Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရန္ကုန္ၿမိဳ႕တြင္း ခရီးသည္မ်ားက ယာဥ္စီးခအျဖစ္ ေပးေသာ ေငြစကၠဴမ်ားထဲမွ သံုးမရေသာ ေငြစကၠဴမွာ တစ္လလွ်င္ က်ပ္ ၁၄ သိန္းခန္႔ရွိေၾကာင္း ရန္ကုန္ၿမိဳ႕ျပ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ ေရးကုမၸဏီ YUPT ထံမွ သိရသည္။

“သံုးလို႔ကို မရေတာ့တဲ့ ေငြအစုတ္ေတြကို ဗဟိုဘဏ္မွာ ျပန္လဲေနရတယ္။ ေငြအၿပဲေတြကို တိပ္နဲ႔ကပ္၊ မီးပူတိုက္ၿပီးမွ လဲရတာပါ။ ဒီေန႔အထိ ေငြအစုတ္ေတြကို ထည့္တာရွိေနတုန္းပဲ”ဟု YUPT ကုမၸဏီ အမႈေဆာင္အရာရွိခ်ဳပ္ ဦးေမာင္ေမာင္လြင္က ဆိုသည္။

ဗဟိုဘဏ္တြင္ ေငြစကၠဴ အစုတ္အၿပဲမ်ားကို တစ္လလွ်င္ ႏွစ္ႀကိမ္ လဲလွယ္ၿပီး ဩဂုတ္လ ဒုတိယအပတ္က ေငြစကၠဴအစုတ္ က်ပ္ခုနစ္သိန္းဖိုးကို မူလတန္ဖိုးအတိုင္း လဲလွယ္ထားၿပီးျဖစ္ေၾကာင္း ၎က ေျပာၾကားသည္။

ေန႔စဥ္ ခရီးသည္မ်ားထံမွ က်ပ္ တစ္ရာတန္၊ က်ပ္ ႏွစ္ရာတန္ႏွင့္ က်ပ္ငါးရာတန္ အပါအဝင္ အေႂကြက်ပ္သိန္း ၆၀ မွ ၁၀ဝ ၾကားအထိ ရရွိေနၿပီး အဆိုပါအေႂကြမ်ားကို ခရီးသြားျပည္သူမ်ားထံ ျပန္လည္လဲလွယ္ေပးေၾကာင္း YUPT ကုမၸဏီထံမွ သိရသည္။

ထိုအျပင္ YBS ယာဥ္လိုင္း ၁၁ လိုင္း တာဝန္ယူ ေျပးဆြဲသည့္ ေခတ္သစ္ဘုရင့္ေနာင္ ကုမၸဏီတြင္လည္း ခရီးသြား ျပည္သူမ်ားအေနႏွင့္ ေငြစကၠဴအၿပဲမ်ား ေငြပံုးအတြင္း ထည့္ျခင္းမွာ တစ္ရက္လွ်င္ ဆယ္ရာခိုင္ႏႈန္းခန္႔ရွိေၾကာင္း အဆိုပါ ကုမၸဏီထံမွ သိရသည္။

ယာဥ္စီးခ အေႂကြမရွိျခင္း ျပႆနာ ေျပလည္ရန္ ေငြအေႂကြလဲေပးျခင္း လုပ္ငန္းကို ယာဥ္လိုင္း ၂၀ ေက်ာ္ ေျပးဆြဲသည့္ YUPT ကုမၸဏီအျပင္ ယာဥ္လိုင္း ေျခာက္လိုင္းကို တာဝန္ယူ ေျပးဆြဲေသာ Omni Focus ကုမၸဏီႏွင့္ YBS 22 ယာဥ္လိုင္း ေျပးဆြဲသည့္ ေခတ္သစ္ၿငိမ္းခ်မ္းေရး ကုမၸဏီတို႔လည္း ေန႔စဥ္ ေငြအေႂကြမ်ား လဲေပးေနေၾကာင္း အဆိုပါ ကုမၸဏီမ်ားထံမွ သိရသည္။

ဗဟိုဘဏ္က ခရီးသည္မ်ား အေႂကြ ရွားပါးမႈျပႆနာ ေျပလည္ေစရန္ အေႂကြ က်ပ္ ၁၈ ဘီလီယံခန္႔ကို ဩဂုတ္လအတြက္ အစိုးရဝန္ထမ္းမ်ား လစာေပးရာတြင္ ထည့္သြင္းေပးမည္ျဖစ္ၿပီး က်ပ္ တစ္ရာတန္၊ က်ပ္ ႏွစ္ရာတန္၊ က်ပ္ ငါးရာတန္မ်ား ပါဝင္မည္ျဖစ္ေၾကာင္း ဗဟိုဘဏ္ထံမွ သိရသည္။

YBS ဘတ္စ္ကားမ်ားတြင္ ယာဥ္ေနာက္လိုက္မ်ား မထားဘဲ ခရီးသည္မ်ားက ေငြပံုးအတြင္းသို႔ ကိုယ္တိုင္ အေႂကြထည့္၍ စီးနင္းရသည့္စနစ္သို႔ ေျပာင္းလဲခ်ိန္တြင္ ရန္ကုန္ၿမိဳ႕၌ အေႂကြရွားပါးမႈ ပိုမိုဆိုး႐ြားလာၿပီး အမ်ားျပည္သူအၾကား အေႂကြသံုးစြဲႏိုင္မႈ ျမင့္တက္လာေစရန္ ဝန္ထမ္းမ်ား လစာေပးရာတြင္ အေႂကြမ်ား ထည့္သြင္းေပးရန္ စီစဥ္ျခင္းျဖစ္ေၾကာင္း၊ ဗဟိုဘဏ္တြင္ ေငြစကၠဴ အေႂကြ အလံုအေလာက္ရွိေၾကာင္း ဗဟိုဘဏ္၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thevoicemyanmar

