Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေယာင္းတို႔ေရ…Hanaတို႔ မိန္းကေလးေတြမွာ အရမ္းခ်စ္ရပါေသာ္လည္း ခ်စ္သူလည္း မေတာ္ခ်င္တဲ့ သူငယ္ခ်င္းခ်စ္သူ ဆိုတာမ်ိဳးေလးေတြ ရွိတတ္ၾကတယ္ေလ.. အခုHanaသူငယ္ခ်င္းတစ္ေယာက္ရဲ႕ အျဖစ္ေလးကို ေျပာျပမယ္.. ပုံျပင္ေလးတစ္ပုဒ္လို ဖတ္ေပးၿပီး အၾကံေပးၾကေနာ္…

သူမနာမည္က ေမေလးပါ။ ေမေလးမွာ ငယ္ငယ္ထဲက ပုခံုးဖက္ေပါင္းလာတဲ့ အရမ္းခင္ရတဲ့ သူငယ္ခ်င္း ဇာနည္ဆိုတာရွိတယ္။ ေမေလးနဲ့ ဇာနည္ဆိုတာ ငယ္ငယ္ထဲက ကိုယ့္အိမ္သူ႔အိမ္လို ၀င္ထြက္သြားလာေနတဲ့ သူငယ္ခ်င္းအရင္းၾကီးေတြရယ္… ဒီလိုနဲ႔ပဲ သူငယ္ခ်င္းႏွစ္ေယာက္ အတူသြား၊အတူစားနဲ႔ ေနလာၾကတာ သီးခ်ိန္တန္သီး ၊ပြင့္ခ်ိန္တန္ပြင့္ဆိုတဲ့ အရြယ္ကိုေရာက္လာပါေတာ့တယ္။

ေမေလးက လွလည္းလွ စာေလးလည္းေတာ္ေတာ့ ေဘးနားမွာ ပုရိသေယာက်္ားေတြက ၀ိုင္း၀ိုင္းလည္ေနတာေပါ့ေနာ္။ ေမေလးကို ေကာင္ေလးေတြ လိုက္စကားေျပာတိုင္း လိုက္ေႏွာက္ယွက္တိုင္း ဇာနည္ကပဲ လိုက္ျပီးကာကြယ္ေပးတယ္။ ေမေလးဆိုတာကလည္း ရတာမလို ၊ လိုတာမရ ဆိုသလိုပဲ သူ႕ေဘးနားမွာ ၀ိုင္းေနတာေတြ တစ္ပံုၾကီးရွိပါရဲ႕နဲ႔ သူ႔ကိုခပ္ေခ်ေခ်ေနတဲ့ ေကာင္ေလးေတြကိုမွ အသည္းအသန္ သြားcrushတဲ့အမ်ိဳး… ေဟာ…အဲေကာင္ေလးေတြက ျပန္ၾကိဳက္လို႔ ေမေလးနဲ႔ တြဲပါျပီရဲ႕ ဆိုရင္လည္း အမ်ားဆံုးခံ ၂လ၊၃လပဲ…. တကယ့္ လူရႈပ္ေတြကိုမွ မယ္မင္းၾကီးမက သြားၾကိဳက္တာကို..

ျပီးသြားရင္ အသည္းေတြကဲြျပီး ဇာနည္ဆီသြားငို ၊ ဟိုကလည္း ကိုယ့္သူငယ္ခ်င္းၾကီး အဲလိုခံစားေနရေတာ့ စိတ္တိုတာေပါ့။ ‘ ေနာက္လံုး၀ ရည္းစားထပ္မထားေတာ့ဘူး.. ငါတကယ္စိတ္ကုန္သြားျပီ ‘ ဆိုတာက ေမေလးရဲ႕ လက္သံုးစကား .. ေဟာ..ျပီးရင္ သိပ္မၾကာပါဘူး။ ဇာနည္ေတာင္ မသိလိုက္ရခင္ ေနာက္တစ္ေယာက္ရသြားျပန္ေရာ… ျပီးရင္ ကြဲျပန္ေရာ… ဇာနည္ကေတာ့ ေမေလးဒီလိုၾကံဳလာတိုင္း ေမေလးစိတ္ေပ်ာ္ေအာင္ သူလုပ္ခ်င္တာေတြ ျဖစ္ခ်င္တာေတြ အကုန္လိုက္လုပ္ေပးတယ္။

