ဖြေ-အခုလတ်တလော ကတော့ ကားရိုက်တွေ ကမ်းလှမ်းထားတာမျိုးတော့ မရှိဘူး၊ကလေးတွေက ငယ်သေးတော့ ကြော်ငြာတွေတော့ရိုက်ဖြစ်တယ် ၊စတိတ်၇ိုးတွေတော့ဆိုဖြစ်တယ် ၊တစ်ကိုယ်တော် အယ်လ်ဘမ်တော့ စီစဉ်ဖြစ်နေတယ်၊အခုလုပ်ဖြစ်နေတာ လေးတွေပေါ့ သမီးလေးတွေနဲ့ ချာလည်ပတ်ရမ်းနေတာပဲဟု ရယ်လျက်ပြောသည်။
Credit: YM (ရွှေအင်းလေး)
#Unicode Version#
မိခင်ဖြစ်သွားတဲ့ မိန်းမတိုင်းဟာ သူတို့ရဲ့ lifeက totally changes ဖြစ်သွားတယ် အတွေးအမြင် ခံစားချက်တွေက အစမတူဘူးဟု ပြောလာပြီး အနုပညာ အလုပ်တွေပြီးရင် မိမိဟာအိမ်ရှင်မပါ သာမန်အိမ်ရှင်မ ဘဝကိုပျော်ပြီး ကြည်နူးတယ်ဟု ပြောလာသူလေး အဆိုတော် သရုပ်ဆောင်ချစ်သုဝေ နှင့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။ မိခင်ဖြစ်သွားတဲ့ မိန်းမတိုင်းဟာ သူတို့ရဲ့ lifeက totally changes ဖြစ်သွားတယ် အတွေးအမြင် ခံစားချက်တွေက အစမတူဘူးဟု ပြောလာပြီး အနုပညာ အလုပ်တွေပြီးရင် မိမိဟာအိမ်ရှင်မပါ သာမန်အိမ်ရှင်မ ဘဝကိုပျော်ပြီး ကြည်နူးတယ်ဟု ပြောလာသူလေး အဆိုတော် သရုပ်ဆောင်ချစ်သုဝေ နှင့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး-ထရီဇာ အခုလတ်တလော အနုပညာလူပ်ရှားမူလေးပြောပြပေးပါဦး
ဖြေ-အခုလတ်တလော ကတော့ ကားရိုက်တွေ ကမ်းလှမ်းထားတာမျိူးတော့ မရှိဘူး၊ကလေးတွေက ငယ်သေးတော့ ကြော်ငြာတွေတော့ရိုက်ဖြစ်တယ် ၊စတိတ်ရိူးတွေတော့ဆိုဖြစ်တယ် ၊တစ်ကိုယ်တော် အယ်လ်ဘမ်တော့ စီစဉ်ဖြစ်နေတယ်၊အခုလုပ်ဖြစ်နေတာ လေးတွေပေါ့ သမီးလေးတွေနဲ့ ချာလည်ပတ်ရမ်းနေတာပဲဟု ရယ်လျက်ပြောသည်။
မေး-တစ်ကိုယ်တော်အခွေရဲ့အခြေနေလေးလည်းပြောပြပေးပါဦး
ဖြေ – တကိုယ်တော်အခွေရဲ့အခြေနေက အောက်တိုဘာလောက်မှာဖြစ်မှာပါ ၊တိမ်တွေနေတဲ့အရပ်ဆီမှာသွား ထားတဲ့ thingလေးတွေဖြစ်မှာပါ ၊top country လေးတွေလည်းပါမယ်၊ အစုံလေးတော့လုပ်ထားတယ် တေးရေးတွေက ကိုလင်းပါတယ် ၊ကိုဇဝါပါတယ် ၊ကိုနေဝါပါတယ် ၊ဒီအခွေကို လုပ်နေတာ ၂နှစ်လောက်ရှိပြီး တချိူ့အဆင်မပြေတဲ့ အပုဒ်လေးတွေ ပြန်ဖြုတ်ထားတယ်။  ခေါင်းစဉ်ကိုတော့ နှစ်ခုလျာထားတယ် ရွေးပြီးတော့မှဘဲ ပြောတော့မယ်။
မေး-သမီးလေးတွေကြော်ငြာရိုက်လာတဲ့အပေါ်ဘယ်လိုခံစားချက်တွေရှိလဲ
ဖြေ-သမီးလေးတွေကို ပရိတ်သတ်နဲ့ ပိုပြီးထိတွေ့စေချင်တာရယ်.. နောက်တစ်ခုက အနုပညာသမားတစ်ယောက် အနေနဲ့ pageမရှိတာ ကိုယ်တစ်ယောက်ပဲလားတောင်မသိဘူး ၊ကိုယ်တိုင်facebooke accont နဲ့ပဲ သုံးတယ်။ သမီးလေးတွေ နဲ့အမှတ်တရတွေ တင်တော့အားပေးတယ်..တချိူ့ဝက်ဆိုဒ် တွေဆိုဘာနဲ့ပဲ့တင်တင်အကုန်share ကျတယ် ။ page  ထောင်တဲ့သူတွေလည်းရှိတယ် ။ ဘယ်သွားသွား သမီးလေးတွေအကြာင်းအမြဲ အမေးခံရတယ် ။ ဝဝကစ်ကစ် လေးတွေမဟုတ်ပေမယ့် ဝိုင်းချစ်ကျတယ် ..