Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အလုပ္ေလွ်ာက္ၾကတဲ့အခါ ကိုယ့္ကို အင္တာဗ်ဴးလာဝင္ဖို႔ အေၾကာင္းၾကာလာၿပီဆိုရင္ သိပ္ကို ဝမ္းသာသြား တတ္ၾကတယ္။ အဲဒီလိုပဲ ဝမ္းသာမႈေတြနဲ႔အတူ အင္တာဗ်ဴးအတြက္ ျပင္ဆင္ၾကရတယ္။ တခ်ိဳ႕ကေတာ့လည္း Google မွာ ကုမၸဏီနာမည္ကို ႐ိုက္ခ်လိုက္ၿပီ ကုမၸဏီနဲ႔ ပတ္သက္တာေတြကို လက္လွမ္းမီသေလာက္ လိုက္ၿပီး ေလ့လာၾကရတယ္။


ေနာက္ေန႔လည္းေရာက္လို႔ အင္တာဗ်ဴးသြားေျဖၾကတဲ့အခါမွာ အင္တာဗ်ဴးသူေတြ ေမးေလ့ရွိတာက အားလံုး ၿပီးဆံုးသြားတဲ့အခ်ိန္မွာ “ဘာေမးစရာမ်ား ရွိေသးလဲ။ မရွင္းတာ၊ သိခ်င္တာမ်ား ရွိေသးလား” စသျဖင့္ ေနာက္ ဆံုး ေမးခြန္းေလးေတြ ေမးတတတ္တယ္။ အဲဒီမွာ ကိုယ္ေတြကလည္း ႐ိုး႐ိုးသားသားနဲ႔ ျပန္ေျဖလိုက္မယ္၊ “မရွိပါဘူး (NO)” ေပါ့။

မိတ္ေဆြတို႔ေတာ့ မသိဘူး။ ကၽြန္ေတာ္ေတာ့ အဲဒီလို ခဏခဏဆိုသလို ေျဖခဲ့မိဖူးတယ္။ တကယ္ေတာ့ ဒီအေျဖ ဟာ သိပ္ကို မွားပါ တယ္။ ဘာလို႔လဲဆိုရင္ ဒီအေျဖေပးလိုက္တာနဲ႔ အလုပ္ရွင္ဘက္က ကိုယ္ဟာ ဒီအလုပ္နဲ႔ ပတ္သက္ၿပီး ဘာမွ ျပင္ဆင္ထားတာမ်ိဳး မရွိေသးဘူး၊ အလုပ္လုပ္ဖို႔ စိတ္ႏွစ္ျမႇဳပ္ထားတာ မဟုတ္တန္ရာဘူး စသျဖင့္ အထင္ျမင္လြဲမွား သြားေစႏိုင္ပါတယ္။


ဒါေၾကာင့္ Google ကေန ရွာၿပီးလိုက္ဖတ္ၾကည့္ခဲ့၊ ေလ့လာခဲ့စဥ္က ကုမၸဏီနဲ႔ပတ္သက္ၿပီး အျပစ္အနာအဆာ မရွိေလာက္ေအာင္ကို ေကာင္းမြန္ေနတယ္ပဲထားပါ၊ ဒါေပမဲ့ Yes/No ဆိုတဲ့ အေျဖေတြ ျပန္ေပးမဲ့အစား ေလာဂ်စ္ေမးခြန္းေလးေတြ ျပန္ေမးေပးသင့္တယ္။ ဒါမွလည္း အလုပ္ရွင္က ကိုယ့္ေပၚ ယံုၾကည္မႈရွိလာမယ္။ ကိုယ့္ရဲ႕ အနာဂတ္ အခြင့္အလမ္းေတြလည္း ပြင့္ထြက္လာႏိုင္မွာ ျဖစ္ပါ တယ္။

အလုပ္ရွင္ကလည္း ဒါမွ သင့္မွာ ႀကိဳတင္ျပင္ဆင္မႈရွိတယ္လို႔ ျမင္လာမယ္။ ၿပီးေတာ့ သင္ဟာ အလုပ္ထဲကို အမွန္တကယ္ စိတ္ႏွစ္ထားသူလို႔ ျမင္လာပါလိမ့္မယ္။ ဒါေၾကာင့္ အင္တာဗ်ဴးဝင္ၿပီး ေနာက္ဆံုး ျပန္ထြက္မလာခင္မွာ ေမးခဲ့သင့္တဲ့ ေလာဂ်စ္ဆန္ ဆန္ ေမးခြန္းေလးတခ်ိဳ႕ကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္။


