Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တစ္ေယာက္ေယာက္ကို ခ်စ္ဖူးလား? တကယ္ကို ႏွစ္ႏွစ္ကာကာ ခ်စ္ဖူးတာလား? ဒါဆိုရင္ေတာ့ ဒီအေျပာင္းအလဲ၊ ခံစားခ်က္ေတြကို ခံစားဖူးၾကပါလိမ့္မယ္ေနာ္။ လူတစ္ေယာက္ဟာ အခ်စ္နဲ႔ထိေတြ႕ၿပီးေနာက္မွာ ဒီလိုေလးေတြ ေျပာင္းသြားေရာ။

၁။ အရာအားလံုးက လွပေနတယ္။ ျမင္ေတြ႕ေနက်၊ ပံုမွန္လုပ္ေနက်အလုပ္ေတြလည္း အဆင္ေျပေခ်ာေမြ႕ေနတာပဲ။ စိတ္ထဲမွာ ေပ်ာ္ေနတာေလ။ အခ်စ္ေၾကာင့္ ေပ်ာ္႐ႊင္ေစတဲ့ေဟာ္မုန္းေတြ ပိုမိုထြက္ရွိလာလို႔ပါပဲ။

၂။ အရင္က ႀကိဳက္တာေတြ မႀကိဳက္ေတာ့တာမ်ိဳး၊ အရင္က မႀကိဳက္တာေတြ ခုမွႀကိဳက္လာမိတာမ်ိဳးလို အေျပာင္းအလဲေတြလည္း ျဖစ္လာတယ္။ အရင္ကဆို ႏႈတ္ခမ္းနီမဆိုးဘူး။ ခုမွ လွခ်င္လာမိတာ။

၃။ သူငယ္ခ်င္းေတြက ကိုယ့္ကိုေခၚၾကၿပီ "ပလစ္စိန္"...။ သူငယ္ခ်င္းေတြခ်ိန္းတဲ့ဆီ မသြားႏိုင္ေတာ့ဘူး။ ေမးလိုက္တုိင္း အလုပ္မ်ားတယ္ပဲေျပာေနတာ။ စိတ္ေတြက ခ်စ္သူဆီမွာ။

၄။ ေနာက္တစ္ခုကေတာ့ ပိုက္ဆံကုန္တာပါပဲ ဘဒိုတို႔၊ စစ္တုိ႔ေရ။ အျပင္သြားမယ္၊ ခ်ိန္းေတြ႕မယ္ဆုိေတာ့ ပိုက္ဆံက ကုန္တယ္။ ကိုယ့္ကိုယ္ကိုယ္ ျပင္ရဆင္ရေသးေတာ့လည္း ကုန္တယ္။ လက္ေဆာင္ေလးကလည္း ဝယ္ေပးလိုက္ခ်င္ေသးတယ္။

၅။ ေဘးလူေတြကေတာင္ ကိုယ့္ကို သတိထားမိလာတယ္။ အရင္တုန္းက ကိုယ့္ကို ေဝဖန္မွတ္ခ်က္ေပးတာေတြ မလုပ္ခဲ့ၾကသူေတြကေတာင္ ခုဆို ကိုယ့္ကိုၾကည့္ၿပီး မွတ္ခ်က္ေတြေပးလာၾကတယ္။ ကိုယ္ေျပာင္းလဲလာၿပီေလ။ အခ်စ္ေၾကာင့္ ေျပာင္းလဲခဲ့သူပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
တစ်ယောက်ယောက်ကို ချစ်ဖူးလား? တကယ်ကို နှစ်နှစ်ကာကာ ချစ်ဖူးတာလား? ဒါဆိုရင်တော့ ဒီအပြောင်းအလဲ၊ ခံစားချက်တွေကို ခံစားဖူးကြပါလိမ့်မယ်နော်။ လူတစ်ယောက်ဟာ အချစ်နဲ့ထိတွေ့ပြီးနောက်မှာ ဒီလိုလေးတွေ ပြောင်းသွားရော။

၁။ အရာအားလုံးက လှပနေတယ်။ မြင်တွေ့နေကျ၊ ပုံမှန်လုပ်နေကျအလုပ်တွေလည်း အဆင်ပြေချောမွေ့နေတာပဲ။ စိတ်ထဲမှာ ပျော်နေတာလေ။ အချစ်ကြောင့် ပျော်ရွှင်စေတဲ့ဟော်မုန်းတွေ ပိုမိုထွက်ရှိလာလို့ပါပဲ။

၂။ အရင်က ကြိုက်တာတွေ မကြိုက်တော့တာမျိုး၊ အရင်က မကြိုက်တာတွေ ခုမှကြိုက်လာမိတာမျိုးလို အပြောင်းအလဲတွေလည်း ဖြစ်လာတယ်။ အရင်ကဆို နှုတ်ခမ်းနီမဆိုးဘူး။ ခုမှ လှချင်လာမိတာ။

၃။ သူငယ်ချင်းတွေက ကိုယ့်ကိုခေါ်ကြပြီ "ပလစ်စိန်"...။ သူငယ်ချင်းတွေချိန်းတဲ့ဆီ မသွားနိုင်တော့ဘူး။ မေးလိုက်တိုင်း အလုပ်များတယ်ပဲပြောနေတာ။ စိတ်တွေက ချစ်သူဆီမှာ။

၄။ နောက်တစ်ခုကတော့ ပိုက်ဆံကုန်တာပါပဲ ဘဒိုတို့၊ စစ်တို့ရေ။ အပြင်သွားမယ်၊ ချိန်းတွေ့မယ်ဆိုတော့ ပိုက်ဆံက ကုန်တယ်။ ကိုယ့်ကိုယ်ကိုယ် ပြင်ရဆင်ရသေးတော့လည်း ကုန်တယ်။ လက်ဆောင်လေးကလည်း ဝယ်ပေးလိုက်ချင်သေးတယ်။

၅။ ဘေးလူတွေကတောင် ကိုယ့်ကို သတိထားမိလာတယ်။ အရင်တုန်းက ကိုယ့်ကို ဝေဖန်မှတ်ချက်ပေးတာတွေ မလုပ်ခဲ့ကြသူတွေကတောင် ခုဆို ကိုယ့်ကိုကြည့်ပြီး မှတ်ချက်တွေပေးလာကြတယ်။ ကိုယ်ပြောင်းလဲလာပြီလေ။ အချစ်ကြောင့် ပြောင်းလဲခဲ့သူပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top