ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ဒီလမ္းကိုေတာ့ The Passage du Gois လုိ႔ေခၚၿပီး ကမာၻေပၚက အႏၱရာယ္ရွိတဲ့ လမ္းေတြထဲက တစ္လမ္းျဖစ္ပါတယ္။ ကမာၻေပၚမွာ ဒီလုိ ထူးထူးျခားျခားလမ္းမ်ဳိးကလည္း တစ္လမ္းပဲ ရွိပါတယ္။


ေနရာကေတာ့ ျပင္သစ္ႏုိင္ငံရဲ႕အေနာက္ဘက္ပုိင္းမွာ ရွိတဲ့ Burnef ပင္လယ္ေကြ႔နဲ႔ Noirmoutier ကြ်န္းကိုဆက္ထားတဲ့ လမ္းပါ။ ၁၅၇၇ခုႏွစ္တည္းက ရွာေတြ႔ခဲ့တဲ့လမ္းျဖစ္ၿပီး ယခုအခါမွာေတာ့ ပုိမုိႀကံ႕ခုိင္ေအာင္ ျပင္ဆင္မႈေတြလုပ္ထားပါတယ္။ အရွည္ ၂.၅၈မုိင္ရွိပါတယ္။ ထူးျခားရတဲ့အေၾကာင္းကေတာ့ ဒီလမ္းဟာ တစ္ေန႔ကုိ ေရႏွစ္ခါျမဳပ္တာပါ။ ဒီေရအျမင့္ဆုံးတက္ခ်ိန္မွာ ဒီလမ္းဟာ ေရေအာက္ ၁၃ေပ အထိျမဳပ္ပါတယ္။ ကြ်န္းကုိသြားခ်င္တဲ့သူေတြဟာ ေရမတက္ခင္ ၾကားအခ်ိန္ကုိ ေရြးသြားရပါတယ္။

 
 
 
 
 


စိတ္ခ်ရတဲ့ ေမာ္ေတာ္ဘုတ္ေတြရွိေပမယ့္ အထူးအဆန္းကုိ ႏွစ္သက္တဲ့သူေတြရဲ႕ သဘာ၀အတုိင္း အမ်ားစုဟာ ေပ်ာ္ေပ်ာ္ပါးပါးလမ္းေလွ်ာက္သြားေလ့ရွိပါတယ္။ တစ္ခါတစ္ေလ လမ္းကုိျဖတ္ရင္း ဒီေရတက္ခ်ိန္နဲ႔ႀကဳံတာေတြရွိေပမယ့္ ကယ္ဆယ္ေရးေတြကုိ အရံသင့္ထားရွိေပးတာၾကာင့္ အခုထိေတာ့ ဆုိးဆုိးရြားရြား အႏၱရာယ္နဲ႔ ႀကဳံတဲ့သူ မရွိေသးပါဘူး။ တခါတရံ ဒီလမ္းကို ျဖတ္ၿပီး ေျပးပြဲၿပဳိင္ပြဲေတြက်င္းပတတ္ၿပီး ႏွစ္စဥ္လာေရာက္လည္ပတ္သူမ်ားနဲ႔ အၿမဲစည္ကားတဲ့ေနရာတစ္ခုလည္းျဖစ္ပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thutazone


#Unicode Version#
ဒီလမ်းကိုတော့ The Passage du Gois လို့ခေါ်ပြီး ကမ္ဘာပေါ်က အန္တရာယ်ရှိတဲ့ လမ်းတွေထဲက တစ်လမ်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဒီလို ထူးထူးခြားခြားလမ်းမျိုးကလည်း တစ်လမ်းပဲ ရှိပါတယ်။

နေရာကတော့ ပြင်သစ်နိုင်ငံရဲ့အနောက်ဘက်ပိုင်းမှာ ရှိတဲ့ Burnef ပင်လယ်ကွေ့နဲ့ Noirmoutier ကျွန်းကိုဆက်ထားတဲ့ လမ်းပါ။ ၁၅၇၇ခုနှစ်တည်းက ရှာတွေ့ခဲ့တဲ့လမ်းဖြစ်ပြီး ယခုအခါမှာတော့ ပိုမိုကြံ့ခိုင်အောင် ပြင်ဆင်မှုတွေလုပ်ထားပါတယ်။ အရှည် ၂.၅၈မိုင်ရှိပါတယ်။ ထူးခြားရတဲ့အကြောင်းကတော့ ဒီလမ်းဟာ တစ်နေ့ကို ရေနှစ်ခါမြုပ်တာပါ။ ဒီရေအမြင့်ဆုံးတက်ချိန်မှာ ဒီလမ်းဟာ ရေအောက် ၁၃ပေ အထိမြုပ်ပါတယ်။ ကျွန်းကိုသွားချင်တဲ့သူတွေဟာ ရေမတက်ခင် ကြားအချိန်ကို ရွေးသွားရပါတယ်။

စိတ်ချရတဲ့ မော်တော်ဘုတ်တွေရှိပေမယ့် အထူးအဆန်းကို နှစ်သက်တဲ့သူတွေရဲ့ သဘာဝအတိုင်း အများစုဟာ ပျော်ပျော်ပါးပါးလမ်းလျှောက်သွားလေ့ရှိပါတယ်။ တစ်ခါတစ်လေ လမ်းကိုဖြတ်ရင်း ဒီရေတက်ချိန်နဲ့ကြုံတာတွေရှိပေမယ့် ကယ်ဆယ်ရေးတွေကို အရံသင့်ထားရှိပေးတာကြာင့် အခုထိတော့ ဆိုးဆိုးရွားရွား အန္တရာယ်နဲ့ ကြုံတဲ့သူ မရှိသေးပါဘူး။ တခါတရံ ဒီလမ်းကို ဖြတ်ပြီး ပြေးပွဲပြိုင်ပွဲတွေကျင်းပတတ်ပြီး နှစ်စဉ်လာရောက်လည်ပတ်သူများနဲ့ အမြဲစည်ကားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thutazone

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top