ရွမ္းျပည္နယ္ေတာင္ပိုင္း ေအာင္ပန္းၿမိဳ႕နယ္တြင္ ႏွစ္ေလာင္းၿပိဳင္ ႀကိဳးဆဲြခ် ေသဆံုးမႈတစ္ခု ျဖစ္ပြားခဲ့ေၾကာင္း သိရွိရသည္။ ့
ျမန္မာႏိုင္ငံတြင္ ႀကိဳးဆဲြခ်ေသဆံုးမႈမ်ားမွာ ယခင္ႏွင့္စာလွ်င္ ယခုႏွစ္မ်ားအတြင္း ႏိုင္ငံတစ္၀ွမ္းတြင္ ပိုမိုမ်ားျပားလာခဲ့သည္ဟု ဆိုႏိုင္သည္။ ေက်ာင္းသား၊ ေက်ာင္းသူကေလးငယ္မ်ာ၊ အရြယ္အလတ္မ်ား၊ သက္ႀကီးသူမ်ားႏွင့္ ဘုန္းႀကီးရဟန္းမ်ားပါ ႀကိဳးဆဲြခ်ေသဆံုးမႈမ်ား မၾကာခဏ အြန္လိုင္း စာမ်က္ႏွာမ်ားတြင္ ျမင္ေတြ႔လာရသည္။

ဒါေပမယ့္ ယခုေသဆံုးသည့္ ႀကိဳးဆဲြခ်မႈကေတာ့ ရွားရွားပါပါး ႏွစ္ဦးသား တဲြ၍ေသဆံုးၾကသျဖင့္ စိတ္၀င္စားဖြယ္ရာ အျဖစ္အပ်က္တစ္ခုျဖစ္ပါသည္။ သမီးရည္းစား စံုတဲြလည္း မဟုတ္ေပ။ သူတို႔ရဲ့ ဘ၀ေနာက္ခံ ဘယ္ပံုရွိတယ္ဆုိတာေတာ့ မသိရွိရေသးပါဘူး။

နာမႈကူညီေရးအသင္း (ေအာင္ပန္း) ၏ ေဖ့စ္ဘုတ္စာမ်က္ႏွာတြင္ တင္ထားသည့္ သတင္းအရ မနက္ ၉ နာရီခန္႔တြင္ လြယ္ေမာေက်းရြာအုပ္စု၊ ေရစက္ဆံုဘုန္းႀကီးေက်ာင္း ေျမာက္ဘက္၊ ေျမနီက်င္းရြာအနီးတြင္ ေသဆံုးခဲ့ၾကေၾကာင္း သိရွိရသည္။ ေသဆံုးသူမ်ားမွာ အသက္ ၂၀ ၀န္းက်င္ရွိ အမ်ိဳးသား လူငယ္ႏွစ္ဦးျဖစ္သည္။

ေတာင္ေစာင္း တစ္ေနရာတြင္ တင္းရႈးပင္တစ္ပင္ကို ႀကိဳးခ်ီလွ်က္ မ်က္ႏွာခ်င္းဆိုင္ကာေသဆံုးေနခဲ့ၾကသည္ကို ေတြ႔ရွိေသာ တာ၀န္သိျပည္သူတစ္ဦးမွ ဖုန္းဆက္ သတင္းေပးခ်က္အရ နာမႈကူညီေရးအသင္း(ေအာင္ပန္း)က သြားေရာက္ကာ ရုပ္အေလာင္းမ်ား ေကာက္ခဲ့သည္ဟုဆိုသည္။

နယ္ေျမခံရဲစခန္းမွ တာဝန္႐ွိသူမ်ားႏွင့္သြားေရာက္၍
ဆြဲႀကိဳးခ်ေသဆံုးေနသည့္ ေယာက်ာ္းေလး(၂)ေယာက္
၏႐ုပ္အေလာင္း အား ေအာင္ပန္းျပည္သူ႔ ေဆးရံု ရင္
ခြဲ႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ၾကသည္ ဟု သိရွိရသည္။

နွစ္ဦးလံုးက အမ်ိဳးသားမ်ား၊ ရြယ္တူမ်ား၊ လူငယ္မ်ားျဖစ္ၾကသည္။ ဒီလိုလုပ္ရက္ကို ႏွစ္ဦးၿပိဳင္တူ ျပဳလုပ္ၾကသည့္ကိစၥမွာ အင္မတန္ ထူးဆန္းသည္ဟု ဆိုနိုင္သည္။ ခုထိေတာ့ သူတို႔ရဲ့ နာမည္ႏွင့္ ေနရပ္၊ အေၾကာင္းအရာတို႔ကို မသိရွိရေသးေပ။ တစ္ဦးက ပုဆိုး၀တ္လွ်က္၊ တစ္ဦးက ေဘာင္းဘီရွည္ႏွင့္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PannPwint
Source:နာ/ကူ(ေအာင္ပန္း)

