Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဝတာ ခ်စ္စရာေကာင္းတယ္ဆိုေပမယ့္ ဗိုက္ေခါက္ၾကီးေတြကေတာ့ ခ်စ္စရာမေကာင္းပါဘူးေနာ္ ။

အမ်ိဳးသား ၊ အမ်ိဳးသမီး ဗိုက္ေခါက္ထူၾကီးေတြနဲ႕ဆို အလွပ်က္ျပီး ကိုယ့္ကိုကိုယ္လည္း ယံုၾကည္မႈ ေလ်ာ့နည္းေစပါတယ္ ။ ဒါ့အျပင္ က်န္းမာေရးနဲ႕လည္း မညီညြတ္ပါဘူး ။ ဗိုက္အဆီက်ေစမယ့္နည္းလမ္းေတြထဲ ေလ့က်င့္ခန္းလုပ္ျခင္းကေတာ့ အေကာင္းဆံုးနည္းလမ္းပါပဲ ။ သို႔ေသာ္ အေၾကာင္းေၾကာင္းေၾကာင့္ ေလ့က်င့္ခန္းမလုပ္နိုင္သူမ်ားအတြက္ နည္းလမ္းေတြကို ရွာေဖြျပီး ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ ။

၁။ သံပုယိုေရေႏြးေသာက္ပါ။

သံပုယိုသီး တစ္လံုး(သို႔)တစ္ဝက္ကို ေရေႏြးျဖဴထဲ ဒီအတိုင္းထည့္၍ေသာ္လည္းေကာင္း ညွစ္၍သာ္လည္းေကာင္း ေသာက္သံုးေပးပါ။ မနက္အိပ္ရာနိုးတိုင္း ဘာမွမစားခင္ မိနစ္၃၀အလိုမွာ ေသာက္သံုးေပးရမွာပါ ။ ေန႔စဥ္ပံုမွန္ေသာက္ျခင္းျဖင့္ ၁လ ၊ ၂လ ခန္႔ၾကာလွ်င္ ဗိုက္အဆီေတြကို က်ေစမွာပါေနာ္ ။

၂။ခ်င္း(ဂ်င္း)ျပဳတ္ရည္

ဂ်င္းဟာ က်န္းမာေရးအတြက္ ေကာင္းမြန္ေသာ အက်ိဳးေက်းဇူးေတြ မ်ားစြာရွိတယ္ဆိုတာ သိျပီးျဖစ္မွာပါ ။ ဒါ့အျပင္ အမိ်ဳးသမီးမ်ား အတြက္လည္း အလြန္ေကာင္းမြန္ပါတယ္ ။ ဂ်င္းျပဳတ္ရည္ တစ္ခြက္ကို ေန႔စဥ္ ပံုမွန္ ေသာက္သံုးေပးသြားျခင္းျဖင့္ ဗိုက္ေခါက္အဆီေတြကို ေလ်ာ့က်ေစနိုင္ပါတယ္။

၃။ေရ

အထူးတလည္ေတာ့ ေျပာစရာလိုမယ္မထင္ပါဘူး ။ ေရဆာတဲ့ အခ်ိန္ အျခားေဖ်ာ္ရည္ တစ္ခုခု ေသာက္မယ့္အစား ေရသာမ်ားမ်ားေသာက္သြားေပးပါ ။ ေရမ်ားမ်ား ေသာက္သံုးျခင္းက က်န္းမာေရးအတြက္လည္း အေထာက္အပံ့ေပးနိုင္သလို ဗိုက္အဆီကိုလည္း က်ေစနိုင္မွာပါ ။

၄။အသီးေဖ်ာ္ရည္

အသင့္ေသာက္ ေဖ်ာ္ရည္ေတြကို ေျပာျခင္းမဟုတ္ပါ ။ သၾကား ၊ အဆီ မပါေသာ ေဖ်ာ္ရည္တို႔ကိုေတ့ာ ေသာက္သံုးနိုင္ပါသည္ ။လတ္ဆတ္ေသာ အသီးကို ကိုယ္တိုင္ေဖ်ာ္ေသာက္တာမ်ိဳး ျပဳလုပ္ပါ။ အသီးအရြက္ေတြ စားေသာက္ျခင္းက ခႏၶာကုိယ္မွာ  အဆီပိုေတြမရွိေအာင္ ျပဳလုပ္ေပးနိုင္မွာပါ။ ကယ္လိုရီ နည္းေသာ အသီး ၊ အမွ်င္ဓါတ္မ်ားေသာ အသီးမ်ားကို ေသာက္သံုးေပးနိုင္ပါသည္။

၅။အိပ္ေရးဝဝအိပ္ပါ။

အိပ္ေရးပ်က္ျခင္းက ကိုယ္အေလးခ်ိန္ကို တိုးေစနိုင္ရံုမက ဗိုက္လည္းပူေစနိုင္ပါတယ္ ။ ဒါ့ေၾကာင့္ အိပ္ခ်ိန္ကို စနစ္တက် ေသခ်ာသတ္မွတ္ျပီး အိပ္ေရး ဝဝ အိပ္သင့္ပါသည္ ။ ညဘက္အိပ္ခါနီး လြယ္ကူေပါ့ပါးေသာ ေသြးပူေလ့က်င့္ခန္း အခ်ိဳ႕လုပ္ေပးျခင္းက ျမန္ျမန္အိပ္ေပ်ာ္ေစနိုင္ပါသည္။