၁။ ဘယ္လိုေလ့က်င့္မႈမ်ိဳးေတြ လုပ္ေပးမွာလဲ

ေလ့က်င့္မႈဆိုတာ ကုမၸဏီတစ္ခုအတြက္ အဓိကက်တဲ့ က႑တစ္ခုျဖစ္ၿပီး သင့္အေနနဲ႔ အလုပ္စဝင္ရင္လည္း ေလ့က်င့္မႈကိေနပဲ စရတယ္။ ဒါေၾကာင့္ ဒီေမးခြန္းမ်ိဳးကို ေမးၾကတဲ့အခါမွာ မိမိကိုယ္ကိုယ္ ယံုၾကည္မႈရွိပါ။ လုပ္ငန္းရွင္ေတြဘက္ကလည္း ကိုယ့္ကို စူးစမ္းရွာေဖြၿပီး ေလ့လာတတ္တဲ့ လူတစ္ေယာက္ျဖစ္တယ္လို႔ ျမင္လာ ေစပါတယ္။

ဒီေမးခြန္း ေမးျမန္းရျခင္းရဲ႕ အဓိကရည္ရြယ္ခ်က္ ကေတာ့ စေကးအသစ္ေတြကို သင္ယူဖို႔ စိတ္အား ထက္သန္မႈရွိတယ္ဆိုတာ ျပသလိုတဲ့သေဘာျဖစ္ၿပီး ကိုယ္ကိုင္တြယ္မယ့္ တာဝန္နဲ႔ပတ္သက္ၿပီးေတာ့လည္း develop ျဖစ္ေအာင္ စြမ္းေဆာင္လိုေၾကာင္းလည္း ျပသရာေရာက္ပါတယ္။

၂။ ေန႔စဥ္လုပ္ရမယ့္ ကၽြန္ေတာ့္တာဝန္ေတြနဲ႔ ပတ္သက္ၿပီး အတိုခ်ံဳးၿပီး ေျပာျပႏိုင္မလား

ဒီလိုေမးျမန္းလိုက္ျခင္းက အက်ိဳးရွိေစပါတယ္။ ဘာလို႔လဲဆိုရင္ ဒီေမးခြန္းကေန ထြက္ေပၚလာႏိုင္တာက ကိုယ္လုပ္ရမယ့္ လုပ္ငန္းတာဝန္ေတြရယ္၊ ကိုယ့္ကို အလုပ္ေပးမေပးရယ္ စတာေတြကို ဒီေမးခြန္းရဲ႕ အေျဖကေန သိရႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္အေနနဲ႔ ကလည္း ကိုယ္လုပ္ရမယ့္ တာဝန္ေတြအေပၚမွာ ေကာင္းေကာင္း ကိုင္တြယ္ႏိုင္မလား၊ မကိုင္တြယ္ႏိုင္ေလာက္ဘူးလား ဆိုတာ တစ္ပါတည္း ခ်ိန္ထိုးၾကည့္ႏိုင္မယ္။

၃။ ဒီကုမၸဏီနဲ႔ပတ္သက္ၿပီး အေသးစိတ္ကို နည္းနည္းေလာက္ ေျပာျပေပးပါလား


ဒီလိုေျပာလိုက္တဲ့အခါမွာ တခ်ိဳ႕ လုပ္ငန္းရွင္ေတြကေတာ့ “ကိုယ့္အေနနဲ႔ ဒီကုမၸဏီအေၾကာင္းကို ကိုယ္တိုင္ ေလ့လာထားရမွာ ျဖစ္ေၾကာင္း” ကို တိုက္႐ိုက္ပဲ တံု႔ျပန္တတ္ၾကပါတယ္။ အဲဒီလို အေျခအေနမ်ိဳးနဲ႔ ရင္ဆိုင္လာရ ၿပီဆိုရင္ ကိုယ့္ဘက္က ပါးနပ္ဖို႔ပဲ လိုပါတယ္။ အဲဒီေတာ့ “ဟုတ္ကဲ့ဗ်၊ ကၽြန္ေတာ္ေျပာခ်င္တာက ဒီကုမၸဏီရဲ႕ culture ပဲျဖစ္ျဖစ္၊ ဒါမွမဟုတ္ အေရးအႀကီးဆံုး အေျခခံအခ်က္ေလးေတြနဲ႔ပတ္သက္ၿပီ အေသးစိတ္ကို အတိုခ်ဳပ္သေဘာေလာက္ေလး သိခ်င္တာပါ” စသျဖင့္ ေရလာေျမာင္းေပး စကားအရာေျမာက္ေအာင္ ျပန္ေမးေပးပါ။