ဒီလိုနဲ႔ တစ္ေန႔ဇာနည္ဆီကေန ေမေလးလံုး၀ မထင္မွတ္တာၾကားလိုက္ရတယ္။ သူ႕မွာေကာင္မေလးရေနျပီတဲ့။ ေမေလးက ဇာနည္ကို ကိုယ့္လူလို သတ္မွတ္ထားတာ.. ခုလို သူမ်ားလူျဖစ္သြားတာ သိလိုက္ရခ်ိန္မွာ ေမေလး ေခါင္းေတြထူပူလာတယ္။ ကိုယ္တကယ္လိုအပ္ေနတဲ့ အရာကိုယ့္ေဘးနားမွာ ရွိေနတာကို ဆံုးရႈံးသြားမွ သိလိုက္ရသလိုမ်ိဳး… တကယ္ေတာ့ ေမေလးစိတ္ထဲမွာ အရမ္း၀မ္းနည္းသြားေပမယ့္ ေကာင္းတာေပါ့ ဆိုတဲ့ စကားတစ္ခြန္းနဲ႔ပဲ တံု႔ျပန္လိုက္တယ္။

သူရည္းစားရသြားျပီဆိုေတာ့ ေမေလးသူ႔ကို အရင္လို လိုအပ္တိုင္းလိုက္မရွာေနေတာ့ဘူး။ ခပ္ခြာခြာပဲေနေတာ့တယ္။ ဒါ့အျပင္ ေမေလးတစ္ေယာက္ တကယ္ကိုျငိမ္က် သြားလိုက္တာ ။ ဘယ္ေကာင္ေလးနဲ႔မွလည္း မပတ္သတ္ေတာ့ဘူး။

တစ္လေလာက္ၾကာေတာ့ ဇာနည္က ေျပာလာတယ္။ အခုေကာင္မေလးကို ျဖတ္လိုက္ေတာ့မယ္ သူမခ်စ္ေတာ့ဘူးတဲ့ ..သူ႔ရင္ထဲမွာ အရင္ထဲက ရွိေနတာ သပ္သပ္ရွိျပီးသား ..တျခားတစ္ေယာက္ကို ေျပာင္းလို႔ရမလား အစားထိုးၾကည့္တာတဲ့..

ဇာနည္ေျပာတဲ့ စကားေတြကို ေမေလးနားလည္တယ္။ ဘာကို ဆိုလိုခ်င္မွန္းလည္း သိတယ္။ ဒါေပမယ့္ေမေလးဘက္ကလည္း ဘာမွ မတံု႔ျပန္ခဲ့သလို ဇာနည္ဘက္ကလည္း ဘာမွ ေသေသခ်ာခ်ာ ဖြင့္မေျပာလာခဲ့ဘူး။ ေမေလးေရာ ဇာနည္ေရာ ေၾကာက္ေနတာက ခ်စ္သူေတြျဖစ္သြားျပီးမွ အခန္႔မသင့္လို႔ ျပတ္သြားခဲ့ရင္ သူစိမ္းေတြျဖစ္သြားႏိုင္တယ္ ဆိုတာကိုပါပဲ..

ေမေလး သူ႕ကိုအရမ္းခ်စ္တာမွန္ေပမယ့္ သူ႔ကိုဆံုးရံႈးရမွာလည္းေၾကာက္တယ္။ ဟုတ္တယ္.. ဇာနည္လည္း ေမေလးကိုခ်စ္တယ္… ဒါေပမဲ့ သူ႔တစ္သက္လံုး ဖြင့္မေျပာလာခဲ့ဘူး။ ဒီလိုနဲ႔ပဲ ေမေလးနဲ႔ဇာနည္တို႔ ဇာတ္လမ္းက ဒီလိုပဲ၊ ဒီအတိုင္းပဲ ဆိုတာမ်ိဳး ဇာတ္ေမ်ာႀကီးျဖစ္ေနပါေတာ့တယ္။

