ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

အဆီပိုေတြနဲ႕ ဝေနတဲ့သူတိုင္းကေတာ့ ကိုယ္အေလးခ်ိန္က်ခ်င္ၾကတာခ်ည္းပါပဲ ။ ကိုယ္အေလးခ်ိန္ က်ဖို႔အတြက္ ေလ့က်င့္ခန္းလုပ္ျခင္း နွင့္ အစားအေသာက္ဆင္ျခင္တာေတြကို လုပ္ၾကရပါတယ္ ။ အစားအေသာက္ ဆင္ျခင္တယ္ဆိုတဲ့ ေနရာမွာ အဆီမ်ားတဲ့ အစားအစာေတြကို မစားသံုးျခင္းက အေကာင္းဆံုးပါပဲ။ အခ်ိဳ႕က ဝမွာစိုးတာနဲ႕ အစားေတာ္ေတာ္မ်ားမ်ားကို ေရွာင္ကာ လိုအပ္ေသာ အာဟာရဓါတ္ေတြပါ ေလ်ာ့နည္းလာျပီး ေရာဂါေတြ ဝင္လြယ္တတ္ပါတယ္ ။ ဒါ့ေၾကာင့္ တစ္ဖက္တစ္လမ္းကေန အာဟာရျဖည့္တင္းေပးနိုင္ဖို႔ ေအာက္ေဖ္ာျပပါ အရည္ ၆ မ်ိဳးကိုလည္း ေသာက္သံုးေပးသင့္ပါတယ္ ။ အာဟာရလည္းျဖစ္ျပီး ကိုယ္အေလးခ်ိန္ မတက္ေစတာေၾကာင့္ ဝိတ္က်ခ်င္သူေတြအတြက္ အေကာင္းဆံုးပါပဲ။

၁။ေရ
ေရကေတာ့ မပါမျဖစ္ေပါ့ ။ ေလ့က်င့္ခန္းလုပ္ရင္း ကုန္ဆံုးသြားေသာေရဓါတ္ျဖည့္တင္းေပးဖို႔အတြက္ အျခားေသာ ေဖ်ာ္ရည္ေတြထက္ ေရေသာက္ေပးတာက အေကာင္းဆံုးပါပဲ။ အခ်ိဳ႕က ေလ့က်င့္ခန္းမလုပ္ခင္ ေရထဲကို သံပုယိုထည့္ကာ ေသာက္သံုးေပးျခင္းက အဆီေတြကို ပိုေလာင္ကြ်မ္းေစတယ္လို႔ ဆိုပါတယ္။

၂။ဟင္းသီးဟင္းရြက္စြပ္ျပဳတ္
မိမိနွစ္သက္ေသာ အသီးအရြက္ေတြကို စြပ္ျပဳတ္လုပ္ကာ ညစာမစားခင္မွာ စားသံုးေပးမယ္ဆိုရင္ အာဟာရလည္း ျဖစ္ျပီး ခႏၶာကိုယ္တြင္း ကယ္လိုရီေတြကိုလည္း နည္းလာေစမွာပါ ။

၃။Green Tea
Green Tea က ဝိတ္က်လိုသူေတြအတြက္သာမက နွလံုး ၊ အသည္း ၊ ေက်ာက္ကပ္ စသျဖင့္ အတြင္းကလီစာေတြအတြက္လည္း ေကာင္းမြန္ပါတယ္ ။ ေရာဂါျဖစ္ေစမႈေတြကိုလည္း တိုက္ထုတ္ေပးနိုင္ျပီး က်န္းမာေရးေကာင္းမြန္ေစတာေၾကာင့္  ေန႔စဥ္ Green Tea တစ္ခြက္ ၊ နွစ္ခြက္ခန္႔ေတာ့ ေသာက္ေပးသင့္ပါတယ္ ။

၄။ အသီးအရြက္ ေဖ်ာ္ရည္
အသီးအရြက္ကို စြပ္ျပဳတ္လုပ္ေသာက္ရမွာ မၾကိဳက္တဲ့သူေတြအတြက္ကေတာ့ ကိုယ္ၾကိဳက္တဲ့ အသီးအရြက္ေတြကို blender ထဲထည့္ကာ အေအးလိုလည္း ေဖ်ာ္ေသာက္ေပးနို္င္ပါတယ္ ။ အသီးအရြက္ဆိုရာတြင္ က်န္းမာေရးအတြက္လည္း ေကာင္းမြန္ျပီး လတ္ဆတ္တဲ့ အသီးအရြက္ေတြကိုသာ ေရြးခ်ယ္သင့္ပါတယ္။

၅။Black Coffee
ေကာ္ဖီၾကိဳက္သူမ်ားအေနနဲ႕ အျခားေကာ္ဖီေတြထက္ black coffee ကို ေရြးခ်ယ္ ေသာက္သင့္ပါတယ္ ။black coffee မွာပါဝင္တဲ့ Caffeine ဓါတ္က အဆီေတြကို ျမန္ျမန္ေလာင္ကြ်မ္းေစျပီး အားအင္တိုးကာ လန္းဆန္းတက္ၾကြေစပါတယ္ ။ သို႔ေသာ္ အစာမရွိခ်ိန္မွာမေသာက္သင့္သလို တစ္ေန႔ကို နွစ္ၾကိမ္ထက္ပိုျပီးလည္း မေသာက္သင့္ပါဘူး။

၆။အဆီထုတ္ထားေသာႏြားနို႔
အဆီထုတ္ထားေသာ နုိ႔မွာ ပရိုတိန္းဓါတ္မ်ားစြာ ပါဝင္တဲ့အျပင္ ဗီတာမင္ဒီ နွင့္ ကယ္လ္စီယမ္ဓါတ္ ၾကြယ္ဝတာေၾကာင့္ အရိုးက်န္းမာေရးအတြက္ ေကာင္းမြန္ေစပါတယ္။ အဆီထုတ္ထားတာေၾကာင့္ ဝိတ္တက္မွာလည္း စိတ္ပူစရာမလိုပါဘူး ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CHAN (ေရႊအင္းေလး)

