Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေျမာက္ကိုရီးယား ေနာက္ဆံုးစမ္းသပ္ခဲ့သည့္ ဒံုးက်ည္သည္ ခရီးသည္တင္ ေလယာဉ္တစ္စီး၏ ပ်ံသန္းမႈ လမ္းေၾကာင္းႏွင့္ နီးနီးကပ္ကပ္ ျဖစ္ခဲ့ေၾကာင္း သိရသည္။

ျပင္သစ္ ေလေၾကာင္းက ဇူလုိင္ ၂၈ ရက္တြင္ ခရီးသည္ ၃၃၀ ေက်ာ္ တင္ေဆာင္ကာ ဂ်ပန္ႏုိင္ငံသို႔ ပ်ံသန္းခဲ့သည့္ ခရီးသည္တင္ ေလယာဉ္ တစ္စီး၏ လမ္းေၾကာင္းႏွင့္ ေျမာက္ကိုရီးယားဒံုးက်ည္ နီးကပ္မႈ ရွိခဲ့ေၾကာင္း ထုတ္ျပန္သည္။

ဂ်ပန္ပင္လယ္ျပင္သို႔ ဒံုးက်ည္ က်ဆင္းၿပီး ၁၀ မိနစ္ ဝန္းက်င္တြင္ ေလယာဉ္လမ္းေၾကာင္း ေနရာႏွင့္ ကီလိုမီတာ ၁၀၀ နီးပါးမွ် နီးစပ္မႈ ရွိေနသည္ကို ေထာက္လွမ္း ေတြ႕ရွိခဲ့ေၾကာင္း ျပင္သစ္ ေလေၾကာင္းလုိင္းက ဆိုသည္။

ေလေၾကာင္းလုိင္းက အဆိုပါ ျဖစ္ရပ္တြင္ ေလယာဉ္အတြက္ အႏၱရာယ္ မရွိခဲ့ေသာ္လည္း အနာဂတ္တြင္ ေျမာက္ကိုရီးယား အနီးတဝိုက္၌ မပ်ံသန္းရ သတ္မွတ္ဇုန္ကို သတိႀကီးႀကီး ျပန္လည္ ျပင္ဆင္ ထားရွိမည္ဟု ေျပာၾကားခဲ့သည္။

အေမရိကန္၏ ပင္တဂြန္ စစ္ဌာနခ်ဳပ္က ေျမာက္ကိုရီးယား ဒံုးက်ည္သည္ စီးပြားျဖစ္ ေလေၾကာင္းလုိင္းမ်ား ႐ႈပ္ေထြးစြာ ပ်ံသန္းေနသည့္ ေလပိုင္နက္ကို ျဖတ္သန္းခဲ့ေၾကာင္း စြပ္စြဲ ေၾကညာခဲ့သည္။

ျပင္သစ္ေလေၾကာင္းလုိင္း၏ Boeing 777 ေလယာဉ္သည္ ေဟာ္ကိုင္ဒိုကၽြန္းဘက္ ဦးတည္၍ ပ်ံသန္းေနခဲ့ျခင္း ျဖစ္သည္။ “ဒံုးက်ည္က ကမာၻ႕ေလထု အျပင္ဘက္ အာကာသထဲ တက္သြားၿပီးမွာ ဂ်ပန္ကမ္းလြန္ အထူးစီးပြားေရးဇုန္ ေရျပင္ထဲမွာ က်ဆင္းခဲ့တာပါ”ဟု ပင္တဂြန္ စစ္ဌာနခ်ဳပ္ ေျပာေရးဆိုခြင့္ရ အရာရွိ ဗိုလ္ႀကီး ဂ်က္ဖ္ ဒါးဗစ္က ေျပာၾကားခဲ့သည္။

ျပင္သစ္ ေလေၾကာင္းလုိင္းက ေျမာက္ကိုရီးယား ဒံုးက်ည္သည္ ေလယာဉ္၏ ပ်ံသန္းမႈ လမ္းေၾကာင္းကို တိုက္႐ိုက္ သက္ေရာက္ ေႏွာင့္ယွက္မႈမ်ိဳး မရွိခဲ့ေၾကာင္း အတည္ျပဳခဲ့ၿပီး မည္သည့္ ျပႆနာမွ် မႀကံဳခ့ဲ့ေၾကာင္းလည္း အခုိင္အမာ ဆိုသည္။ သို႔ေသာ္ ေျမာက္ကိုရီးယား အနီးတ၀ိုက္တြင္ ပ်ံသန္းမႈ လမ္းေၾကာင္းမ်ားကို ျပန္လည္ ဆန္းစစ္သြားမည္ဟု ထုတ္ျပန္ခဲ့သည္။

