လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ဒုတိယေရႀကီးကာလျဖစ္ေသာ ၾသဂုတ္အတြင္း ဧရာ၀တီ၊ ခ်င္းတြင္းႏွင့္ စစ္ေတာင္းျမစ္ေရမ်ား ျမင့္တက္လာၿပီး ေရေဘး အထူးသတိျပဳရန္ မိုးေလ၀သပညာရွင္ ေဒါက္တာထြန္းလြင္က သတိေပးသည္။

ခ်င္းတြင္းျမစ္ႏွင့္ စစ္ေတာင္းျမစ္ေရသည္ စုိးရိမ္ေရမွတ္အထက္ သို႔ ေက်ာ္လြန္ေနၿပီး ဧရာ၀တီျမစ္ေရသည္လည္း  သံုးရက္အတြင္း စုိးရိမ္ေရမွတ္သို႔ ေရာက္လာႏုိင္ေၾကာင္း မိုးေလ၀သႏွင့္ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနက သတင္းထုတ္ျပန္သည္။

ၾသဂုတ္ ၁၃ ရက္ တိုင္းတာ ခ်က္အရ ခ်င္းတြင္းျမစ္ေရသည္ စစ္ကုိင္းတုိင္းေဒသႀကီး ခႏီၲးၿမိဳ႕ တြင္ စိုးရိမ္ေရမွတ္အထက္သို႔ သံုးေပခန္႔ ေက်ာ္လြန္ေနၿပီး ဟုမၼ လင္းၿမိဳ႕တြင္ ေပ၀က္ခန္႔ ေက်ာ္ လြန္ေနသည္။ ဧရာ၀တီျမစ္ေရ လည္း ျမင့္တက္ေနကာ ကခ်င္ ျပည္နယ္ ေရႊကူၿမိဳ႕ႏွင့္ စစ္ကုိင္း တုိင္းေဒသႀကီး ကသာၿမိဳ႕တြင္ စုိးရိမ္ေရမွတ္အနီး ေရာက္ေန ေၾကာင္း သတိေပးထားသည္။ စစ္ေတာင္းျမစ္သည္လည္း ျပန္ လည္က်ဆင္းျခင္း မရွိေသးဘဲ ပဲခူးတိုင္းေဒသႀကီး မေဒါက္ၿမိဳ႕ တြင္ စိုးရိမ္ေရမွတ္အထက္ တစ္ ေပခန္႔ ျမင့္တက္ေနဆဲျဖစ္သည္။

ေဒါက္တာထြန္းလြင္က‘‘ျမစ္ေရေတြ ဆက္တက္ေနလို႔ ေရေဘးကို အထူးဂ႐ုျပဳဖို႔ လိုေနတဲ့ကာလျဖစ္တယ္။ အထူးသျဖင့္ ျမစ္ကမ္းေဘးေဒသေတြမွာ ကမ္း ၿပိဳမယ့္ေဘးေတြ သတိထားဖို႔လို တယ္’’ဟုေျပာသည္။

ခ်င္းတြင္းျမစ္ေရ ၀င္ေရာက္ ေန၍ စစ္ကုိင္းတုိင္းေဒသႀကီး ခႏီၲး၊ ဟုမၼလင္းႏွင့္ ေဖာင္းျပင္ၿမိဳ႕ နယ္ ေျမနိမ့္ပိုင္းေဒသမ်ားတြင္ ၾသဂုတ္ ၉ ရက္က စတင္၍ ေရႀကီး နစ္ျမဳပ္မႈရင္ဆိုင္ေနရၿပီး ခႏီၲးၿမိဳ႕တြင္ လူႏွစ္ေထာင္ခန္႔ ေရေဘး ရင္ဆုိင္ေနရကာ ကယ္ဆယ္ေရး စခန္း ယာယီခုိလႈံေနရေၾကာင္း စစ္ကုိင္းတိုင္းေဒသႀကီး ကယ္ ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ် ထားေရးဦးစီးဌာန ၫႊန္ၾကားေရး မွဴး ဦးစ၀ီလီယမ္ဖရန္႔က ေျပာ သည္။

လက္ရွိ ရာသီဥတုအေျခအ ေနအရ စစ္ကိုင္းတုိင္းေဒသႀကီး အထက္ပိုင္းႏွင့္ ကခ်င္ျပည္နယ္ အျပင္ ခ်င္းႏွင့္ ရခိုင္ျပည္နယ္တို႔ တြင္ ေနရာကြက္၍ မိုးႀကီးႏုိင္ ေၾကာင္း မိုးေလ၀သႏွင့္ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနက သတိ ေပးထားသည္။

