လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ျပည္တြင္းပုလဲေရာင္းခ်ပြဲမွ ပုလဲမ်ားကို ေတြ႕ရစဥ္ (ဓာတ္ပံု − MOI Webportal Myanmar)

ေနျပည္ေတာ္ တြင္ ျပဳလုပ္သည့္ (၃၅)ႀကိမ္ ေျမာက္ ျပည္တြင္းပုလဲေရာင္းခ်ပဲြ တြင္ ျပသေရာင္းခ်ေသာ ပုလဲအ တဲြအားလံုးေရာင္းခ်ရၿပီး ယူ႐ို ၂ ဒသမ ၃ သန္းေက်ာ္ရရွိေၾကာင္း  ပုလဲလုပ္ငန္းဌာနမွဴး ေဒၚျမျမ၀င္း က ေျပာသည္။

ေနျပည္ေတာ္ရွိ မဏိရတနာ လိပ္ခံုးေက်ာက္မ်က္ျပခန္းတြင္ ၾသဂုတ္ ၁၈ ရက္မွ ၂၀ ရက္အထိ  က်င္းပခဲ့သည့္ ယင္းပုလဲေရာင္းခ် ပဲြ၌ အိတ္ဖြင့္တင္ဒါစနစ္တစ္မ်ိဳး တည္းျဖင့္ ေရာင္းခ်ျခင္းျဖစ္သည္။ ျပပဲြ၌ တစ္ရက္လွ်င္ ပုလဲအတြဲ ၉၀ ကို သံုးရက္ျပသေရာင္းခ်ၿပီး ရာႏႈန္းျပည့္ ေရာင္းခ်ႏုိင္ခဲ့ျခင္း လည္းျဖစ္သည္။

‘‘ဒီပဲြက ဒီႏွစ္မွာေတာ့ ပထမ ဆံုးအႀကိမ္ပဲ။ အခုပဲြက ျပည္တြင္း၊ျပည္ပ ကုန္သည္အားလံုးပါ တယ္’’ ဟု ေဒၚျမျမ၀င္းက ေျပာ သည္။

ပုလဲအတဲြေပါင္း ၂၇၀ အ တြက္ အေျခခံၾကမ္းခင္းေစ်း ယူ႐ုိေငြ ၁ ဒသမ ၂၃ သန္းတန္ဖိုးရွိၿပီး အေလးခ်ိန္ ၆၅,၀၀၂ ဒသမ ၄၅ မိုမီ (ဂ်ပန္ႏုိင္ငံအေခၚအေ၀ၚ)ရွိသည္။

ယခုျပပဲြသို႔ ျပည္တြင္း၊ ျပည္ပကုမၸဏီလုပ္ငန္းရွင္ ၁၈၀ ဦး စာရင္းေပးလာေရာက္ၿပီး ဂ်ပန္၊ တ႐ုတ္၊ ေဟာင္ေကာင္၊ အိႏိၵယႏုိင္ငံမွ ကုန္သည္မ်ားလည္း ပါ၀င္သည္ဟု ေဒၚျမျမ၀င္းက ဆုိသည္။

ျပပဲြတြင္ ပုလဲတဲြမ်ားကို ၀ယ္ယူခဲ့ေသာ ျမန္မာကုန္သည္မ်ားသည္ ယူ႐ုိေငြျဖင့္ ေပးေခ်ရန္မလိုဘဲ သတ္မွတ္ေငြလဲႏႈန္းအတုိင္း ျမန္မာေငြျဖင့္ ေပးေခ်ႏုိင္ေၾကာင္း၎က ဆက္လက္ေျပာၾကားသည္။ က်ပ္ေငြျဖင့္ ေရာင္းခ်သည့္ ျပည္တြင္း ပုလဲေရာင္းခ်ပဲြကို ၂၀၁၆ ဒီဇင္ဘာက က်င္းပၿပီး က်ပ္ ၁,၇၄၄ သန္းဖိုး ေရာင္းခ်ခဲ့ ရသည္။