ေယာင္းတို႔မွာေရာ အဲလိုမ်ိဳး အရမ္းခ်စ္ရေသာ္လည္း ရည္းစားမေတာ္ခ်င္သလို ကိုယ္နဲ႔မဟုတ္ပဲ တျခားေကာင္မေလးနဲ႔ ၾကိဳက္သြားမွာကိုလဲ မလိုလားတဲ့ သူငယ္ခ်င္းခ်စ္သူရွိလား။ ေယာင္းတို႔ ေရာ ေမေလးေနရာမွာဆို ဘယ္လိုဆက္လုပ္ၾကမလဲ။ အၾကံေပးၾကဦးေနာ္…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hana(For Her Myanmar)

#Unicode Version#
ယောင်းတို့ရေ…Hanaတို့ မိန်းကလေးတွေမှာ အရမ်းချစ်ရပါသော်လည်း ချစ်သူလည်း မတော်ချင်တဲ့ သူငယ်ချင်းချစ်သူ ဆိုတာမျိုးလေးတွေ ရှိတတ်ကြတယ်လေ.. အခုHanaသူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်လေးကို ပြောပြမယ်.. ပုံပြင်လေးတစ်ပုဒ်လို ဖတ်ပေးပြီး အကြံပေးကြနော်…

သူမနာမည်က မေလေးပါ။ မေလေးမှာ ငယ်ငယ်ထဲက ပုခုံးဖက်ပေါင်းလာတဲ့ အရမ်းခင်ရတဲ့ သူငယ်ချင်း ဇာနည်ဆိုတာရှိတယ်။ မေလေးနဲ့ ဇာနည်ဆိုတာ ငယ်ငယ်ထဲက ကိုယ့်အိမ်သူ့အိမ်လို ဝင်ထွက်သွားလာနေတဲ့ သူငယ်ချင်းအရင်းကြီးတွေရယ်… ဒီလိုနဲ့ပဲ သူငယ်ချင်းနှစ်ယောက် အတူသွား၊အတူစားနဲ့ နေလာကြတာ သီးချိန်တန်သီး ၊ပွင့်ချိန်တန်ပွင့်ဆိုတဲ့ အရွယ်ကိုရောက်လာပါတော့တယ်။

မေလေးက လှလည်းလှ စာလေးလည်းတော်တော့ ဘေးနားမှာ ပုရိသယောကျ်ားတွေက ဝိုင်းဝိုင်းလည်နေတာပေါ့နော်။ မေလေးကို ကောင်လေးတွေ လိုက်စကားပြောတိုင်း လိုက်နှောက်ယှက်တိုင်း ဇာနည်ကပဲ လိုက်ပြီးကာကွယ်ပေးတယ်။ မေလေးဆိုတာကလည်း ရတာမလို ၊ လိုတာမရ ဆိုသလိုပဲ သူ့ဘေးနားမှာ ဝိုင်းနေတာတွေ တစ်ပုံကြီးရှိပါရဲ့နဲ့ သူ့ကိုခပ်ချေချေနေတဲ့ ကောင်လေးတွေကိုမှ အသည်းအသန် သွားcrushတဲ့အမျိုး… ဟော…အဲကောင်လေးတွေက ပြန်ကြိုက်လို့ မေလေးနဲ့ တွဲပါပြီရဲ့ ဆိုရင်လည်း အများဆုံးခံ ၂လ၊၃လပဲ…. တကယ့် လူရှုပ်တွေကိုမှ မယ်မင်းကြီးမက သွားကြိုက်တာကို..

ပြီးသွားရင် အသည်းတွေကွဲပြီး ဇာနည်ဆီသွားငို ၊ ဟိုကလည်း ကိုယ့်သူငယ်ချင်းကြီး အဲလိုခံစားနေရတော့ စိတ်တိုတာပေါ့။ ‘ နောက်လုံး၀ ရည်းစားထပ်မထားတော့ဘူး.. ငါတကယ်စိတ်ကုန်သွားပြီ ‘ ဆိုတာက မေလေးရဲ့ လက်သုံးစကား .. ဟော..ပြီးရင် သိပ်မကြာပါဘူး။ ဇာနည်တောင် မသိလိုက်ရခင် နောက်တစ်ယောက်ရသွားပြန်ရော… ပြီးရင် ကွဲပြန်ရော… ဇာနည်ကတော့ မေလေးဒီလိုကြုံလာတိုင်း မေလေးစိတ်ပျော်အောင် သူလုပ်ချင်တာတွေ ဖြစ်ချင်တာတွေ အကုန်လိုက်လုပ်ပေးတယ်။

