လစဉ် (၄.၇၅) သိန်းကျော် သွင်းရုံဖြင့် သိန်း (၉၀၀) တန် ကွန်ဒို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
×

Daily Mail


မက်ဂရီဂေါ်သည် လက်ဝှေ့ ကြိုးဝိုင်းအတွင်း ပထမဆုံးခြေချ လာသူဖြစ်ပြီး လျင်မြန်သော ခြေ ထောက်ရွေ့လျားမှုနှင့်အတူ မေ ဝယ်သာအတွက် အစောပိုင်းအချီ များတွင် အခက်တွေ့စေခဲ့သည်။






—Ref:BBC/AF

Credit: 7Day Daily

#Unicode Version#
Daily Mail

လာ့စ်ဗီးဂတ်စ်- အမေရိကန် လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ် သာက ကိုယ်ခံပညာပေါင်းစုံ ချန် ပီယံအိုင်ယာလန်သား ကော်နာ မက်ဂရီဂေါ်ကို နည်းစနစ်ပိုင်း အလဲထိုး(သို့) ဒိုင်ပွဲရပ်ဖြင့် ၁၀ ချီမြောက်တွင် အနိုင်ရရှိခဲ့သည်။

တစ်ဖက်နှင့် တစ်ဖက်လေ လုံးထွားပြီး မီဒီယာများ၏ မြှင့်တင်မှုဖြင့် ငွေကြေးအမြောက်အမြား ပါဝင်ပတ်သက်သော ပွဲကို လာ့စ် ဗီးဂတ်စ်မြို့ T-Mobile ခန်းမတွင် ကျင်းပရာ လက်မှတ်ဈေးကြီး သောကြောင့် ရုံမပြည့်ခဲ့ပေ။

မက်ဂရီဂေါ်သည် လက်ဝှေှ့ ကြိုးဝိုင်းအတွင်း ပထမဆုံးခြေချ လာသူဖြစ်ပြီး လျင်မြန်သော ခြေ ထောက်ရွေ့လျားမှုနှင့်အတူ မေ ဝယ်သာအတွက် အစောပိုင်းအချီ များတွင် အခက်တွေ့စေခဲ့သည်။

သို့သော် ပွဲချီကြာမြင့်လာ သည်နှင့်အမျှ မက်ဂရီဂေါ်က ဒုက္ခ ပေးနိုင်စွမ်း နည်းလာပြီး မေဝယ် သာက အသာစီးရလာသည်။ ပြိုင်ဘက် မက်ဂရီဂေါ်အတိုက် ပြိုင်ပွဲများ အလေးအနက် မယှဉ်ပြိုင်မီကပင် ၃၉ ပွဲအနိုင်ရရှိပြီး သော မေဝယ်သာက ၎င်း၏အ တွေ့အကြုံကို ကောင်းစွာအသုံး ချကာ မောပန်းလာသော မက် ဂရီဂေါ်ကို ထောက်လက်သီး၊ ဝိုက် လက်သီး၊ ပင့်လက်သီးများဖြင့် အမှတ်များရယူခဲ့သည်။

      ၁၀ ချီမြောက်ရောက်ချိန်တွင်မက်ဂရီဂေါ်သည် သက်လုံ ကျဆင်းလာပြီး မတ်တတ်ပင်အနိုင် နိုင်ရပ်နေရချိန်၌ မေဝယ်သာက ဘယ်ညာတွဲလုံးများ၊ ထိရောက် သော ဘယ်ပင့်လက်သီးများ ပစ်သွင်းခဲ့ရာ ဒိုင်လူကြီး ရောဘတ် ဘစ်က ကြားဝင်ခဲ့ပြီး ပွဲကို ရပ်ဆိုင်းခဲ့သည်။

‘‘သူက ကျွန်တော်ထင်ထား တာထက် ပိုကောင်းပါတယ်။ နေ ရာစုံကနေ ထိုးသတ်တယ်။ ဒါပေ မဲ့ ကျွန်တော်က ပိုကောင်းခဲ့တယ်’’ဟု မေဝယ်သာက ပြောကြား သည်။ ပွဲမတိုင်မီကပင် အချိန်ယူထိုးသတ်ကာ နောက်ဆုံးအချီ တွင် အပြီးသတ်ချေမှုန်းရန် စီစဉ်ခဲ့သည်ဟု ပွဲပေါင်း ၅၀ ထိုးသတ် ပြီး တစ်ပွဲမျှ အရှုံးမရှိသော စံချိန် ရှင် မေဝယ်သာ (၄၀)နှစ်က ပြောသည်။ ယင်းစံချိန်သည် လက်ဝှေ့ဂန္ထဝင်ရော့ကီမာစီယာနို၏ ၄၉-၀ ကိုပင် ကျော်လွန်ခဲ့သည်။

Ultimate Fighting Cha-mpionship ချန်ပီယံ မက်ဂရီဂေါ် ကမူ ဒိုင်လူကြီးက ပွဲကို အချိန် မတိုင်မီ ရပ်တန့်ခဲ့သည်ဟု ပြော သည်။‘‘သိပ်မကွာဘူးလို့ ထင်ပါ တယ်။ ဒိုင်လူကြီးပွဲရပ်လိုက်တာ စောပါတယ်။ ကျွန်တော်နည်း နည်းမောသွားတာပါ။ ဒိုင်လူကြီး ကဆက်ပြီး ထိုးသတ်ခွင့်ပြုသင့်ပါ တယ်’’ဟု လွန်ခဲ့သော လေးနှစ် မတိုင်မီအထိ ပိုက်ပြင်အလုပ် လုပ်ကိုင်ခဲ့သော မက်ဂရီဂေါ်က ပြောသည်။

ယခုပွဲထိုးသတ်မှုအပြီးတွင် မေဝယ်သာက ကန်ဒေါ်လာသန်း ၂၀၀ ခန့် ရရှိခဲ့ပြီး မက်ဂရီဂေါ်က ဒေါ်လာသန်း ၁၀၀ ခန့် ရရှိ ခဲ့သည်။

—Ref:BBC/AF


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top