၂၀၁၄ ခုႏွစ္၊ ဇူလိုင္လက မေလးရွား ေလေၾကာင္းပိုင္ MH17 ခရီးသည္တင္ ေလယာဉ္သည္ စစ္မက္ ျဖစ္ပြားေနရာ ယူကရိန္း အေ႐ွ႕ပိုင္း ေလပိုင္နက္ကို ျဖတ္ေက်ာ္ ပ်ံသန္းစဉ္ ဒံုးက်ည္ထိမွန္ ပ်က္က်ခဲ့ၿပီး လုိက္ပါလာသူ ၂၈၃ ဦးစလံုး အသက္ဆံုး႐ံႈးခဲ့ဖူးသည္။

Ref: Express

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
 မြောက်ကိုရီးယား နောက်ဆုံးစမ်းသပ်ခဲ့သည့် ဒုံးကျည်သည် ခရီးသည်တင် လေယာဉ်တစ်စီး၏ ပျံသန်းမှု လမ်းကြောင်းနှင့် နီးနီးကပ်ကပ် ဖြစ်ခဲ့ကြောင်း သိရသည်။

ပြင်သစ် လေကြောင်းက ဇူလိုင် ၂၈ ရက်တွင် ခရီးသည် ၃၃၀ ကျော် တင်ဆောင်ကာ ဂျပန်နိုင်ငံသို့ ပျံသန်းခဲ့သည့် ခရီးသည်တင် လေယာဉ် တစ်စီး၏ လမ်းကြောင်းနှင့် မြောက်ကိုရီးယားဒုံးကျည် နီးကပ်မှု ရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ဂျပန်ပင်လယ်ပြင်သို့ ဒုံးကျည် ကျဆင်းပြီး ၁၀ မိနစ် ဝန်းကျင်တွင် လေယာဉ်လမ်းကြောင်း နေရာနှင့် ကီလိုမီတာ ၁၀၀ နီးပါးမျှ နီးစပ်မှု ရှိနေသည်ကို ထောက်လှမ်း တွေ့ရှိခဲ့ကြောင်း ပြင်သစ် လေကြောင်းလိုင်းက ဆိုသည်။

လေကြောင်းလိုင်းက အဆိုပါ ဖြစ်ရပ်တွင် လေယာဉ်အတွက် အန္တရာယ် မရှိခဲ့သော်လည်း အနာဂတ်တွင် မြောက်ကိုရီးယား အနီးတဝိုက်၌ မပျံသန်းရ သတ်မှတ်ဇုန်ကို သတိကြီးကြီး ပြန်လည် ပြင်ဆင် ထားရှိမည်ဟု ပြောကြားခဲ့သည်။

အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်က မြောက်ကိုရီးယား ဒုံးကျည်သည် စီးပွားဖြစ် လေကြောင်းလိုင်းများ ရှုပ်ထွေးစွာ ပျံသန်းနေသည့် လေပိုင်နက်ကို ဖြတ်သန်းခဲ့ကြောင်း စွပ်စွဲ ကြေညာခဲ့သည်။

ပြင်သစ်လေကြောင်းလိုင်း၏ Boeing 777 လေယာဉ်သည် ဟော်ကိုင်ဒိုကျွန်းဘက် ဦးတည်၍ ပျံသန်းနေခဲ့ခြင်း ဖြစ်သည်။ “ဒုံးကျည်က ကမ္ဘာ့လေထု အပြင်ဘက် အာကာသထဲ တက်သွားပြီးမှာ ဂျပန်ကမ်းလွန် အထူးစီးပွားရေးဇုန် ရေပြင်ထဲမှာ ကျဆင်းခဲ့တာပါ”ဟု ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ကြီး ဂျက်ဖ် ဒါးဗစ်က ပြောကြားခဲ့သည်။

ပြင်သစ် လေကြောင်းလိုင်းက မြောက်ကိုရီးယား ဒုံးကျည်သည် လေယာဉ်၏ ပျံသန်းမှု လမ်းကြောင်းကို တိုက်ရိုက် သက်ရောက် နှောင့်ယှက်မှုမျိုး မရှိခဲ့ကြောင်း အတည်ပြုခဲ့ပြီး မည်သည့် ပြဿနာမျှ မကြုံခဲ့ကြောင်းလည်း အခိုင်အမာ ဆိုသည်။ သို့သော် မြောက်ကိုရီးယား အနီးတဝိုက်တွင် ပျံသန်းမှု လမ်းကြောင်းများကို ပြန်လည် ဆန်းစစ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

၂၀၁၄ ခုနှစ်၊ ဇူလိုင်လက မလေးရှား လေကြောင်းပိုင် MH17 ခရီးသည်တင် လေယာဉ်သည် စစ်မက် ဖြစ်ပွားနေရာ ယူကရိန်း အရှေ့ပိုင်း လေပိုင်နက်ကို ဖြတ်ကျော် ပျံသန်းစဉ် ဒုံးကျည်ထိမှန် ပျက်ကျခဲ့ပြီး လိုက်ပါလာသူ ၂၈၃ ဦးစလုံး အသက်ဆုံးရှုံးခဲ့ဖူးသည်။

Ref: Express

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top