၄။ ဒီအလုပ္က ဘယ္လိုမ်ိဳး career အခြင့္အလမ္းေတြ ေပးႏိုင္မလဲ

ေနာက္ဆံုးမွာ အရာအားလံုးက ကိုယ့္ရဲ႕ အနာဂတ္အသက္ေမြးဝမ္းေက်ာင္းမႈနဲ႔ ဆက္စပ္ေနရမယ္။ ဒါေၾကာင့္ ဒီေမးခြန္းကို ေမးၿပီး ဒီကုမၸဏီက ကိုယ့္ရဲ႕ တိုးတက္မႈနဲ႔ပတ္သက္ၿပီး ဘယ္ေလာက္အေထာက္အကူ ျပဳေပးႏိုင္လဲဆိုတာ တိတိက်က် သိႏိုင္ေအာင္ ႀကံေဆာင္ရမယ္။

Reference: youngisthan

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
အလုပ်လျှောက်ကြတဲ့အခါ ကိုယ့်ကို အင်တာဗျူးလာဝင်ဖို့ အကြောင်းကြာလာပြီဆိုရင် သိပ်ကို ဝမ်းသာသွား တတ်ကြတယ်။ အဲဒီလိုပဲ ဝမ်းသာမှုတွေနဲ့အတူ အင်တာဗျူးအတွက် ပြင်ဆင်ကြရတယ်။ တချို့ကတော့လည်း Google မှာ ကုမ္ပဏီနာမည်ကို ရိုက်ချလိုက်ပြီ ကုမ္ပဏီနဲ့ ပတ်သက်တာတွေကို လက်လှမ်းမီသလောက် လိုက်ပြီး လေ့လာကြရတယ်။


နောက်နေ့လည်းရောက်လို့ အင်တာဗျူးသွားဖြေကြတဲ့အခါမှာ အင်တာဗျူးသူတွေ မေးလေ့ရှိတာက အားလုံး ပြီးဆုံးသွားတဲ့အချိန်မှာ “ဘာမေးစရာများ ရှိသေးလဲ။ မရှင်းတာ၊ သိချင်တာများ ရှိသေးလား” စသဖြင့် နောက် ဆုံး မေးခွန်းလေးတွေ မေးတတတ်တယ်။ အဲဒီမှာ ကိုယ်တွေကလည်း ရိုးရိုးသားသားနဲ့ ပြန်ဖြေလိုက်မယ်၊ “မရှိပါဘူး (NO)” ပေါ့။

မိတ်ဆွေတို့တော့ မသိဘူး။ ကျွန်တော်တော့ အဲဒီလို ခဏခဏဆိုသလို ဖြေခဲ့မိဖူးတယ်။ တကယ်တော့ ဒီအဖြေ ဟာ သိပ်ကို မှားပါ တယ်။ ဘာလို့လဲဆိုရင် ဒီအဖြေပေးလိုက်တာနဲ့ အလုပ်ရှင်ဘက်က ကိုယ်ဟာ ဒီအလုပ်နဲ့ ပတ်သက်ပြီး ဘာမှ ပြင်ဆင်ထားတာမျိုး မရှိသေးဘူး၊ အလုပ်လုပ်ဖို့ စိတ်နှစ်မြှုပ်ထားတာ မဟုတ်တန်ရာဘူး စသဖြင့် အထင်မြင်လွဲမှား သွားစေနိုင်ပါတယ်။


ဒါကြောင့် Google ကနေ ရှာပြီးလိုက်ဖတ်ကြည့်ခဲ့၊ လေ့လာခဲ့စဉ်က ကုမ္ပဏီနဲ့ပတ်သက်ပြီး အပြစ်အနာအဆာ မရှိလောက်အောင်ကို ကောင်းမွန်နေတယ်ပဲထားပါ၊ ဒါပေမဲ့ Yes/No ဆိုတဲ့ အဖြေတွေ ပြန်ပေးမဲ့အစား လောဂျစ်မေးခွန်းလေးတွေ ပြန်မေးပေးသင့်တယ်။ ဒါမှလည်း အလုပ်ရှင်က ကိုယ့်ပေါ် ယုံကြည်မှုရှိလာမယ်။ ကိုယ့်ရဲ့ အနာဂတ် အခွင့်အလမ်းတွေလည်း ပွင့်ထွက်လာနိုင်မှာ ဖြစ်ပါ တယ်။

အလုပ်ရှင်ကလည်း ဒါမှ သင့်မှာ ကြိုတင်ပြင်ဆင်မှုရှိတယ်လို့ မြင်လာမယ်။ ပြီးတော့ သင်ဟာ အလုပ်ထဲကို အမှန်တကယ် စိတ်နှစ်ထားသူလို့ မြင်လာပါလိမ့်မယ်။ ဒါကြောင့် အင်တာဗျူးဝင်ပြီး နောက်ဆုံး ပြန်ထွက်မလာခင်မှာ မေးခဲ့သင့်တဲ့ လောဂျစ်ဆန် ဆန် မေးခွန်းလေးတချို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။


