ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ေရွ႕အခါက ရြာတစ္ရြာမွာ အင္မတန္အဆိပ္ျပင္းတဲ့
ေျမြေဟာက္ႀကီးတစ္ေကာင္သည္ ရြာ၏အနီးလယ္ျပင္မွာ ရွိေနခဲ့တယ္။

အဲဒီေျမြေဟာက္ႀကီးဟာ ရြာအျပင္လယ္ကြင္းထဲ ထြက္လာသူအားလံုးကို
လိုက္၍ကိုက္သတ္ေနေသာေၾကာင့္ ရြာသားမ်ားဟာ
ရြာအျပင္လယ္ကြင္းထဲကို မည္သူမွ်မသြားရဲၾကေပ။

ထိုအခါ ရေသ့ႀကီးတစ္ပါးသည္ ရြာထဲသို႔ဆြမ္းခံၾကြလာေသာအခါ
ရြာသားမ်ားက ရေသ့ႀကီးအား ေျမြေဟာက္ႀကီးအေၾကာင္း
ေလ်ာက္ထားၾကရာ ရေသ့ႀကီးသည္ ေျမြေဟာက္ႀကီးကို
ေမတၱာပို႔သ၍ ခႏၲီတရားလက္ကိုင္းထားကာ
ေျမြေဟာက္ႀကီးရွိရာ ရြာအျပင္လယ္ကြင္းထဲသို႔ သြားေလ၏။

ေျမြေဟာက္ႀကီးသည္ ရေသ့ႀကီးလယ္ကြင္းထဲ ထြက္လာသည္ကို
ျမင္တဟ္ဆိုရင္ပဲ အေမာက္ေထာင္ကာ ရေသ့ႀကီးရွိရာသို႔
ေျပးကာကိုက္ေလ၏။

ရေသ့ႀကီးသည္ ေျမြေဟာက္ႀကီးမည္မွ်ကိုက္ေနပါမူ
ဘာမွ်မျဖစ္ အျပံဳးမပ်က္ပဲ သီးခံေတာ္မူ၍ ေမတၱာကိုသာ
ႀကိမ္ဖန္မ်ားစြာပြားမ်ားေနေလသည္။

ထိုအခါ ေျမြေဟာက္ႀကီးသည္ ထိတ္လန္႔၍ ေမးေလသည္။
အရွင္ရေသ့ ကြ်န္ုပ္၏အဆိပ္ဟာ အင္မတန္ျပင္းသည္။
ကြ်န္ုပ္ကိုက္၍ ကြမ္းတစ္ယာညက္မွ်ၾကာလွ်င္ လူသားေတြဟာ
ေသကုန္ပါတယ္ သို႔ေသာ္ အရွင္ရေသ့က အဘယ္ေၾကာင့္
မေသပါသနည္း။

ထိုသို႔ေမးေသာအခါ ရေသ့ႀကီးက သင္ေျမြေဟာက္ ေမတၱာထား၍
သီးခံျခင္းေၾကာင့္သာ သင့္အဆိပ္ကို ကြ်န္ုပ္ေအာင္နိုင္ျခင္းျဖစ္တယ္။

ဒါေၾကာင့္ သင္သည္လည္း လူသားေတြကို ေဒါသအဆိပ္ျဖင့္
အနိုင္ယူျခင္းထက္ ေမတၱာထား၍သီးခံျခင္းဟာ
အရာအားလံုးကိုေအာင္ျမင္နိုင္ပါတယ္။

သင္သည္လည္းယေန႔က စ၍လူသားေတြကို မကိုက္သတ္ပါနဲ႔
ေမတၱာထား၍ သီးခံေပးပါလို႔ ဆံုးမေတာ္မူေလသည္။
ထိုအခါ ေျမြေဟာက္ႀကီးလည္း သေဘာက်ႏွစ္သက္၍
ကတိသစၥာေပးလိုက္၏။