ဒီလိုနဲ့ တစ်နေ့ဇာနည်ဆီကနေ မေလေးလုံး၀ မထင်မှတ်တာကြားလိုက်ရတယ်။ သူ့မှာကောင်မလေးရနေပြီတဲ့။ မေလေးက ဇာနည်ကို ကိုယ့်လူလို သတ်မှတ်ထားတာ.. ခုလို သူများလူဖြစ်သွားတာ သိလိုက်ရချိန်မှာ မေလေး ခေါင်းတွေထူပူလာတယ်။ ကိုယ်တကယ်လိုအပ်နေတဲ့ အရာကိုယ့်ဘေးနားမှာ ရှိနေတာကို ဆုံးရှုံးသွားမှ သိလိုက်ရသလိုမျိုး… တကယ်တော့ မေလေးစိတ်ထဲမှာ အရမ်းဝမ်းနည်းသွားပေမယ့် ကောင်းတာပေါ့ ဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ တုံ့ပြန်လိုက်တယ်။

သူရည်းစားရသွားပြီဆိုတော့ မေလေးသူ့ကို အရင်လို လိုအပ်တိုင်းလိုက်မရှာနေတော့ဘူး။ ခပ်ခွာခွာပဲနေတော့တယ်။ ဒါ့အပြင် မေလေးတစ်ယောက် တကယ်ကိုငြိမ်ကျ သွားလိုက်တာ ။ ဘယ်ကောင်လေးနဲ့မှလည်း မပတ်သတ်တော့ဘူး။

တစ်လလောက်ကြာတော့ ဇာနည်က ပြောလာတယ်။ အခုကောင်မလေးကို ဖြတ်လိုက်တော့မယ် သူမချစ်တော့ဘူးတဲ့ ..သူ့ရင်ထဲမှာ အရင်ထဲက ရှိနေတာ သပ်သပ်ရှိပြီးသား ..တခြားတစ်ယောက်ကို ပြောင်းလို့ရမလား အစားထိုးကြည့်တာတဲ့..

ဇာနည်ပြောတဲ့ စကားတွေကို မေလေးနားလည်တယ်။ ဘာကို ဆိုလိုချင်မှန်းလည်း သိတယ်။ ဒါပေမယ့်မေလေးဘက်ကလည်း ဘာမှ မတုံ့ပြန်ခဲ့သလို ဇာနည်ဘက်ကလည်း ဘာမှ သေသေချာချာ ဖွင့်မပြောလာခဲ့ဘူး။ မေလေးရော ဇာနည်ရော ကြောက်နေတာက ချစ်သူတွေဖြစ်သွားပြီးမှ အခန့်မသင့်လို့ ပြတ်သွားခဲ့ရင် သူစိမ်းတွေဖြစ်သွားနိုင်တယ် ဆိုတာကိုပါပဲ..

မေလေး သူ့ကိုအရမ်းချစ်တာမှန်ပေမယ့် သူ့ကိုဆုံးရှုံးရမှာလည်းကြောက်တယ်။ ဟုတ်တယ်.. ဇာနည်လည်း မေလေးကိုချစ်တယ်… ဒါပေမဲ့ သူ့တစ်သက်လုံး ဖွင့်မပြောလာခဲ့ဘူး။ ဒီလိုနဲ့ပဲ မေလေးနဲ့ဇာနည်တို့ ဇာတ်လမ်းက ဒီလိုပဲ၊ ဒီအတိုင်းပဲ ဆိုတာမျိုး ဇာတ်မျောကြီးဖြစ်နေပါတော့တယ်။

ယောင်းတို့မှာရော အဲလိုမျိုး အရမ်းချစ်ရသော်လည်း ရည်းစားမတော်ချင်သလို ကိုယ်နဲ့မဟုတ်ပဲ တခြားကောင်မလေးနဲ့ ကြိုက်သွားမှာကိုလဲ မလိုလားတဲ့ သူငယ်ချင်းချစ်သူရှိလား။ ယောင်းတို့ ရော မေလေးနေရာမှာဆို ဘယ်လိုဆက်လုပ်ကြမလဲ။ အကြံပေးကြဦးနော်…

ဖိုးသူတော် (www.phothutaw.com)
Credit: Hana(For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top