Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×


Image result for vlcsnap-2017-08-13-16h54m23s020

မိန်းကလေး၏ ထွက်ဆိုချက်အရ သူမအသက် ၁၃ နှစ်အရွယ်ထဲကစပြီး အဓ္ဓမပြုကျင့်ခံခဲ့ရသလို သူမ၏ ညီမဖြစ်သူ အသက် ၁၄ နှစ်အရွယ် မိန်းကလေးမှာလည်း အသက် ၉ နှစ်အရွယ်ထဲက အဖိုး၊ အဖေ၊ ဦးလေးနှစ်ယောက်၏ အဓ္ဓမပြုကျင်မှုကို ခံခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။


Credit: popolay

#Unicode Version#
သွေးသားအရင်းအချာတော်စပ်သူ အသက် ၁၉ နှစ်အရွယ် မိန်းကလေးကို အကြိမ်ကြိမ်အဓ္ဓမပြုကျင့်ပြီးနောက် ကိုယ်ဝန်ရစေခဲ့သည့်အတွက် အမျိုးသား လေးဦးကို မလေးရှားရဲအဖွဲ့မှ ဖမ်းဆီးလိုက်ပါတယ်။

အသက် ၄၂ နှစ်အရွယ် ဖခင်၊ အသက် ၅၇ နှစ်အရွယ် အဖိုး နဲ့ အသက် ၂၆ နှစ်နှင့် ၂၈ နှစ်အရွယ် ဦးလေး နှစ်ယောက် စုစုပေါင်း လေးဦးတို့က ဆွေမျိုးသားချင်းအရင်းအချာဖြစ်သူ အသက် ၁၉ နှစ်အရွယ် မိန်းကလေးကို အကြိမ်ကြိမ် ဝိုင်းဝန်း အဓ္ဓမပြုကျင့်ခဲ့ကြတာဖြစ်ပါတယ်။

မိန်းကလေးဟာ ကိုယ်ဝန်ရခဲ့ပြီး ဆာရာဝခ်ပြည်နယ် စီရင်ဆေးရုံကို သြဂုတ်လ ၁၁ ရက်နေ့က တက်ရောက်ခဲ့ချိန်တွင် အဖြစ်မှန်ပေါ်ပေါက်ကာ ရဲအဖွဲ့က အဆိုပါအမျိုးသား လေးဦးကို ချက်ခြင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မိန်းကလေး၏ ထွက်ဆိုချက်အရ သူမအသက် ၁၃ နှစ်အရွယ်ထဲကစပြီး အဓ္ဓမပြုကျင့်ခံခဲ့ရသလို သူမ၏ ညီမဖြစ်သူ အသက် ၁၄ နှစ်အရွယ် မိန်းကလေးမှာလည်း အသက် ၉ နှစ်အရွယ်ထဲက အဖိုး၊ အဖေ၊ ဦးလေးနှစ်ယောက်၏ အဓ်ူမပြုကျင်မှုကို ခံခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။

ကျူးလွန်ခဲ့သူ လေးဦးကို ချုပ်ရက် တစ်ပတ်ဖြင့် ဖမ်းဆီးထားပြီး အမှုကိုဆက်လက် စုံစမ်းစစေ်ဆေးနေကြောင်း မလေးသတင်းစာ သည်စတားတွင် ဖော်ပြထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top