Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေထာပတ္သီးမ်ား စားသံုးရာတြင္ အစဥ္သျဖင့္ စြန္႔ပစ္တတ္ေလ့ရွိ ေသာ အေစ့မ်ား၏ အေပၚဆံုးအခြံ၌ ကင္ဆာႏွင့္ႏွလံုးေရာဂါတို႔ကို ကာကြယ္ေပးႏိုင္ေသာ အာဟာရဆိုင္ရာ ျဒပ္ေပါင္းမ်ား ႂကြယ္ဝစြာ ပါဝင္ေၾကာင္း အေမရိကန္ႏိုင္ငံ တကၠဆက္ျပည္နယ္မွ သုေတ သီမ်ားက ေလ့လာေတြ႕ရွိခဲ့သည္။

က်န္းမာေရးအက်ိဳးေက်းဇူးမ်ားစြာရွိေသာ ေထာပတ္သီးသည္ အိုမင္းရင့္ေရာ္မႈကို တိုက္ဖ်က္ႏိုင္ေသာ အစြမ္းသတၱိမွေန၍ ကင္ ဆာေရာဂါကို ကာကြယ္ႏိုင္ေသာ အစြမ္းသတၱိမ်ားအထိ က်န္းမာ ေရး အက်ိဳးေက်းဇူးမ်ားစြာ ပါဝင္ေၾကာင္း ေလ့လာမႈအမ်ားအျပားက ေဖာ္ျပထားၿပီးျဖစ္သည္။

သို႔ေသာ္ ေထာပတ္သီးစားသံုးရာတြင္ အစဥ္သျဖင့္ စြန္႔ပစ္ေလ့ ရွိေသာ အေစ့၏ အေပၚဆံုးအလႊာတြင္ အက်ိတ္မ်ားႀကီးထြားမႈ၊ ေသြးေၾကာမ်ားထဲတြင္ အဆီမ်ားစုေဝးမႈကို ကာကြယ္ေပးႏိုင္ေသာ အစြမ္းသတၱိမ်ား ႂကြယ္ဝစြာပါဝင္သည္။

ယင္းေၾကာင့္ ေထာပတ္သီးအေစ့ကို ကင္ဆာ၊ ႏွလံုးႏွင့္ အျခားေသာေရာဂါမ်ား ကုသရာတြင္ အသံုးျပဳရန္ ျဖစ္ႏိုင္သည္ဟု သု ေတသီမ်ားကေျပာသည္။

အခ်ိဳ႕ေသာ စားသံုးႏိုင္သည့္ အဆီထုတ္လုပ္သူမ်ားက ေထာ ပတ္သီးအေစ့မ်ားမွ ေထာပတ္သီးအဆီကို ထုတ္ယူေသာ္လည္း အ ျပင္ဘက္အလႊာကို ဖယ္ရွားပစ္ၿပီးမွ ထုတ္ယူေလ့ရွိသည္ဟု သုေတ သီမ်ားက ေျပာသည္။

ေထာပတ္သီးအေစ့၏ အျပင္ဘက္ဆံုးအလႊာတြင္ ပါဝင္ေသာ အာဟာရဓာတ္မ်ားသည္ ႏွလံုးေသြးေၾကာမ်ားထဲတြင္ အဆီမ်ားျဖစ္ေပၚမႈကို ကာကြယ္ေပးေသာေၾကာင့္ ႏွလံုးေရာဂါႏွင့္ ေလျဖတ္ျခင္းတို႔ကဲ့သို႔ အသက္အႏၲရာယ္ရွိေသာ ျပႆနာမ်ားကို ကာကြယ္ ေပးႏိုင္သည္။

