ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

   ဓာတ္ပုံ−စုိင္းေဇာ္
ျပီးခဲ့သည့္ႏွစ္ မယ္စၾက ဝဠာၿပိဳင္ပြဲတြင္ ျမန္မာကိုယ္စား ျပဳအလွမယ္က အမ်ိဳးသားဝတ္စံု ဆုရရွိခဲ့သျဖင့္ ယခုႏွစ္အတြက္ ဝတ္စံုကို ေသခ်ာျပင္ဆင္ျဖစ္ ေၾကာင္း ၂၀၁၇ မယ္စၾကဝဠာ ျမန္မာ ဇြန္သံစဥ္က ေျပာသည္။

‘‘ၿပီးခဲ့တဲ့ႏွစ္က National Costume ဆုရထားတာဆုိေတာ့ ဒီႏွစ္ကို အာ႐ံုစိုက္ၾကမွာျဖစ္တဲ့အ တြက္ ဆုရတာ၊ မရတာထက္ အားလံုးရဲ႕အျမင္မွာ တင့္တင့္ တယ္တယ္ျဖစ္ေအာင္ ျပင္ဆင္ ေနတယ္’’ဟု ဝတ္စံုျပင္ဆင္မႈအ ပိုင္းကို ဇြန္သံစဥ္က ေျပာသည္။

ယခုႏွစ္ မယ္စၾကဝဠာၿပိဳင္ပြဲ ဝင္၏ အမ်ိဳးသားဝတ္စံုကို ေစာင့္ ၾကည့္ႏုိင္ဖြယ္ရွိ၍ ယခင္ႏွစ္ထက္ မေလ်ာ့ေအာင္ ႀကိဳးစားေနရ ေၾကာင္း ၿပိဳင္ပြဲ၏ National Director ေဒၚစိုးယုေဝက ေျပာ ၾကားသည္။

ၿပိဳင္ပြဲအတြက္ ကိုယ္ခႏၶာ အလွအပပိုင္းအပါအဝင္ ဘာသာစကားကြၽမ္းက်င္မႈရွိေစရန္ ျပင္ ဆင္ျဖစ္ၿပီး ယခင္ၿပိဳင္ပြဲမ်ားကို ျပန္ၾကည့္၍ ပရိသတ္မ်ားကို ဆြဲေဆာင္ႏုိင္ရန္ ေလ့လာျဖစ္ ေၾကာင္း ဇြန္သံစဥ္က ေျပာသည္။

‘‘ျပင္ဆင္တာကေတာ့ ပြဲၿပီး ကတည္းက ျပင္ဆင္ေနတာ။ အ ရမ္းႀကီး Perfect ျဖစ္တယ္လို႔ မခံ ယူေသးဘူး။ ပြဲမၿပိဳင္မခ်င္းက ေတာ့ ႀကိဳးစားေနရမွာပဲ’’ဟု ၎ က ေျပာသည္။

လတ္တေလာတြင္ ၿပိဳင္ပြဲအ တြက္ ျပင္ဆင္ေနၿပီး ၿပိဳင္ပြဲလႈပ္ ရွားမႈအျဖစ္ နယ္ခရီးစဥ္အခ်ိဳ႕ သြားေရာက္ရမည္ျဖစ္၍ ဇာတ္ ကား႐ိုက္ကူးရန္ ကမ္းလွမ္းမႈမ်ား ရွိေသာ္လည္း လက္မခံျဖစ္ ေၾကာင္း ၎က ဆုိသည္။

ဇြန္သံစဥ္သည္ ျမန္မာႏုိင္ငံ ကိုယ္စားျပဳအလွမယ္အျဖစ္ မယ္ စၾကဝဠာ ၂၀၁၇ ၿပိဳင္ပြဲသို႔ သြား ေရာက္ယွဥ္ၿပိဳင္ရမည္ျဖစ္ၿပီး လက္ရွိအခ်ိန္ထိ မယ္စၾကဝဠာ ၂၀၁၇ ၿပိဳင္ပြဲက်င္းပမည့္ႏုိင္ငံကို မသိရေသးေၾကာင္း ေဒၚစိုးယုေဝ က ေျပာသည္။ မယ္စၾကဝဠာ ျမန္မာ အဖြဲ႕အစည္းအေနျဖင့္ ၿပီးခဲ့သည့္ ၂၀၁၃ ကစတင္၍ မယ္ စၾကဝဠာၿပိဳင္ပြဲကို တစ္ေက်ာ့ျပန္ ျပန္လည္ယွဥ္ၿပိဳင္ျခင္းျဖစ္ၿပီး  အ ျမင့္ဆံုးဆုအေနျဖင့္ မယ္စၾကဝဠာ၂၀၁၆ ၿပိဳင္ပြဲတြင္ ျမန္မာႏုိင္ငံ ကိုယ္စားျပဳအျဖစ္ သြားေရာက္ ယွဥ္ၿပိဳင္သည့္ အလွမယ္ထက္ ထက္ထြန္းက ကမၻာ့ႏုိင္ငံ ၁၁ ႏုိင္ငံကို ေက်ာ္ျဖတ္၍ ျမန္မာ့႐ုပ္ေသး ဝတ္စံုျဖင့္ အမ်ိဳးသားဝတ္စံုဆု ရရွိခဲ့သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ဓာတ်ပုံ−စိုင်းဇော်