ေျမြေဟာက္ႀကီး မကိုက္ေတာ့မွန္း သိေလေသာအခါ
ရြာသားမ်ားသည္ ေျမြေဟာက္ႀကီးအေပၚကေန ေက်ာ္ခြသြားေလ၏။
ေျမြေဟာက္ႀကီးက ေမာ့ၾကည့္ကာ ေအာ္ေမတၱာထားသီးခံရမယ္ေလ
ဆိုကာ သီးခံ၍သာ ေနေလ၏။

ထို႔ေနာက္ ရြာသားမ်ားဟာ ေျမြေဟာက္ႀကီးကို နင္း၍သြားၾက၏။
ထိုအခါမွာလည္း ေမာ့ၾကည့္ကာ ေအာ္ေမတၱာထားသီးခံရမယ္ေလ
ဆိုကာ သီးခံ၍သာ ေနေလ၏။

အခ်ိန္ၾကာလာသည္ႏွင့္အမွ် ရြာသားမ်ားဟာ
ေျမြေဟာက္ႀကီးကို ပ်က္ရယ္ျပဳကာ ကေလးေတြကအစ
ေခြေခါက္ကစားလာၾကသည္။ ထိုအခါတြင္လည္း
ေအာ္ေမတၱာထားသီးခံရမယ္ေလ ဆိုကာ သီးခံ၍သာ ေနေလ၏။

ဒါနဲ႔ရြာသားမ်ားဟာ မကိုက္မွန္းသိေလေတာ့ ပို၍တိုး၍
ေျမြေဟာက္ႀကီးကို ညွဥ္းဆဲလာၾကသည္။
အေျခအေနက ဘယ္အထိေရာက္လာသလဲဆိုရင္
အျမီးကိုင္ ေဝွ႔ယမ္းကစားၾကေလသည္။

ဒီေတာ့ မျဖစ္ေလဘူး ဒီအတိုင္းဆို ငါေသလိမ့္မည္
အရွင္ရေသ့ထံသြားေမးေလွ်ာက္အံုးမွပဲလို႔
ႀကံကာ ထြက္လာခဲ့၏။

ရေသ့ႀကီးထံ ေရာက္တဲ့အခါ
အရွင္ရေသ့ ေျပာေတာ့ သီးခံျခင္းေမတၱာထားျခင္းဟာ
အရာရာေအာင္ျမင္နိုင္တယ္ဆို ခုေတာ့ ေသရေတာ့မဲ့
အေျခအေနေရာက္လာပါျပီဘုရား။

ဒီလိုေလွ်ာက္ေတာ့
ရေသ့ႀကီးက ရယ္ေလ၏။
ထိုအခါ ေျမြေဟာက္ႀကီးက
"အရွင္ရေသ့ အဘယ္ေၾကာင့္
ရယ္ရပါသလဲ"

"ေအာ္ ေမတၱာထား သီခံရမည္ ဆိုတာ
လူေတြကို အႏၲရာယ္မေပး မကိုက္သတ္ဘဲ
ေနရမယ္လို႔ ေျပာတာပါ ဒါေပမဲ့
မင္းက အေမာက္ကေလးေထာင္အံုးမွေပါ့။
သို႔မဟုတ္ပါက မထီေလးစား ပ်က္ရယ္ျပဳတာခံရနိုင္တာေပါ့
ဒါေၾကာင့္ အေမာက္ေလးေတာ့ ေထာင္ျပလိုက္ပါ"လို႔
မွာ၍ ျပန္လႊတ္လိုက္ေလ၏။

သို႔မွသာ
ေျမြေဟာက္ႀကီးသည္ ရြာသားမ်ားသူ႔အနားလာသည္ႏွင့္
အေမာက္ေထာင္ျပလိုက္ရာ ရြာသားတို႔သည္လည္း
အနားမကပ္ရဲေတာ့ဘဲ အေဝးမွ ေကြကြင္းသြားေလသည္။