ေထာပတ္သီးအလံုးႀကီးတစ္လံုး၏ ထက္ဝက္တြင္ ကယ္လိုရီ ၁၈၀ ပါဝင္ၿပီး တစ္ေန႔တာစားသံုးရန္ လိုအပ္ေသာ သစ္သီးႏွင့္ဟင္းသီးဟင္းရြက္မ်ား၏ ငါးပံုတစ္ပံုႏွင့္ ညီမွ်သည့္ အမွ်င္ဓာတ္ပါဝင္ေသာ ေထာပတ္သီးတြင္ ပိုတက္ဆီယမ္ႏွင့္ ဗီတာမင္တို႔ကဲ့သို႔ အျခားေသာ အာဟာရမ်ားလည္း ပါဝင္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original uploader

#Unicode Version#
ထောပတ်သီးများ စားသုံးရာတွင် အစဉ်သဖြင့် စွန့်ပစ်တတ်လေ့ရှိ သော အစေ့များ၏ အပေါ်ဆုံးအခွံ၌ ကင်ဆာနှင့်နှလုံးရောဂါတို့ကို ကာကွယ်ပေးနိုင်သော အာဟာရဆိုင်ရာ ဒြပ်ပေါင်းများ ကြွယ်ဝစွာ ပါဝင်ကြောင်း အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှ သုတေ သီများက လေ့လာတွေ့ရှိခဲ့သည်။

ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိသော ထောပတ်သီးသည် အိုမင်းရင့်ရော်မှုကို တိုက်ဖျက်နိုင်သော အစွမ်းသတ္တိမှနေ၍ ကင် ဆာရောဂါကို ကာကွယ်နိုင်သော အစွမ်းသတ္တိများအထိ ကျန်းမာ ရေး အကျိုးကျေးဇူးများစွာ ပါဝင်ကြောင်း လေ့လာမှုအများအပြားက ဖော်ပြထားပြီးဖြစ်သည်။

သို့သော် ထောပတ်သီးစားသုံးရာတွင် အစဉ်သဖြင့် စွန့်ပစ်လေ့ ရှိသော အစေ့၏ အပေါ်ဆုံးအလွှာတွင် အကျိတ်များကြီးထွားမှု၊ သွေးကြောများထဲတွင် အဆီများစုဝေးမှုကို ကာကွယ်ပေးနိုင်သော အစွမ်းသတ္တိများ ကြွယ်ဝစွာပါဝင်သည်။

ယင်းကြောင့် ထောပတ်သီးအစေ့ကို ကင်ဆာ၊ နှလုံးနှင့် အခြားသောရောဂါများ ကုသရာတွင် အသုံးပြုရန် ဖြစ်နိုင်သည်ဟု သု တေသီများကပြောသည်။

အချို့သော စားသုံးနိုင်သည့် အဆီထုတ်လုပ်သူများက ထော ပတ်သီးအစေ့များမှ ထောပတ်သီးအဆီကို ထုတ်ယူသော်လည်း အ ပြင်ဘက်အလွှာကို ဖယ်ရှားပစ်ပြီးမှ ထုတ်ယူလေ့ရှိသည်ဟု သုတေ သီများက ပြောသည်။

ထောပတ်သီးအစေ့၏ အပြင်ဘက်ဆုံးအလွှာတွင် ပါဝင်သော အာဟာရဓာတ်များသည် နှလုံးသွေးကြောများထဲတွင် အဆီများဖြစ်ပေါ်မှုကို ကာကွယ်ပေးသောကြောင့် နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကဲ့သို့ အသက်အန္တရာယ်ရှိသော ပြဿနာများကို ကာကွယ် ပေးနိုင်သည်။

ထောပတ်သီးအလုံးကြီးတစ်လုံး၏ ထက်ဝက်တွင် ကယ်လိုရီ ၁၈၀ ပါဝင်ပြီး တစ်နေ့တာစားသုံးရန် လိုအပ်သော သစ်သီးနှင့်ဟင်းသီးဟင်းရွက်များ၏ ငါးပုံတစ်ပုံနှင့် ညီမျှသည့် အမျှင်ဓာတ်ပါဝင်သော ထောပတ်သီးတွင် ပိုတက်ဆီယမ်နှင့် ဗီတာမင်တို့ကဲ့သို့ အခြားသော အာဟာရများလည်း ပါဝင်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Original uploader
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top