသိုလ်မှာ ကူးစက်ရောဂါတွေနဲ့ ပက်သက်ပြီး သုတေသန ပြုလုပ်နေတဲ့ ဒေါက်တာ အယ်လိန်း လာစင် (Elaine Larson ) ကတော့ “ရေချိုးတယ်ဆိုတဲ့ ကိစ္စမှာ ဘာကြောင့် ရေချိုးရသလဲဆိုတဲ့ အကြောင်းပြချက် ကောင်းကောင်းတွေရှိကြတယ်။ လူတွေက ရေချိုးလိုက်ရင် ကျန်းမာရေးနဲ့ ညီညွတ်တယ်။ ပိုပြီး သန့်ရှင်းလာမယ်လို့ ထင်ကြတယ်။ ဒါပေမယ့် ဘက်တီးရီးယားပိုးတွေဖက်က ပြန်ကြည့်မယ်ဆိုရင်တော့ ဒါက မမှန်ပါဘူးလို့” လို့ ဆိုခဲ့ပါတယ်။

လာစင်ရဲ့ သုတေသန အရတော့ အခုခေတ် လူတွေ အသုံးပြုနေကြတဲ့ ဘက်တီးရီးယားတွေသေစေနိုင်တယ် ဆိုတဲ့ antibacterial ဆပ်ပြာ တွေဟာက အရင်က သုံးခဲ့ကြတဲ့ ရိုးရိုး ဆပ်ပြာတွေထက် ကူးစက်ရောဂါကို ပိုမိုကာကွယ်နိုင်မယ်ထင်ကြတယ်။ ဒါပေမယ့် မမှန်ပါဘူး။  ရေချိုးလိုက်တဲ့အခါ ကိုယ်မှ ကပ်ငြိနေတဲ့ အနံ့ဆိုးတွေ၊ ချွေးတွေကို ဖယ်ရှားပစ်နိုင်မယ်။ ဒါပေမယ့် ကျန်းမာရေးအတွက် ကာကွယ်ဖို့ ဆိုရင်တော့ လက်ကို သေချာဆေးရုံနဲ့တင် လုံလောက်ပါတယ်လို့ လာစင် က ပြောခဲ့ပါတယ်။ ရေချိုးတာများတဲ့ သူတွေဆိုရင် အသားအရေတွေခြောက်သွေ့တာတွေ၊ အသားအရည်ပါးလွှာလာပြီး အက်ကွဲလာတာတွေ၊ ရေဓာတ်ဆုံးရှုံးလာတာတွေဖြစ်နိုင်ပါတယ်လို့လည်း သူမက ဆိုခဲ့ပါသေးတယ်။

 ဂျော့ဂျ်ဝါရှင်တန် တက္ကသိုလ်က အရေပြားရောဂါဆိုင်ရာ လက်ထောက် ပါမောက္ခဖြစ်တဲ့ ဒေါက်တာ စီဘရန်ဒန်မစ်သ်ချယ် (Dr. C. Brandon Mitchell) ကတော့ လူအများစုဟာ ပုံမှန်ထက် ရေပိုချိုးကြတယ်လို့ ဆိုပါတယ်။ မစ်သ်ချယ် က “ဆပ်ပြာတိုက်ရေချိုးလိုက်ခြင်းက အသားအရည်က ပုံမှန်ထုတ်ပေးနေတဲ့ သဘာဝ အဆီတွေ နဲ့ ဘက်တီးရီးယားကို တိုက်ဖျက်ဖို့ အရေပြားက ထုတ်ပေးတဲ့ ဆဲလ်တွေကို လျော့နည်းစေပါတယ်လို့” ဆိုပါတယ်။ အဲ့ဒီတော့ ရေကို ဘယ်နှစ်ရက် တစ်ခါချိုးကြမလဲ။ မစ်သ်ချယ်ကတော့ ခန္ဓာကိုယ် အနံ့အသက်နဲ့ အလှအပ အတွက် မဟုတ်ပဲ ကျန်းမာရေးအတွက် သက်သက် ရေချိုးမယ်ဆိုရင်တော့ တစ်ပတ်ကို တစ်ကြိမ် ဒါမှ မဟုတ် နှစ်ကြိမ်ချိုးရင် လုံလောက်ပြီလို့ ပြောခဲ့ပါတယ်။ လက်ကို အမြဲ သန့်စင်အောင်ထားမယ်၊ အဝတ်အစားကို ပုံမှန် လဲလှယ်မယ်ဆိုရင်လည်း ကျန်းမာရေးအတွက်လုံလောက်ပါတယ်လို့ လာစင်က ဆိုခဲ့ပါတယ်။

Ref: TIME: You Asked: How Often Should I Shower?

ဖိုးသူတော် (www.phothutaw.com)
Credit:Zym (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top