ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ကိုခ်ီေဒသ စစ္တပ္ဝင္းအတြင္း ခ်ထားေသာ PAC-3 ဒံုးခြင္းဒံုးစနစ္သံုး ဒံုးက်ည္မ်ားကို ေတြ႕ရစဥ္ (Mandatory credit Kyodo/reuters)

အေမရိကန္ပိုင္ ပစိဖိတ္ ေဒသ ဂူအမ္ကို ပဲ့ထိန္းဒံုးက်ည္ မ်ားျဖင့္ ပစ္ခတ္တိုက္ခုိက္မည္ဟု ေျမာက္ကိုရီးယားႏုိင္ငံ၏ ၿခိမ္း ေျခာက္မႈမ်ား ထြက္ေပၚလာၿပီး ေနာက္ ဂ်ပန္ႏုိင္ငံက ၎တို႔၏ ပက္ထရီေယာ့ ဒံုးခြင္းဒံုးစနစ္ကို ေနရာခ်ထားလိုက္သည္။

အေမရိကန္ကုိ ရန္လိုေသာ လုပ္ရပ္ျဖစ္ေပၚပါက ေျမာက္ကို ရီးယားအေနျဖင့္ အမွန္တကယ္ ေနာင္တ ရသြားလိမ့္မည္ဟု သမၼတေဒၚနယ္ထရန္႔က သတိ ေပးျခင္းႏွင့္အတူ ၀ါရွင္တန္ႏွင့္ ၿပံဳယမ္းၾကား စကားလံုးတိုက္ပဲြ မ်ား ပိုမိုျပင္းထန္လာၿပီး ေဒသ တြင္းတင္းမာမႈမ်ား ျမင့္တက္ေန သည္။


 ကာကြယ္ေရး၀န္ႀကီးဌာန က ပက္ထရီေယာ့ အဆင့္ျမင့္ ဒံုး ခြင္းဒံုးစနစ္ (PAC-3) မ်ားကို ဂ်ပန္ႏုိင္ငံ အေနာက္ပိုင္းရွိ မာနီ၊ ဟီ႐ိုရွီးမားႏွင့္ ကိုခ်ီေဒသမ်ား၌ ခ် ထားေၾကာင္း NHK ဂ်ပန္သတင္း ဌာနက ေဖာ္ျပသည္။

ဂ်ပန္ႏုိင္ငံ အေနာက္ပိုင္းသည္ ဂူအမ္သို႔ ဒံုးက်ည္ပစ္လႊတ္ရာလမ္းေၾကာင္းေပၚ၌ က်ေရာက္ ေနသည္။

ယင္းေဒသမ်ားႏွင့္ ကပ္ လ်က္ အီဟီမီေဒသတြင္ ဒံုးခြင္းဒံုး စနစ္ခ်ထားသည္ဟု NHK က ေျပာၾကားသည္။

ေျမျပင္မွ ေ၀ဟင္ပစ္ ဒံုးခြင္း ဒံုးစနစ္၏ အစိတ္အပိုင္းမ်ားကို သယ္ေဆာင္လာေသာ စစ္ဘက္ ယာဥ္တန္း ကိုခ်ီေဒသသို႔ အ႐ုဏ္ တက္ခ်ိန္မတုိင္မီ ေရာက္ရွိလာ ေၾကာင္း ႐ုပ္သံဓာတ္ပံုမ်ားတြင္ ျမင္ရသည္။

ေျမာက္ကိုရီးယား ရန္စမႈ မ်ားကို ဂ်ပန္ႏုိင္ငံက သည္းခံမည္ မဟုတ္ေၾကာင္းႏွင့္ ဂ်ပန္စစ္ဘက္ က လိုအပ္သမွ် အေရးယူေဆာင္ ရြက္မည္ျဖစ္ေၾကာင္း ဂ်ပန္အစိုးရ အတြင္း၀န္ခ်ဳပ္ ယုိရွီဟီဒီဆူ၀ါက ယခုသီတင္းပတ္ ေစာေစာပိုင္း တြင္ ေျပာၾကားခဲ့သည္။

—Ref:AFP

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ကိုချီဒေသ စစ်တပ်ဝင်းအတွင်း ချထားသော PAC-3 ဒုံးခွင်းဒုံးစနစ်သုံး ဒုံးကျည်များကို တွေ့ရစဉ် (Mandatory credit Kyodo/reuters)

အမေရိကန်ပိုင် ပစိဖိတ် ဒေသ ဂူအမ်ကို ပဲ့ထိန်းဒုံးကျည် များဖြင့် ပစ်ခတ်တိုက်ခိုက်မည်ဟု မြောက်ကိုရီးယားနိုင်ငံ၏ ခြိမ်း ခြောက်မှုများ ထွက်ပေါ်လာပြီး နောက် ဂျပန်နိုင်ငံက ၎င်းတို့၏ ပက်ထရီယော့ ဒုံးခွင်းဒုံးစနစ်ကို နေရာချထားလိုက်သည်။

အမေရိကန်ကို ရန်လိုသော လုပ်ရပ်ဖြစ်ပေါ်ပါက မြောက်ကို ရီးယားအနေဖြင့် အမှန်တကယ် နောင်တ ရသွားလိမ့်မည်ဟု သမ္မတဒေါ်နယ်ထရန့်က သတိ ပေးခြင်းနှင့်အတူ ဝါရှင်တန်နှင့် ပြုံယမ်းကြား စကားလုံးတိုက်ပွဲ များ ပိုမိုပြင်းထန်လာပြီး ဒေသ တွင်းတင်းမာမှုများ မြင့်တက်နေ သည်။


 ကာကွယ်ရေးဝန်ကြီးဌာန က ပက်ထရီယော့ အဆင့်မြင့် ဒုံး ခွင်းဒုံးစနစ် (PAC-3) များကို ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ မာနီ၊ ဟီရိုရှီးမားနှင့် ကိုချီဒေသများ၌ ချ ထားကြောင်း NHK ဂျပန်သတင်း ဌာနက ဖော်ပြသည်။

ဂျပန်နိုင်ငံ အနောက်ပိုင်းသည် ဂူအမ်သို့ ဒုံးကျည်ပစ်လွှတ်ရာလမ်းကြောင်းပေါ်၌ ကျရောက် နေသည်။

ယင်းဒေသများနှင့် ကပ် လျက် အီဟီမီဒေသတွင် ဒုံးခွင်းဒုံး စနစ်ချထားသည်ဟု NHK က ပြောကြားသည်။

မြေပြင်မှ ဝေဟင်ပစ် ဒုံးခွင်း ဒုံးစနစ်၏ အစိတ်အပိုင်းများကို သယ်ဆောင်လာသော စစ်ဘက် ယာဉ်တန်း ကိုချီဒေသသို့ အရုဏ် တက်ချိန်မတိုင်မီ ရောက်ရှိလာ ကြောင်း ရုပ်သံဓာတ်ပုံများတွင် မြင်ရသည်။

မြောက်ကိုရီးယား ရန်စမှု များကို ဂျပန်နိုင်ငံက သည်းခံမည် မဟုတ်ကြောင်းနှင့် ဂျပန်စစ်ဘက် က လိုအပ်သမျှ အရေးယူဆောင် ရွက်မည်ဖြစ်ကြောင်း ဂျပန်အစိုးရ အတွင်းဝန်ချုပ် ယိုရှီဟီဒီဆူဝါက ယခုသီတင်းပတ် စောစောပိုင်း တွင် ပြောကြားခဲ့သည်။

—Ref:AFP

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top