ပ်ိဳေမတို႔ေရ..အထက္ေဖာ္ျပပါနည္းလမ္းေတြကို လိုက္နာမယ္ဆိုရင္ေတာ့ ဗိုက္အဆီကင္းျပီး လွပတဲ့ ခႏၶာကို္ယ္ေလးကို ရရွိမွာပါေနာ္…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CHAN (ေရႊအင္းေလး)

#Unicode Version#
ဝတာ ချစ်စရာကောင်းတယ်ဆိုပေမယ့် ဗိုက်ခေါက်ကြီးတွေကတော့ ချစ်စရာမကောင်းပါဘူးနော် ။

အမျိုးသား ၊ အမျိုးသမီး ဗိုက်ခေါက်ထူကြီးတွေနဲ့ဆို အလှပျက်ပြီး ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှု လျော့နည်းစေပါတယ် ။ ဒါ့အပြင် ကျန်းမာရေးနဲ့လည်း မညီညွတ်ပါဘူး ။ ဗိုက်အဆီကျစေမယ့်နည်းလမ်းတွေထဲ လေ့ကျင့်ခန်းလုပ်ခြင်းကတော့ အကောင်းဆုံးနည်းလမ်းပါပဲ ။ သို့သော် အကြောင်းကြောင်းကြောင့် လေ့ကျင့်ခန်းမလုပ်နိုင်သူများအတွက် နည်းလမ်းတွေကို ရှာဖွေပြီး ဖော်ပြပေးလိုက်ပါတယ်နော် ။

၁။ သံပုယိုရေနွေးသောက်ပါ။

သံပုယိုသီး တစ်လုံး(သို့)တစ်ဝက်ကို ရေနွေးဖြူထဲ ဒီအတိုင်းထည့်၍သော်လည်းကောင်း ညှစ်၍သာ်လည်းကောင်း သောက်သုံးပေးပါ။ မနက်အိပ်ရာနိုးတိုင်း ဘာမှမစားခင် မိနစ်၃၀အလိုမှာ သောက်သုံးပေးရမှာပါ ။ နေ့စဉ်ပုံမှန်သောက်ခြင်းဖြင့် ၁လ ၊ ၂လ ခန့်ကြာလျှင် ဗိုက်အဆီတွေကို ကျစေမှာပါနော် ။

၂။ချင်း(ဂျင်း)ပြုတ်ရည်

ဂျင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်သော အကျိုးကျေးဇူးတွေ များစွာရှိတယ်ဆိုတာ သိပြီးဖြစ်မှာပါ ။ ဒါ့အပြင် အမျိုးသမီးများ အတွက်လည်း အလွန်ကောင်းမွန်ပါတယ် ။ ဂျင်းပြုတ်ရည် တစ်ခွက်ကို နေ့စဉ် ပုံမှန် သောက်သုံးပေးသွားခြင်းဖြင့် ဗိုက်ခေါက်အဆီတွေကို လျော့ကျစေနိုင်ပါတယ်။

၃။ရေ

အထူးတလည်တော့ ပြောစရာလိုမယ်မထင်ပါဘူး ။ ရေဆာတဲ့ အချိန် အခြားဖျော်ရည် တစ်ခုခု သောက်မယ့်အစား ရေသာများများသောက်သွားပေးပါ ။ ရေများများ သောက်သုံးခြင်းက ကျန်းမာရေးအတွက်လည်း အထောက်အပံ့ပေးနိုင်သလို ဗိုက်အဆီကိုလည်း ကျစေနိုင်မှာပါ ။

၄။အသီးဖျော်ရည်

အသင့်သောက် ဖျော်ရည်တွေကို ပြောခြင်းမဟုတ်ပါ ။ သကြား ၊ အဆီ မပါသော ဖျော်ရည်တို့ကိုတေ့ာ သောက်သုံးနိုင်ပါသည် ။လတ်ဆတ်သော အသီးကို ကိုယ်တိုင်ဖျော်သောက်တာမျိုး ပြုလုပ်ပါ။ အသီးအရွက်တွေ စားသောက်ခြင်းက ခန္ဓာကိုယ်မှာ  အဆီပိုတွေမရှိအောင် ပြုလုပ်ပေးနိုင်မှာပါ။ ကယ်လိုရီ နည်းသော အသီး ၊ အမျှင်ဓါတ်များသော အသီးများကို သောက်သုံးပေးနိုင်ပါသည်။

၅။အိပ်ရေးဝဝအိပ်ပါ။

အိပ်ရေးပျက်ခြင်းက ကိုယ်အလေးချိန်ကို တိုးစေနိုင်ရုံမက ဗိုက်လည်းပူစေနိုင်ပါတယ် ။ ဒါ့ကြောင့် အိပ်ချိန်ကို စနစ်တကျ သေချာသတ်မှတ်ပြီး အိပ်ရေး ဝဝ အိပ်သင့်ပါသည် ။ ညဘက်အိပ်ခါနီး လွယ်ကူပေါ့ပါးသော သွေးပူလေ့ကျင့်ခန်း အချို့လုပ်ပေးခြင်းက မြန်မြန်အိပ်ပျော်စေနိုင်ပါသည်။

ပျိုမေတို့ရေ..အထက်ဖော်ပြပါနည်းလမ်းတွေကို လိုက်နာမယ်ဆိုရင်တော့ ဗိုက်အဆီကင်းပြီး လှပတဲ့ ခန္ဓာကိုယ်လေးကို ရရှိမှာပါနော်…

ဖိုးသူတော် (www.phothutaw.com)
Credit: CHAN (ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top