သီးခံသည္ ဆိုေပမဲ့ ကိုယ့္မညံ့ဘူး အစြမ္းအဆရွိတယ္ဆိုတာေတာ့
ျပသေပးဖို႔ မေမ့ပါနဲ႔ မိတ္ေဆြတို႔........။

ဝိနယပိဋကမဟာဌာန
ဦးတိႆာစာရ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: May Kyin San
#Unicode Version#
ေရှ့အခါက ရွာတစ်ရွာမှာ အင်မတန်အဆိပ်ပြင်းတဲ့
မြွေဟောက်ကြီးတစ်ကောင်သည် ရွာ၏အနီးလယ်ပြင်မှာ ရှိနေခဲ့တယ်။

အဲဒီမြွေဟောက်ကြီးဟာ ရွာအပြင်လယ်ကွင်းထဲ ထွက်လာသူအားလုံးကို
လိုက်၍ကိုက်သတ်နေသောကြောင့် ရွာသားများဟာ
ရွာအပြင်လယ်ကွင်းထဲကို မည်သူမျှမသွားရဲကြပေ။

ထိုအခါ ရသေ့ကြီးတစ်ပါးသည် ရွာထဲသို့ဆွမ်းခံကြွလာသောအခါ
ရွာသားများက ရသေ့ကြီးအား မြွေဟောက်ကြီးအကြောင်း
လျောက်ထားကြရာ ရသေ့ကြီးသည် မြွေဟောက်ကြီးကို
မေတ္တာပို့သ၍ ခန္တီတရားလက်ကိုင်းထားကာ
မြွေဟောက်ကြီးရှိရာ ရွာအပြင်လယ်ကွင်းထဲသို့ သွားလေ၏။

မြွေဟောက်ကြီးသည် ရသေ့ကြီးလယ်ကွင်းထဲ ထွက်လာသည်ကို
မြင်တဟ်ဆိုရင်ပဲ အမောက်ထောင်ကာ ရသေ့ကြီးရှိရာသို့
ပြေးကာကိုက်လေ၏။

ရသေ့ကြီးသည် မြွေဟောက်ကြီးမည်မျှကိုက်နေပါမူ
ဘာမျှမဖြစ် အပြုံးမပျက်ပဲ သီးခံတော်မူ၍ မေတ္တာကိုသာ
ကြိမ်ဖန်များစွာပွားများနေလေသည်။

ထိုအခါ မြွေဟောက်ကြီးသည် ထိတ်လန့်၍ မေးလေသည်။
အရှင်ရသေ့ ကျွန်ုပ်၏အဆိပ်ဟာ အင်မတန်ပြင်းသည်။
ကျွန်ုပ်ကိုက်၍ ကွမ်းတစ်ယာညက်မျှကြာလျှင် လူသားတွေဟာ
သေကုန်ပါတယ် သို့သော် အရှင်ရသေ့က အဘယ်ကြောင့်
မသေပါသနည်း။

ထိုသို့မေးသောအခါ ရသေ့ကြီးက သင်မြွေဟောက် မေတ္တာထား၍
သီးခံခြင်းကြောင့်သာ သင့်အဆိပ်ကို ကျွန်ုပ်အောင်နိုင်ခြင်းဖြစ်တယ်။

ဒါကြောင့် သင်သည်လည်း လူသားတွေကို ဒေါသအဆိပ်ဖြင့်
အနိုင်ယူခြင်းထက် မေတ္တာထား၍သီးခံခြင်းဟာ
အရာအားလုံးကိုအောင်မြင်နိုင်ပါတယ်။

သင်သည်လည်းယနေ့က စ၍လူသားတွေကို မကိုက်သတ်ပါနဲ့
မေတ္တာထား၍ သီးခံပေးပါလို့ ဆုံးမတော်မူလေသည်။
ထိုအခါ မြွေဟောက်ကြီးလည်း သဘောကျနှစ်သက်၍
ကတိသစ္စာပေးလိုက်၏။