 ပြီးခဲ့သည့်နှစ် မယ်စကြ ဝဠာပြိုင်ပွဲတွင် မြန်မာကိုယ်စား ပြုအလှမယ်က အမျိုးသားဝတ်စုံ ဆုရရှိခဲ့သဖြင့် ယခုနှစ်အတွက် ဝတ်စုံကို သေချာပြင်ဆင်ဖြစ် ကြောင်း ၂၀၁၇ မယ်စကြဝဠာ မြန်မာ ဇွန်သံစဉ်က ပြောသည်။

‘‘ပြီးခဲ့တဲ့နှစ်က National Costume ဆုရထားတာဆိုတော့ ဒီနှစ်ကို အာရုံစိုက်ကြမှာဖြစ်တဲ့အ တွက် ဆုရတာ၊ မရတာထက် အားလုံးရဲ့အမြင်မှာ တင့်တင့် တယ်တယ်ဖြစ်အောင် ပြင်ဆင် နေတယ်’’ဟု ဝတ်စုံပြင်ဆင်မှုအ ပိုင်းကို ဇွန်သံစဉ်က ပြောသည်။

ယခုနှစ် မယ်စကြဝဠာပြိုင်ပွဲ ဝင်၏ အမျိုးသားဝတ်စုံကို စောင့် ကြည့်နိုင်ဖွယ်ရှိ၍ ယခင်နှစ်ထက် မလျော့အောင် ကြိုးစားနေရ ကြောင်း ပြိုင်ပွဲ၏ National Director ဒေါ်စိုးယုဝေက ပြော ကြားသည်။

ပြိုင်ပွဲအတွက် ကိုယ်ခန္ဓာ အလှအပပိုင်းအပါအဝင် ဘာသာစကားကျွမ်းကျင်မှုရှိစေရန် ပြင် ဆင်ဖြစ်ပြီး ယခင်ပြိုင်ပွဲများကို ပြန်ကြည့်၍ ပရိသတ်များကို ဆွဲဆောင်နိုင်ရန် လေ့လာဖြစ် ကြောင်း ဇွန်သံစဉ်က ပြောသည်။

‘‘ပြင်ဆင်တာကတော့ ပွဲပြီး ကတည်းက ပြင်ဆင်နေတာ။ အ ရမ်းကြီး Perfect ဖြစ်တယ်လို့ မခံ ယူသေးဘူး။ ပွဲမပြိုင်မချင်းက တော့ ကြိုးစားနေရမှာပဲ’’ဟု ၎င်း က ပြောသည်။

လတ်တလောတွင် ပြိုင်ပွဲအ တွက် ပြင်ဆင်နေပြီး ပြိုင်ပွဲလှုပ် ရှားမှုအဖြစ် နယ်ခရီးစဉ်အချို့ သွားရောက်ရမည်ဖြစ်၍ ဇာတ် ကားရိုက်ကူးရန် ကမ်းလှမ်းမှုများ ရှိသော်လည်း လက်မခံဖြစ် ကြောင်း ၎င်းက ဆိုသည်။

ဇွန်သံစဉ်သည် မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်အဖြစ် မယ် စကြဝဠာ ၂၀၁၇ ပြိုင်ပွဲသို့ သွား ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး လက်ရှိအချိန်ထိ မယ်စကြဝဠာ ၂၀၁၇ ပြိုင်ပွဲကျင်းပမည့်နိုင်ငံကို မသိရသေးကြောင်း ဒေါ်စိုးယုဝေ က ပြောသည်။ မယ်စကြဝဠာ မြန်မာ အဖွဲ့အစည်းအနေဖြင့် ပြီးခဲ့သည့် ၂၀၁၃ ကစတင်၍ မယ် စကြဝဠာပြိုင်ပွဲကို တစ်ကျော့ပြန် ပြန်လည်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး  အ မြင့်ဆုံးဆုအနေဖြင့် မယ်စကြဝဠာ၂၀၁၆ ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်သည့် အလှမယ်ထက် ထက်ထွန်းက ကမ္ဘာ့နိုင်ငံ ၁၁ နိုင်ငံကို ကျော်ဖြတ်၍ မြန်မာ့ရုပ်သေး ဝတ်စုံဖြင့် အမျိုးသားဝတ်စုံဆု ရရှိခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top