#Unicode Version#
အဆီပိုတွေနဲ့ ဝနေတဲ့သူတိုင်းကတော့ ကိုယ်အလေးချိန်ကျချင်ကြတာချည်းပါပဲ ။ ကိုယ်အလေးချိန် ကျဖို့အတွက် လေ့ကျင့်ခန်းလုပ်ခြင်း နှင့် အစားအသောက်ဆင်ခြင်တာတွေကို လုပ်ကြရပါတယ် ။ အစားအသောက် ဆင်ခြင်တယ်ဆိုတဲ့ နေရာမှာ အဆီများတဲ့ အစားအစာတွေကို မစားသုံးခြင်းက အကောင်းဆုံးပါပဲ။ အချို့က ဝမှာစိုးတာနဲ့ အစားတော်တော်များများကို ရှောင်ကာ လိုအပ်သော အာဟာရဓါတ်တွေပါ လျော့နည်းလာပြီး ရောဂါတွေ ဝင်လွယ်တတ်ပါတယ် ။ ဒါ့ကြောင့် တစ်ဖက်တစ်လမ်းကနေ အာဟာရဖြည့်တင်းပေးနိုင်ဖို့ အောက်ဖေ်ာပြပါ အရည် ၆ မျိုးကိုလည်း သောက်သုံးပေးသင့်ပါတယ် ။ အာဟာရလည်းဖြစ်ပြီး ကိုယ်အလေးချိန် မတက်စေတာကြောင့် ဝိတ်ကျချင်သူတွေအတွက် အကောင်းဆုံးပါပဲ။

၁။ရေ
ရေကတော့ မပါမဖြစ်ပေါ့ ။ လေ့ကျင့်ခန်းလုပ်ရင်း ကုန်ဆုံးသွားသောရေဓါတ်ဖြည့်တင်းပေးဖို့အတွက် အခြားသော ဖျော်ရည်တွေထက် ရေသောက်ပေးတာက အကောင်းဆုံးပါပဲ။ အချို့က လေ့ကျင့်ခန်းမလုပ်ခင် ရေထဲကို သံပုယိုထည့်ကာ သောက်သုံးပေးခြင်းက အဆီတွေကို ပိုလောင်ကျွမ်းစေတယ်လို့ ဆိုပါတယ်။

၂။ဟင်းသီးဟင်းရွက်စွပ်ပြုတ်
မိမိနှစ်သက်သော အသီးအရွက်တွေကို စွပ်ပြုတ်လုပ်ကာ ညစာမစားခင်မှာ စားသုံးပေးမယ်ဆိုရင် အာဟာရလည်း ဖြစ်ပြီး ခန္ဓာကိုယ်တွင်း ကယ်လိုရီတွေကိုလည်း နည်းလာစေမှာပါ ။

၃။Green Tea
Green Tea က ဝိတ်ကျလိုသူတွေအတွက်သာမက နှလုံး ၊ အသည်း ၊ ကျောက်ကပ် စသဖြင့် အတွင်းကလီစာတွေအတွက်လည်း ကောင်းမွန်ပါတယ် ။ ရောဂါဖြစ်စေမှုတွေကိုလည်း တိုက်ထုတ်ပေးနိုင်ပြီး ကျန်းမာရေးကောင်းမွန်စေတာကြောင့်  နေ့စဉ် Green Tea တစ်ခွက် ၊ နှစ်ခွက်ခန့်တော့ သောက်ပေးသင့်ပါတယ် ။

၄။ အသီးအရွက် ဖျော်ရည်
အသီးအရွက်ကို စွပ်ပြုတ်လုပ်သောက်ရမှာ မကြိုက်တဲ့သူတွေအတွက်ကတော့ ကိုယ်ကြိုက်တဲ့ အသီးအရွက်တွေကို blender ထဲထည့်ကာ အအေးလိုလည်း ဖျော်သောက်ပေးနိုင်ပါတယ် ။ အသီးအရွက်ဆိုရာတွင် ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပြီး လတ်ဆတ်တဲ့ အသီးအရွက်တွေကိုသာ ရွေးချယ်သင့်ပါတယ်။

၅။Black Coffee
ကော်ဖီကြိုက်သူများအနေနဲ့ အခြားကော်ဖီတွေထက် black coffee ကို ရွေးချယ် သောက်သင့်ပါတယ် ။black coffee မှာပါဝင်တဲ့ Caffeine ဓါတ်က အဆီတွေကို မြန်မြန်လောင်ကျွမ်းစေပြီး အားအင်တိုးကာ လန်းဆန်းတက်ကြွစေပါတယ် ။ သို့သော် အစာမရှိချိန်မှာမသောက်သင့်သလို တစ်နေ့ကို နှစ်ကြိမ်ထက်ပိုပြီးလည်း မသောက်သင့်ပါဘူး။

၆။အဆီထုတ်ထားသောနွားနို့
အဆီထုတ်ထားသော နို့မှာ ပရိုတိန်းဓါတ်များစွာ ပါဝင်တဲ့အပြင် ဗီတာမင်ဒီ နှင့် ကယ်လ်စီယမ်ဓါတ် ကြွယ်ဝတာကြောင့် အရိုးကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ အဆီထုတ်ထားတာကြောင့် ဝိတ်တက်မှာလည်း စိတ်ပူစရာမလိုပါဘူး ။

ဖိုးသူတော် (www.phothutaw.com)
Credit: CHAN (ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top