ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

သမၼတ႐ုပ္ရွင္႐ုံတြင္ ျမန္မာဇာတ္ကား ျပသေန (ဓာတ္ပံု − နစ္ကီ)
႐ုပ္ရွင္ဇာတ္ကား႐ံုတင္ ရာတြင္ လက္ရွိက်င့္သံုးေနသည့္ တန္းစီစနစ္ကို ဖ်က္သိမ္း၍ ႐ံုရွင္၊ ကားရွင္ (႐ုပ္ရွင္႐ံုပိုင္ရွင္ႏွင့္ ထုတ္လုပ္သူ)ခ်င္း ညႇိႏိႈင္း၍ ျပသသည့္ စနစ္သုိ႔   ေျပာင္းလဲမည္ျဖစ္ ေၾကာင္း  ႐ုပ္ရွင္အစည္းအ႐ံုး ဒုဥကၠ႒ ဦးေအးၾကဴေလးက ေျပာ သည္။

‘‘A နဲ႔ B က ႐ံုရွင္၊ ကားရွင္ အ ႀကိဳက္၊ C ကေတာ့ A, B မွာ မဝင္ ႏုိင္တဲ့ကားေတြ၊ တန္းစီစနစ္က ေတာ့ မရွိေတာ့ဘူး’’ဟု ဩဂုတ္ ၁၂ ရက္တြင္ ႐ုပ္ရွင္အစည္းအ႐ုံုး ၌ ျပဳလုပ္ခဲ့သည့္ ဇာတ္ကားပိုင္ ရွင္မ်ားႏွင့္ ႐ုပ္ရွင္႐ံုပိုင္ရွင္တုိ႔၏ ျပသညႇိႏိႈင္းအစည္းအေဝးမွ ထြက္ေပၚလာေသာ ဆံုးျဖတ္ခ်က္ကို ေျပာသည္။

ျမန္မာ႐ုပ္ရွင္ဇာတ္ကားမ်ား ကို ၿပီးခဲ့သည့္ ၂၀၁၆ ႏွစ္ဆန္းက စတင္၍ တန္းစီစနစ္ႏွင့္ ႐ံုရွင္၊ ကားရွင္ စိတ္ႀကိဳက္ျပသသည့္ စနစ္ျဖင့္ A ႐ံုတြဲ၊ B ႐ံုတြဲခြဲကာ ႐ံုၿပိဳင္စနစ္ျဖင့္ ျပသေနျခင္းျဖစ္ သည္။

‘‘ပထမစနစ္ ဆံုးျဖတ္ထား တဲ့ ၄၃ ကားကုန္ရင္ ဒီစနစ္ကို စၿပီးက်င့္သံုးမယ္။  ႏိုဝင္ဘာ ေလာက္ျဖစ္မယ္ထင္တယ္။ တန္း စီစနစ္မွာ စီထားတာ ငါးကား၊ ေျခာက္ကားေလာက္ပဲက်န္ေတာ့ မယ္’’ဟု ဦးေအးၾကဴေလးက ေျပာၾကားသည္။

႐ုပ္ရွင္ဇာတ္ကား႐ိုက္ကူးမႈ မ်ားျပားလာသည္ႏွင့္အမွ် လက္ ရွိတြင္ ဆင္ဆာက်၍ ႐ံုတင္ရန္ အဆင္သင့္ျဖစ္ေနသည့္ ႐ုပ္ရွင္ ဇာတ္ကား ၁၆၀ ခန္႔ရွိသည္။

ယင္းကဲ့သုိ႔ ႐ံုတင္စနစ္ အ ေျပာင္းအလဲျပဳလုပ္ျခင္းသည္ ျမန္မာ့႐ုပ္ရွင္ေလာက တိုးတက္ မည့္  လမ္းစတစ္ခုျဖစ္ေၾကာင္း ဒါ႐ိုက္တာဝိုင္းက ေျပာသည္။