ျမန္မာ့ပုလဲ ထုတ္လုပ္ေရး ႏွင့္ ေရာင္း၀ယ္ေရးလုပ္ငန္းကလက္ရွိအခ်ိန္အထိ ျပည္တြင္း၊ ျပည္ပ ပုလဲေရာင္းခ်ပဲြ ၁၂၅ ပဲြ က်င္းပႏုိင္ခဲ့ၿပီး ကန္ေဒၚလာ ၁၁၄ ဒသမ ၇၈ သန္း၊ ယူ႐ုိ ၃၄ ဒသမ ၆၆ သန္း၊ FEC ၀ ဒသမ ၂ သန္း၊ က်ပ္ ၁၃,၂၅၇ ဒသမ ၆၆ သန္းကို ႏုိင္ငံေတာ္၀င္ေငြအျဖစ္ ရွာေဖြေပးႏုိင္ခဲ့ေၾကာင္း ျပပဲြက်င္းပေရးေကာ္မတီက ထုတ္ျပန္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
နေပြည်တော် တွင် ပြုလုပ်သည့် (၃၅)ကြိမ် မြောက် ပြည်တွင်းပုလဲရောင်းချပွဲ တွင် ပြသရောင်းချသော ပုလဲအ တွဲအားလုံးရောင်းချရပြီး ယူရို ၂ ဒသမ ၃ သန်းကျော်ရရှိကြောင်း  ပုလဲလုပ်ငန်းဌာနမှူး ဒေါ်မြမြဝင်း က ပြောသည်။

နေပြည်တော်ရှိ မဏိရတနာ လိပ်ခုံးကျောက်မျက်ပြခန်းတွင် သြဂုတ် ၁၈ ရက်မှ ၂၀ ရက်အထိ  ကျင်းပခဲ့သည့် ယင်းပုလဲရောင်းချ ပွဲ၌ အိတ်ဖွင့်တင်ဒါစနစ်တစ်မျိုး တည်းဖြင့် ရောင်းချခြင်းဖြစ်သည်။ ပြပွဲ၌ တစ်ရက်လျှင် ပုလဲအတွဲ ၉၀ ကို သုံးရက်ပြသရောင်းချပြီး ရာနှုန်းပြည့် ရောင်းချနိုင်ခဲ့ခြင်း လည်းဖြစ်သည်။

‘‘ဒီပွဲက ဒီနှစ်မှာတော့ ပထမ ဆုံးအကြိမ်ပဲ။ အခုပွဲက ပြည်တွင်း၊ပြည်ပ ကုန်သည်အားလုံးပါ တယ်’’ ဟု ဒေါ်မြမြဝင်းက ပြော သည်။

ပုလဲအတွဲပေါင်း ၂၇၀ အ တွက် အခြေခံကြမ်းခင်းဈေး ယူရိုငွေ ၁ ဒသမ ၂၃ သန်းတန်ဖိုးရှိပြီး အလေးချိန် ၆၅,၀၀၂ ဒသမ ၄၅ မိုမီ (ဂျပန်နိုင်ငံအခေါ်အဝေါ်)ရှိသည်။

ယခုပြပွဲသို့ ပြည်တွင်း၊ ပြည်ပကုမ္ပဏီလုပ်ငန်းရှင် ၁၈၀ ဦး စာရင်းပေးလာရောက်ပြီး ဂျပန်၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယနိုင်ငံမှ ကုန်သည်များလည်း ပါဝင်သည်ဟု ဒေါ်မြမြဝင်းက ဆိုသည်။

ပြပွဲတွင် ပုလဲတွဲများကို ဝယ်ယူခဲ့သော မြန်မာကုန်သည်များသည် ယူရိုငွေဖြင့် ပေးချေရန်မလိုဘဲ သတ်မှတ်ငွေလဲနှုန်းအတိုင်း မြန်မာငွေဖြင့် ပေးချေနိုင်ကြောင်း၎င်းက ဆက်လက်ပြောကြားသည်။ ကျပ်ငွေဖြင့် ရောင်းချသည့် ပြည်တွင်း ပုလဲရောင်းချပွဲကို ၂၀၁၆ ဒီဇင်ဘာက ကျင်းပပြီး ကျပ် ၁,၇၄၄ သန်းဖိုး ရောင်းချခဲ့ ရသည်။

မြန်မာ့ပုလဲ ထုတ်လုပ်ရေး နှင့် ရောင်းဝယ်ရေးလုပ်ငန်းကလက်ရှိအချိန်အထိ ပြည်တွင်း၊ ပြည်ပ ပုလဲရောင်းချပွဲ ၁၂၅ ပွဲ ကျင်းပနိုင်ခဲ့ပြီး ကန်ဒေါ်လာ ၁၁၄ ဒသမ ၇၈ သန်း၊ ယူရို ၃၄ ဒသမ ၆၆ သန်း၊ FEC ၀ ဒသမ ၂ သန်း၊ ကျပ် ၁၃,၂၅၇ ဒသမ ၆၆ သန်းကို နိုင်ငံတော်ဝင်ငွေအဖြစ် ရှာဖွေပေးနိုင်ခဲ့ကြောင်း ပြပွဲကျင်းပရေးကော်မတီက ထုတ်ပြန်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top