အဲ့အတွက်အမေတစ်ယောက်အနေနဲ့ ပီတိဖြစ်ရတယ် ။ ကြော်ငြာတွေလာတဲ့အခါ ကလေးတွေနဲ့ အဆင်ပြေတာမျိူး ရွေးဖြစ်တယ်။ ကိုယ်တောင်းဆိုတာ အတတ်နိုင်ဆုံး လိုက်လျောပေးတဲ့ ဟာမျိူးကို လက်ခံပေးတယ်။  ကလေးတွေပင်ပန်းတာမြင်တော့လည်း စိတ်ထဲ့မှာ တစ်မျိူးပဲ ။ ငါလက်ခံလိုက်လို့ ကလေးတွေ ရိုက်ရတာလား .. တစ်ဖက်ကပြန်တွေးတော့ပရိတ်သတ်တွေက သူတို့ပုံလေးတွေကိုမြင်ချင်ကျတယ် ။ သူတို့ပုံလေးတွေ မြင်ရင်စိတ်ချမ်းသာတဲ့သူတွေရှိတယ် ။ အဲ့လိုမျိူးလေးပြန်တွေးတော့လည်း သမီးလေးတွေရဲ့ ပျော်ရွင်စရာ အရိပ်လေးတစ်ခုက ကြည့်လိုက်ရတဲ့ သူတွေအတွက် စိတ်ပျော်ရွင်သွားမယ်ဆို ယူတတ်ရင်တော့ အရာရာကုသိုလ်လို့တွေးတယ်၊ သူတို့လေးတွေ  ပင်ပန်းတယ်ဆိုရင်တော့ ချက်ချင်း ရူတင်ရပ်ပစ်လိုက်တယ်။
မေး-သမီးလေးတွေရဲ့အသက်နဲ့ကြော်ငြာဘယ်နှစ်ခုရိုက်ပြီးသွားပြီးလဲ
ဖြေ-သမီးလေးတွေက ၆လကျော်လာပြီ ရိုက်ပြီးတဲ့ကြော်ငြာ ၃၊၄ခုလောက်ရှိပြီး နောက်ရိုက်ဖို့ လက်ခံထားတာ၃၊၄  ခုလောက်ရှိတယ်။
မေး-သမီးလေးတွေရဲ့ကျန်းမာရေးကိုရောဘယ်လိုဂရုစိုက်ဖြစ်လဲ
ဖြေ-သူတို့လေးတွေကို မွေးကင်းစထဲ့က တစ်ကိုယ်ရေသန့်ရှင်းမူ၊ သမီးလေးတွေအနားမှာ နေတဲ့သူတွေရဲ့တစ်ကိုယ်ရေသန့်ရှင်းမူ အကုန်လုံးကို ပိုက်စိပ်တိုက်ပြီးလုပ်တယ် ။ တချိူ့ဆို sensitive ဖြစ်တယ်ဆိုပြီး အပြောခံရတာတွေရှိတယ် ၊ကလေးတွေ ကျန်းမာရေးကောင်းဖို့က အဓိကပါ ။  အဲ့လိုဂရုစိုက်လို့လည်း ဖျားနာခြင်းမရှိဘူး ။  ကာကွယ်ဆေးထိုးတာတောင် ဘာမှမဖြစ်ဘူး ။သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ ဟာတွေကို လျော်ဖွတ်တယ် ၊  နေလှန်းတယ် ၊ ကိုယ်ကလေးတွေရဲ့ ဝေယျာဝစ္စ ကို ကိုယ်တိုင်လုပ်ပေးတယ်  ။ အနုပညာအလုပ်တွေပြီးရင် အိမ်ရှင်မပါပဲ။
မေး-မိခင်တစ်ယောက်ရဲ့ခံစားချက်လေးပြောပြပေးပါအုံး
ဖြေ-အမေဖြစ်ခွင့်ရတဲ့ ခံစားချက်က မိန်းကလေးတစ်ယောက်က အိမ်ထောင်ပြုတာနဲ့ အမေဖြစ်ခွင့်ရတာ မတူဘူး ၊ အိမ်ထောင်ပြုတာက အိမ်ထောင်ဘက်ရဲ့ကြင်နာမူအပေါ်မူတည်ပြီး ကလေးတစ်ယောက်လိုနေလို့ရတယ်။ အမေဖြစ်သွားရင်တော့  Life  က Totally  changes ပဲ ၊ ပြောင်းလဲမှုတွေများလာတယ်၊ ဘဝကိုရှုမြင်သုံးသပ်တာလည်းများတယ် ။ ကိုယ့်ရဲ့လိုချင်တက်မက်မှုတွေက လမ်းကြောင်းပြောင်းသွားတယ်။ အရာရာ သူတို့အတွက်ရင်းနှီးမြုပ်နှံချင်တယ် ၊ ကိုယ့်အတွေ့အကြုံနဲ့ပြောပြတာပါ။
မေး။ကလေးတွေအပေါ် မိသားစုတွေရဲ့ အနေအထားကကော ..?
ဖြေ ။    ။ မေမေကော ၊ မမကော ၊ ကိုလင်းကိုကောကျေးဇူးတင်တယ် ၊ သူတို့အကုန်လုံးဝိုင်းပြီး ကူညီကျတယ်၊ ကိုလင်းဆို အဖေလိုကောအမေလိုပါ ပြုစုတယ် ၊ တစ်ခါတစ်လေ သူ့သမီးတွေလုပ်ချင်တာကိုသူကပိုသိနေသလိုဘဲ။ သမီးလေးတွေကို ဝိုင်းချစ်ကြတဲ့အတွက် ဝမ်းလည်းသာတယ်။ပျော်လည်းပျော်တယ်။
အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးသွားတဲ့ အဆိုတော် ၊သရုပ်ဆောင် ချစ်သုဝေကိုလည်း ရွှေအင်းလေးမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်နော် ။
ဖိုးသူတော် (www.phothutaw.com)
Credit: YM (ရွှေအင်းလေး)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top