ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

လန္ဒန္- စတန္းဖို႔ဒ္ဘရစ္ခ်္ကြင္း တြင္ ကစားေသာ ပဲြ၌ ဖာဘရီ ဂတ္စ္ႏွင့္ မုိရက္တာတို႔၏ သြင္းဂုိး မ်ားျဖင့္ ခ်ယ္လ္ဆီးက အဲဗာတန္ ကို ၂-၀ ဂုိးျဖင့္ သက္ေသာင့္သက္သာအႏုိင္ရခဲ့သည္။

ပရီးမီးယားလိဂ္ ခ်န္ပီယံ အတြက္ ဖာဘရီဂတ္စ္က ၂၇ မိနစ္တြင္ အဖြင့္ဂုိးသြင္းယူၿပီး စပိန္ တိုက္စစ္မွဴး မုိရက္တာက ပထမ ပိုင္းၿပီးရန္ ငါးမိနစ္အလို၌ ဒုတိယဂုိးရယူခဲ့သည္။

ခ်ယ္လ္ဆီးသည္ ပထမဆံုး ပြဲတြင္ ဘန္ေလကုိ မထင္မွတ္ ဘဲ ႐ႈံးနိမ့္ခဲ့ၿပီးေနာက္ ႏွစ္ပြဲဆက္အႏုိင္ရရိွထားသည္။ အဲဗာတန္ က ခ်ယ္လ္ဆီးကုိ အိမ္ကြင္းတြင္ အႏုိင္မရသည္မွာ ၂၃ ပြဲရိွလာၿပီ ျဖစ္သည္။ ခ်ယ္လ္ဆီးႏွင့္ အႀကိတ္အ နယ္မကစားႏုိင္ခဲ့ေသာ အဲဗာတန္ ေၾကာင့္ ခ်ယ္လ္ဆီး ဂုိးသမား သည္ ပြဲကစားခ်ိန္ ၈၇ မိနစ္ေရာက္မွသာ အီဒရစ္ဆာဂူရီ၏ ကန္ခ်က္ကို ထိထိေရာက္ေရာက္ကာကြယ္ခဲ့ရသည္။

အျခားပြဲစဥ္ တစ္ခုတြင္ ဝက္စ္ဘရြန္းက စတုတ္ကုိ တစ္ ဂုိးစီသေရက်ခဲ့သည္။ စတုတ္အ တြက္ ေဂ်း႐ုိဒရီဂြက္ဇ္က သြင္းယူ ခဲ့ၿပီး စတုတ္အတြက္ ပီတာခ ေရာ့ခ်္က ျပန္လည္ေခ်ပခဲ့သည္။

အာဆင္နယ္ကုိ အႏုိင္ရၿပီး ဝက္စ္ဘရြန္းတြင္ သေရက်ျခင္းေၾကာင့္ ရာသီအစေကာင္းမြန္သည္ဟု ဆုိႏိုင္ေၾကာင္း ပီတာခေရာ့ခ်္က ေျပာသည္။    

—Ref:BBC

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
လန်ဒန်- စတန်းဖို့ဒ်ဘရစ်ချ်ကွင်း တွင် ကစားသော ပွဲ၌ ဖာဘရီ ဂတ်စ်နှင့် မိုရက်တာတို့၏ သွင်းဂိုး များဖြင့် ချယ်လ်ဆီးက အဲဗာတန် ကို ၂-၀ ဂိုးဖြင့် သက်သောင့်သက်သာအနိုင်ရခဲ့သည်။

ပရီးမီးယားလိဂ် ချန်ပီယံ အတွက် ဖာဘရီဂတ်စ်က ၂၇ မိနစ်တွင် အဖွင့်ဂိုးသွင်းယူပြီး စပိန် တိုက်စစ်မှူး မိုရက်တာက ပထမ ပိုင်းပြီးရန် ငါးမိနစ်အလို၌ ဒုတိယဂိုးရယူခဲ့သည်။

ချယ်လ်ဆီးသည် ပထမဆုံး ပွဲတွင် ဘန်လေကို မထင်မှတ် ဘဲ ရှုံးနိမ့်ခဲ့ပြီးနောက် နှစ်ပွဲဆက်အနိုင်ရရှိထားသည်။ အဲဗာတန် က ချယ်လ်ဆီးကို အိမ်ကွင်းတွင် အနိုင်မရသည်မှာ ၂၃ ပွဲရှိလာပြီ ဖြစ်သည်။ ချယ်လ်ဆီးနှင့် အကြိတ်အ နယ်မကစားနိုင်ခဲ့သော အဲဗာတန် ကြောင့် ချယ်လ်ဆီး ဂိုးသမား သည် ပွဲကစားချိန် ၈၇ မိနစ်ရောက်မှသာ အီဒရစ်ဆာဂူရီ၏ ကန်ချက်ကို ထိထိရောက်ရောက်ကာကွယ်ခဲ့ရသည်။

အခြားပွဲစဉ် တစ်ခုတွင် ဝက်စ်ဘရွန်းက စတုတ်ကို တစ် ဂိုးစီသရေကျခဲ့သည်။ စတုတ်အ တွက် ဂျေးရိုဒရီဂွက်ဇ်က သွင်းယူ ခဲ့ပြီး စတုတ်အတွက် ပီတာခ ရော့ချ်က ပြန်လည်ချေပခဲ့သည်။

အာဆင်နယ်ကို အနိုင်ရပြီး ဝက်စ်ဘရွန်းတွင် သရေကျခြင်းကြောင့် ရာသီအစကောင်းမွန်သည်ဟု ဆိုနိုင်ကြောင်း ပီတာခရော့ချ်က ပြောသည်။    



—Ref:BBC



ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top