ကန်တော်ကြီးအနီး နိုင်ငံတကာအဆင့်မီ Royal Garden View ကွန်ဒို အထူးအရောင်းပြပွဲ
×










Credit: PannPwint

#Unicode Version#
နိုင်ငံကျော်မင်းသမီး အူဝဲတစ်ယောက် ဘာကြောင့် အောင်မြင်ခဲ့သလဲ မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသူတစ်ဦးက ပြောပြလိုက်ပါတယ်။

ပရိတ်သတ်တစ်ယောက်က လေယာဉ်စီးနေရင်း အူဝဲ လေယာဉ်ပေါ် ပါလာတာကို သိလိုက်ရပါတယ်။ မင်းသမီးက ပရိတ်သတ်တွေ ဓာတ်ပုံရိုက်ချင်တာကိုလည်း လိုက်လျောခဲ့တယ်လို့ ဆိုပါတယ်။

သူမနဲ့အတူ ကလေးမလေး နှစ်ယောက် ပါလာသော်လည်း မင်းသမီးက ကိုယ့်အိတ်ကိုယ် သယ်ဆောင်လာသည်ဟု သိရသည်။ ခြင်းတောင်းတခုကိုတောင် ကောင်မလေးမနိုင်လို့ သူ့ပေါင်ပေါ်ကို တင်တယ်လို့ ဆိုသည်။
မင်းသမီးအိန္ဒြာကျော်ဇင် အလုပ်ဘယ်လောက်ကြိုးစားသလဲ ထိုအချိန်မှာ သိလိုက်ရသည်။

”အဲ့ဒီမှာ သူရဲ့အောင်မြင်မှုလျှို့ဝှက်ချက်တခုကိုတွေ့လိုက်ရတယ်

လေယာဉ်ပေါ်ရောက်တဲ့အချိန်ကနေစပြီး ပထမဇာတ်ညွန်းတွေကိုဖုန်းနဲ့ဖတ်နေတယ်။

ပြီးတော့ ဓာတ်ပုံမှာတွေ့တဲ့အတိုင်း ဂုဏ်တော်ရယ် ပရိတ်ရယ် ပဌာန်းဒေသနာရယ်ကို

ဆက်တိုက်ဖတ်နေတော့တာ သူအောင်မြင်တာ ဒီလိုအကြောင်းအရာတွေကလဲ

ပံ့ပိုးပေးနေတာဖြစ်မယ် အဲ့မင်းသမီးက အိန္ဒြာကျော်ဇင်ပါပဲ”

ဟု ဖေ့စ်ဘွက်အသုံးပြုသူ Myint Maung Maung က သူ့ရဲ့ကိုယ်တွေ့ကို ဓာတ်ပုံနှင့်တကွ ရေးသားပြီး တင်ခဲ့သည်။

အိန္ဒြာကျော်ဇင်က ဆယ်စုနှစ်သုံးခုဝန်းကျင် အနုပညာလောကတွင် ကျင်လာလာခဲ့ပြီး ခုချိန်ထိ အောင်မြင်နေဆဲ မင်းသမီးတစ်ဦးဖြစ်သည်။ အောင်မြင်သော အိမ်ထောင်ရေးတစ်ခုကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: PannPwint
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top