#Unicode Version#

ရန်ကုန်မြို့တွင်း ခရီးသည်များက ယာဉ်စီးခအဖြစ် ပေးသော ငွေစက္ကူများထဲမှ သုံးမရသော ငွေစက္ကူမှာ တစ်လလျှင် ကျပ် ၁၄ သိန်းခန့်ရှိကြောင်း ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင် ရေးကုမ္ပဏီ YUPT ထံမှ သိရသည်။

“သုံးလို့ကို မရတော့တဲ့ ငွေအစုတ်တွေကို ဗဟိုဘဏ်မှာ ပြန်လဲနေရတယ်။ ငွေအပြဲတွေကို တိပ်နဲ့ကပ်၊ မီးပူတိုက်ပြီးမှ လဲရတာပါ။ ဒီနေ့အထိ ငွေအစုတ်တွေကို ထည့်တာရှိနေတုန်းပဲ”ဟု YUPT ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်လွင်က ဆိုသည်။

ဗဟိုဘဏ်တွင် ငွေစက္ကူ အစုတ်အပြဲများကို တစ်လလျှင် နှစ်ကြိမ် လဲလှယ်ပြီး ဩဂုတ်လ ဒုတိယအပတ်က ငွေစက္ကူအစုတ် ကျပ်ခုနစ်သိန်းဖိုးကို မူလတန်ဖိုးအတိုင်း လဲလှယ်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

နေ့စဉ် ခရီးသည်များထံမှ ကျပ် တစ်ရာတန်၊ ကျပ် နှစ်ရာတန်နှင့် ကျပ်ငါးရာတန် အပါအဝင် အကြွေကျပ်သိန်း ၆၀ မှ ၁၀ဝ ကြားအထိ ရရှိနေပြီး အဆိုပါအကြွေများကို ခရီးသွားပြည်သူများထံ ပြန်လည်လဲလှယ်ပေးကြောင်း YUPT ကုမ္ပဏီထံမှ သိရသည်။

ထိုအပြင် YBS ယာဉ်လိုင်း ၁၁ လိုင်း တာဝန်ယူ ပြေးဆွဲသည့် ခေတ်သစ်ဘုရင့်နောင် ကုမ္ပဏီတွင်လည်း ခရီးသွား ပြည်သူများအနေနှင့် ငွေစက္ကူအပြဲများ ငွေပုံးအတွင်း ထည့်ခြင်းမှာ တစ်ရက်လျှင် ဆယ်ရာခိုင်နှုန်းခန့်ရှိကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

ယာဉ်စီးခ အကြွေမရှိခြင်း ပြဿနာ ပြေလည်ရန် ငွေအကြွေလဲပေးခြင်း လုပ်ငန်းကို ယာဉ်လိုင်း ၂၀ ကျော် ပြေးဆွဲသည့် YUPT ကုမ္ပဏီအပြင် ယာဉ်လိုင်း ခြောက်လိုင်းကို တာဝန်ယူ ပြေးဆွဲသော Omni Focus ကုမ္ပဏီနှင့် YBS 22 ယာဉ်လိုင်း ပြေးဆွဲသည့် ခေတ်သစ်ငြိမ်းချမ်းရေး ကုမ္ပဏီတို့လည်း နေ့စဉ် ငွေအကြွေများ လဲပေးနေကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရသည်။

ဗဟိုဘဏ်က ခရီးသည်များ အကြွေ ရှားပါးမှုပြဿနာ ပြေလည်စေရန် အကြွေ ကျပ် ၁၈ ဘီလီယံခန့်ကို ဩဂုတ်လအတွက် အစိုးရဝန်ထမ်းများ လစာပေးရာတွင် ထည့်သွင်းပေးမည်ဖြစ်ပြီး ကျပ် တစ်ရာတန်၊ ကျပ် နှစ်ရာတန်၊ ကျပ် ငါးရာတန်များ ပါဝင်မည်ဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

YBS ဘတ်စ်ကားများတွင် ယာဉ်နောက်လိုက်များ မထားဘဲ ခရီးသည်များက ငွေပုံးအတွင်းသို့ ကိုယ်တိုင် အကြွေထည့်၍ စီးနင်းရသည့်စနစ်သို့ ပြောင်းလဲချိန်တွင် ရန်ကုန်မြို့၌ အကြွေရှားပါးမှု ပိုမိုဆိုးရွားလာပြီး အများပြည်သူအကြား အကြွေသုံးစွဲနိုင်မှု မြင့်တက်လာစေရန် ဝန်ထမ်းများ လစာပေးရာတွင် အကြွေများ ထည့်သွင်းပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ ဗဟိုဘဏ်တွင် ငွေစက္ကူ အကြွေ အလုံအလောက်ရှိကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: thevoicemyanmar


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top