ျမန္မာႏုိင္ငံရာသီဥတုအေျခ အေနအရ မိုးဦးကာလျဖစ္ေသာ ဇြန္လကို ပထမေရႀကီးကာလ၊ မုိး လယ္ျဖစ္ေသာ ဇူလိုင္၊ ၾသဂုတ္ ႏွင့္ စက္တင္ဘာကို ဒုတိယေရ ႀကီးကာလႏွင့္ မိုးလြန္ကာလျဖစ္ ေသာ ေအာက္တိုဘာကို တတိယ ေရႀကီးကာလအျဖစ္ သတ္မွတ္ ထားသည္။ ဇူလိုင္အတြင္းက ေန ရာကြက္ မိုးႀကီးခဲ့ၿပီး ျမစ္ေရမ်ား ျမင့္တက္ခဲ့၍ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ၁၀ ခုတြင္ လူဦးေရ ႏွစ္သိန္းေက်ာ္ ေရေဘးရင္ဆုိင္ခဲ့ရ သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ဒုတိယရေကြီးကာလဖြစ်သော သြဂုတ်အတွင်း ဧရာဝတီ၊ ချင်းတွင်းနှင့် စစ်တောင်းမြစ်ရေများ မြင့်တက်လာပြီး ရေဘေး အထူးသတိပြုရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။

ချင်းတွင်းမြစ်နှင့် စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် သို့ ကျော်လွန်နေပြီး ဧရာဝတီမြစ်ရေသည်လည်း  သုံးရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

သြဂုတ် ၁၃ ရက် တိုင်းတာ ချက်အရ ချင်းတွင်းမြစ်ရေသည် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ တွင် စိုးရိမ်ရေမှတ်အထက်သို့ သုံးပေခန့် ကျော်လွန်နေပြီး ဟုမ္မ လင်းမြို့တွင် ပေဝက်ခန့် ကျော် လွန်နေသည်။ ဧရာဝတီမြစ်ရေ လည်း မြင့်တက်နေကာ ကချင် ပြည်နယ် ရွှေကူမြို့နှင့် စစ်ကိုင်း တိုင်းဒေသကြီး ကသာမြို့တွင် စိုးရိမ်ရေမှတ်အနီး ရောက်နေ ကြောင်း သတိပေးထားသည်။ စစ်တောင်းမြစ်သည်လည်း ပြန် လည်ကျဆင်းခြင်း မရှိသေးဘဲ ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့ တွင် စိုးရိမ်ရေမှတ်အထက် တစ် ပေခန့် မြင့်တက်နေဆဲဖြစ်သည်။

ဒေါက်တာထွန်းလွင်က‘‘မြစ်ရေတွေ ဆက်တက်နေလို့ ရေဘေးကို အထူးဂရုပြုဖို့ လိုနေတဲ့ကာလဖြစ်တယ်။ အထူးသဖြင့် မြစ်ကမ်းဘေးဒေသတွေမှာ ကမ်း ပြိုမယ့်ဘေးတွေ သတိထားဖို့လို တယ်’’ဟုပြောသည်။

ချင်းတွင်းမြစ်ရေ ဝင်ရောက် နေ၍ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး၊ ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့ နယ် မြေနိမ့်ပိုင်းဒေသများတွင် သြဂုတ် ၉ ရက်က စတင်၍ ရေကြီး နစ်မြုပ်မှုရင်ဆိုင်နေရပြီး ခန္တီးမြို့တွင် လူနှစ်ထောင်ခန့် ရေဘေး ရင်ဆိုင်နေရကာ ကယ်ဆယ်ရေး စခန်း ယာယီခိုလှုံနေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန ညွှန်ကြားရေး မှူး ဦးစဝီလီယမ်ဖရန့်က ပြော သည်။

လက်ရှိ ရာသီဥတုအခြေအ နေအရ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ် အပြင် ချင်းနှင့် ရခိုင်ပြည်နယ်တို့ တွင် နေရာကွက်၍ မိုးကြီးနိုင် ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိ ပေးထားသည်။

မြန်မာနိုင်ငံရာသီဥတုအခြေ အနေအရ မိုးဦးကာလဖြစ်သော ဇွန်လကို ပထမရေကြီးကာလ၊ မိုး လယ်ဖြစ်သော ဇူလိုင်၊ သြဂုတ် နှင့် စက်တင်ဘာကို ဒုတိယရေ ကြီးကာလနှင့် မိုးလွန်ကာလဖြစ် သော အောက်တိုဘာကို တတိယ ရေကြီးကာလအဖြစ် သတ်မှတ် ထားသည်။ ဇူလိုင်အတွင်းက နေ ရာကွက် မိုးကြီးခဲ့ပြီး မြစ်ရေများ မြင့်တက်ခဲ့၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် လူဦးရေ နှစ်သိန်းကျော် ရေဘေးရင်ဆိုင်ခဲ့ရ သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top