မြွေဟောက်ကြီး မကိုက်တော့မှန်း သိလေသောအခါ
ရွာသားများသည် မြွေဟောက်ကြီးအပေါ်ကနေ ကျော်ခွသွားလေ၏။
မြွေဟောက်ကြီးက မော့ကြည့်ကာ အော်မေတ္တာထားသီးခံရမယ်လေ
ဆိုကာ သီးခံ၍သာ နေလေ၏။

ထို့နောက် ရွာသားများဟာ မြွေဟောက်ကြီးကို နင်း၍သွားကြ၏။
ထိုအခါမှာလည်း မော့ကြည့်ကာ အော်မေတ္တာထားသီးခံရမယ်လေ
ဆိုကာ သီးခံ၍သာ နေလေ၏။

အချိန်ကြာလာသည်နှင့်အမျှ ရွာသားများဟာ
မြွေဟောက်ကြီးကို ပျက်ရယ်ပြုကာ ကလေးတွေကအစ
ခွေခေါက်ကစားလာကြသည်။ ထိုအခါတွင်လည်း
အော်မေတ္တာထားသီးခံရမယ်လေ ဆိုကာ သီးခံ၍သာ နေလေ၏။

ဒါနဲ့ရွာသားများဟာ မကိုက်မှန်းသိလေတော့ ပို၍တိုး၍
မြွေဟောက်ကြီးကို ညှဉ်းဆဲလာကြသည်။
အခြေအနေက ဘယ်အထိရောက်လာသလဲဆိုရင်
အမြီးကိုင် ဝှေ့ယမ်းကစားကြလေသည်။

ဒီတော့ မဖြစ်လေဘူး ဒီအတိုင်းဆို ငါသေလိမ့်မည်
အရှင်ရသေ့ထံသွားမေးလျှောက်အုံးမှပဲလို့
ကြံကာ ထွက်လာခဲ့၏။

ရသေ့ကြီးထံ ရောက်တဲ့အခါ
အရှင်ရသေ့ ပြောတော့ သီးခံခြင်းမေတ္တာထားခြင်းဟာ
အရာရာအောင်မြင်နိုင်တယ်ဆို ခုတော့ သေရတော့မဲ့
အခြေအနေရောက်လာပါပြီဘုရား။

ဒီလိုလျှောက်တော့
ရသေ့ကြီးက ရယ်လေ၏။
ထိုအခါ မြွေဟောက်ကြီးက
"အရှင်ရသေ့ အဘယ်ကြောင့်
ရယ်ရပါသလဲ"

"အော် မေတ္တာထား သီခံရမည် ဆိုတာ
လူတွေကို အန္တရာယ်မပေး မကိုက်သတ်ဘဲ
နေရမယ်လို့ ပြောတာပါ ဒါပေမဲ့
မင်းက အမောက်ကလေးထောင်အုံးမှပေါ့။
သို့မဟုတ်ပါက မထီလေးစား ပျက်ရယ်ပြုတာခံရနိုင်တာပေါ့
ဒါကြောင့် အမောက်လေးတော့ ထောင်ပြလိုက်ပါ"လို့
မှာ၍ ပြန်လွှတ်လိုက်လေ၏။

သို့မှသာ
မြွေဟောက်ကြီးသည် ရွာသားများသူ့အနားလာသည်နှင့်
အမောက်ထောင်ပြလိုက်ရာ ရွာသားတို့သည်လည်း
အနားမကပ်ရဲတော့ဘဲ အဝေးမှ ကွေကွင်းသွားလေသည်။

သီးခံသည် ဆိုပေမဲ့ ကိုယ့်မညံ့ဘူး အစွမ်းအဆရှိတယ်ဆိုတာတော့
ပြသပေးဖို့ မမေ့ပါနဲ့ မိတ်ဆွေတို့........။

ဝိနယပိဋကမဟာဌာန
ဦးတိဿာစာရ

ဖိုးသူတော် (www.phothutaw.com)
Credit: May Kyin San
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top