ကန်တော်ကြီးအနီး နိုင်ငံတကာအဆင့်မီ Royal Garden View ကွန်ဒို အထူးအရောင်းပြပွဲ
×






#Unicode Version#
ရေခဲသည် ပိုးကောင်၊ ခူကောင်များ ကိုက်ခြင်း၊ ထိမိခြင်းများကြောင့် အရေပြား နာကျင်ခြင်း၊
ယားခြင်းများကို  များစွာ သက်သာစေပါသည်။
ပျားတုပ်ခြင်း၊ ခူယားကောင်နှင့် ထိမိခြင်းတို့ အတွက် ယားသောနေရာ၊ နာသောနေရာကို
ရေခဲတုံးနှင့် ပွတ်ပေးရပါသည်။နှာပိတ်ပြီး နေနတ်သားဖမ်းစားသောရောဂါခေါ် (Sinusitis) ဖြစ်ပါက ရေခဲတစ်လှည့်၊ရေနွေးတစ်လှည့်သုံးပြီး ကုရပါသည်။
လူနာအား ပတ်လက်အနေအထား အိပ်စေပြီး မျက်နှာသုတ်ပဝါကို ရေနွေးတွင်စိမ်၍ ညှစ်ပြီးနောက် နှာခေါင်း၊ ပါးနှင့် မျက်ခုံးတစ်ဝိုက်ကို ခေတ္တအုပ်၍ ကပ်ထားပေးပါ။
တစ်မိနစ်ခန့် ကြာသောအခါ ယင်းမျက်နှာသုတ်ပဝါကို ခွာလိုက်ပြီး ရေခဲစိမ်ထားသော
မျက်သုတ်ပဝါဖြင့် လဲလှယ်၍ ကပ်ပေးရပါသည်။

ဤသို့ဖြင့် ၁၀ကြိမ်တစ်လှည့်စီ ကပ်ပေးပါ။ ဤနည်းဖြင့် မျက်ခုံးနှင့်နှာခေါင်းတစ်ဝိုက်အရိုးအိမ်များ အတွင်းမှ ချွဲများ နှာခေါင်းမှ တစ်ဆင့် ထွက်ကျလာပါလိမ့်မည်။

သွားကိုက်လျှင် ရေခဲငုံပေးခြင်း၊ ပါးပေါ်သို့ ရေခဲ အိတ်ကပ်ပေးခြင်းဖြင့် အထိုက်အလျှောက် သက်သာစေနိုင်ပါသည်။

ထို့ပြင် လက်ညှိုးနှင့် လက်မကြားနေရာကို ရေခဲတုံးငယ်ဖြင့် ပွတ်ပေးခြင်းဖြင့် အင်ဒိုဖင်ဓာတ်များ
ထွက်ပေါ်လာစေပြီး အကိုက်သက်သာစေပါလိမ့်မည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာအောင်နိုင်(ဆေးသုတေသန)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top