#Unicode Version#
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နယ်တွင် နှစ်လောင်းပြိုင် ကြိုးဆွဲချ သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။့
မြန်မာနိုင်ငံတွင် ကြိုးဆွဲချသေဆုံးမှုများမှာ ယခင်နှင့်စာလျှင် ယခုနှစ်များအတွင်း နိုင်ငံတစ်ဝှမ်းတွင် ပိုမိုများပြားလာခဲ့သည်ဟု ဆိုနိုင်သည်။ ကျောင်းသား၊ ကျောင်းသူကလေးငယ်မျာ၊ အရွယ်အလတ်များ၊ သက်ကြီးသူများနှင့် ဘုန်းကြီးရဟန်းများပါ ကြိုးဆွဲချသေဆုံးမှုများ မကြာခဏ အွန်လိုင်း စာမျက်နှာများတွင် မြင်တွေ့လာရသည်။

ဒါပေမယ့် ယခုသေဆုံးသည့် ကြိုးဆွဲချမှုကတော့ ရှားရှားပါပါး နှစ်ဦးသား တွဲ၍သေဆုံးကြသဖြင့် စိတ်ဝင်စားဖွယ်ရာ အဖြစ်အပျက်တစ်ခုဖြစ်ပါသည်။ သမီးရည်းစား စုံတွဲလည်း မဟုတ်ပေ။ သူတို့ရဲ့ ဘဝနောက်ခံ ဘယ်ပုံရှိတယ်ဆိုတာတော့ မသိရှိရသေးပါဘူး။

နာမှုကူညီရေးအသင်း (အောင်ပန်း) ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် တင်ထားသည့် သတင်းအရ မနက် ၉ နာရီခန့်တွင် လွယ်မောကျေးရွာအုပ်စု၊ ရေစက်ဆုံဘုန်းကြီးကျောင်း မြောက်ဘက်၊ မြေနီကျင်းရွာအနီးတွင် သေဆုံးခဲ့ကြကြောင်း သိရှိရသည်။ သေဆုံးသူများမှာ အသက် ၂၀ ဝန်းကျင်ရှိ အမျိုးသား လူငယ်နှစ်ဦးဖြစ်သည်။

တောင်စောင်း တစ်နေရာတွင် တင်းရှုးပင်တစ်ပင်ကို ကြိုးချီလျှက် မျက်နှာချင်းဆိုင်ကာသေဆုံးနေခဲ့ကြသည်ကို တွေ့ရှိသော တာဝန်သိပြည်သူတစ်ဦးမှ ဖုန်းဆက် သတင်းပေးချက်အရ နာမှုကူညီရေးအသင်း(အောင်ပန်း)က သွားရောက်ကာ ရုပ်အလောင်းများ ကောက်ခဲ့သည်ဟုဆိုသည်။

နယ်မြေခံရဲစခန်းမှ တာဝန်ရှိသူများနှင့်သွားရောက်၍
ဆွဲကြိုးချသေဆုံးနေသည့် ယောကျာ်းလေး(၂)ယောက်
၏ရုပ်အလောင်း အား အောင်ပန်းပြည်သူ့ ဆေးရုံ ရင်
ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြသည် ဟု သိရှိရသည်။

နှစ်ဦးလုံးက အမျိုးသားများ၊ ရွယ်တူများ၊ လူငယ်များဖြစ်ကြသည်။ ဒီလိုလုပ်ရက်ကို နှစ်ဦးပြိုင်တူ ပြုလုပ်ကြသည့်ကိစ္စမှာ အင်မတန် ထူးဆန်းသည်ဟု ဆိုနိုင်သည်။ ခုထိတော့ သူတို့ရဲ့ နာမည်နှင့် နေရပ်၊ အကြောင်းအရာတို့ကို မသိရှိရသေးပေ။ တစ်ဦးက ပုဆိုးဝတ်လျှက်၊ တစ်ဦးက ဘောင်းဘီရှည်နှင့်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: PannPwint
Source:နာ/ကူ(အောင်ပန်း)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top