၁။ ဘယ်လိုလေ့ကျင့်မှုမျိုးတွေ လုပ်ပေးမှာလဲ

လေ့ကျင့်မှုဆိုတာ ကုမ္ပဏီတစ်ခုအတွက် အဓိကကျတဲ့ ကဏ္ဍတစ်ခုဖြစ်ပြီး သင့်အနေနဲ့ အလုပ်စဝင်ရင်လည်း လေ့ကျင့်မှုကိနေပဲ စရတယ်။ ဒါကြောင့် ဒီမေးခွန်းမျိုးကို မေးကြတဲ့အခါမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပါ။ လုပ်ငန်းရှင်တွေဘက်ကလည်း ကိုယ့်ကို စူးစမ်းရှာဖွေပြီး လေ့လာတတ်တဲ့ လူတစ်ယောက်ဖြစ်တယ်လို့ မြင်လာ စေပါတယ်။

ဒီမေးခွန်း မေးမြန်းရခြင်းရဲ့ အဓိကရည်ရွယ်ချက် ကတော့ စကေးအသစ်တွေကို သင်ယူဖို့ စိတ်အား ထက်သန်မှုရှိတယ်ဆိုတာ ပြသလိုတဲ့သဘောဖြစ်ပြီး ကိုယ်ကိုင်တွယ်မယ့် တာဝန်နဲ့ပတ်သက်ပြီးတော့လည်း develop ဖြစ်အောင် စွမ်းဆောင်လိုကြောင်းလည်း ပြသရာရောက်ပါတယ်။
၂။ နေ့စဉ်လုပ်ရမယ့် ကျွန်တော့်တာဝန်တွေနဲ့ ပတ်သက်ပြီး အတိုချုံးပြီး ပြောပြနိုင်မလား

ဒီလိုမေးမြန်းလိုက်ခြင်းက အကျိုးရှိစေပါတယ်။ ဘာလို့လဲဆိုရင် ဒီမေးခွန်းကနေ ထွက်ပေါ်လာနိုင်တာက ကိုယ်လုပ်ရမယ့် လုပ်ငန်းတာဝန်တွေရယ်၊ ကိုယ့်ကို အလုပ်ပေးမပေးရယ် စတာတွေကို ဒီမေးခွန်းရဲ့ အဖြေကနေ သိရနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ ကလည်း ကိုယ်လုပ်ရမယ့် တာဝန်တွေအပေါ်မှာ ကောင်းကောင်း ကိုင်တွယ်နိုင်မလား၊ မကိုင်တွယ်နိုင်လောက်ဘူးလား ဆိုတာ တစ်ပါတည်း ချိန်ထိုးကြည့်နိုင်မယ်။

၃။ ဒီကုမ္ပဏီနဲ့ပတ်သက်ပြီး အသေးစိတ်ကို နည်းနည်းလောက် ပြောပြပေးပါလား

ဒီလိုပြောလိုက်တဲ့အခါမှာ တချို့ လုပ်ငန်းရှင်တွေကတော့ “ကိုယ့်အနေနဲ့ ဒီကုမ္ပဏီအကြောင်းကို ကိုယ်တိုင် လေ့လာထားရမှာ ဖြစ်ကြောင်း” ကို တိုက်ရိုက်ပဲ တုံ့ပြန်တတ်ကြပါတယ်။ အဲဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်လာရ ပြီဆိုရင် ကိုယ့်ဘက်က ပါးနပ်ဖို့ပဲ လိုပါတယ်။ အဲဒီတော့ “ဟုတ်ကဲ့ဗျ၊ ကျွန်တော်ပြောချင်တာက ဒီကုမ္ပဏီရဲ့ culture ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အရေးအကြီးဆုံး အခြေခံအချက်လေးတွေနဲ့ပတ်သက်ပြီ အသေးစိတ်ကို အတိုချုပ်သဘောလောက်လေး သိချင်တာပါ” စသဖြင့် ရေလာမြောင်းပေး စကားအရာမြောက်အောင် ပြန်မေးပေးပါ။
၄။ ဒီအလုပ်က ဘယ်လိုမျိုး career အခွင့်အလမ်းတွေ ပေးနိုင်မလဲ

နောက်ဆုံးမှာ အရာအားလုံးက ကိုယ့်ရဲ့ အနာဂတ်အသက်မွေးဝမ်းကျောင်းမှုနဲ့ ဆက်စပ်နေရမယ်။ ဒါကြောင့် ဒီမေးခွန်းကို မေးပြီး ဒီကုမ္ပဏီက ကိုယ့်ရဲ့ တိုးတက်မှုနဲ့ပတ်သက်ပြီး ဘယ်လောက်အထောက်အကူ ပြုပေးနိုင်လဲဆိုတာ တိတိကျကျ သိနိုင်အောင် ကြံဆောင်ရမယ်။

Reference: youngisthan

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top