‘‘သိပ္ေပါေပါေလာေလာ ေတြလုပ္လို႔မရေတာ့ဘူးေပါ့။ ေဈးကြက္စီးပြားေရးစနစ္မွာက ယွဥ္ ၿပိဳင္မႈကိုပဲ အားေပးရမွာ။ ယွဥ္ၿပိဳင္မွ တိုးတက္မွာေလ’’ဟု ႐ံုတင္ စနစ္အေျပာင္းအလဲအေပၚ ဒါ ႐ိုက္တာဝိုင္းက ေျပာသည္။

အဆိုပါ႐ံုတင္စနစ္တြင္ဇာတ္ ကားေကာင္းမ်ားကိုသာ ေရြးခ်ယ္၍ တင္မည္ျဖစ္ေသာေၾကာင့္ ႐ုပ္ရွင္႐ံုပိုင္ရွင္မ်ားအတြက္ အဆင္ေျပေၾကာင္း ယင္းေဆြးေႏြးပြဲသုိ႔ တက္ေရာက္ခဲ့သည့္ ကိုသက္ (ေရႊမန္း)က ေျပာသည္။

‘‘ကိုယ့္ဘက္က တစ္ခ်က္စိုး ရိမ္တာကေတာ့ ၿမိဳ႕တစ္ၿမိဳ႕မွာ ႐ံု မ်ားမ်ားရွိတဲ့ ၿမိဳ႕ေတြကေတာ့ ျပႆနာသိပ္မရွိႏုိင္ဘူး။ တစ္ၿမိဳ႕ မွာ တစ္႐ံုပဲရွိတဲ့ ၿမိဳ႕ဆုိရင္ေတာ့ ကားေကာင္းေတြကို အပတ္စဥ္ တင္ေပးေနရင္ ၾကည့္တဲ့သူေတြ ၾကည့္ႏုိင္ပါ့မလားဆိုတာလည္း စဥ္းစားစရာပါ’’ဟု ၎၏အျမင္ ကို ေျပာသည္။

ထို႔အျပင္ ျမန္္မာ့႐ုပ္ရွင္ ေလာကတြင္ နာမည္ႀကီးမင္းသား သည္ လက္ငါးေခ်ာင္းပင္မျပည့္ ေသာေၾကာင့္ ပရိသတ္မ်ား ၿငီးေငြ႕သြားႏုိင္မလားဆိုသည့္အခ်က္ကို စဥ္းစားသင့္ေၾကာင္း ကုိသက္(ေရႊမန္း)က ဆုိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
သမ္မတရုပ်ရှင်ရုံတွင် မြန်မာဇာတ်ကား ပြသနေ (ဓာတ်ပုံ − နစ်ကီ)

ရုပ်ရှင်ဇာတ်ကားရုံတင် ရာတွင် လက်ရှိကျင့်သုံးနေသည့် တန်းစီစနစ်ကို ဖျက်သိမ်း၍ ရုံရှင်၊ ကားရှင် (ရုပ်ရှင်ရုံပိုင်ရှင်နှင့် ထုတ်လုပ်သူ)ချင်း ညှိနှိုင်း၍ ပြသသည့် စနစ်သို့   ပြောင်းလဲမည်ဖြစ် ကြောင်း  ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက ပြော သည်။

‘‘A နဲ့ B က ရုံရှင်၊ ကားရှင် အ ကြိုက်၊ C ကတော့ A, B မှာ မဝင် နိုင်တဲ့ကားတွေ၊ တန်းစီစနစ်က တော့ မရှိတော့ဘူး’’ဟု ဩဂုတ် ၁၂ ရက်တွင် ရုပ်ရှင်အစည်းအရုံး ၌ ပြုလုပ်ခဲ့သည့် ဇာတ်ကားပိုင် ရှင်များနှင့် ရုပ်ရှင်ရုံပိုင်ရှင်တို့၏ ပြသညှိနှိုင်းအစည်းအဝေးမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်ကို ပြောသည်။

မြန်မာရုပ်ရှင်ဇာတ်ကားများ ကို ပြီးခဲ့သည့် ၂၀၁၆ နှစ်ဆန်းက စတင်၍ တန်းစီစနစ်နှင့် ရုံရှင်၊ ကားရှင် စိတ်ကြိုက်ပြသသည့် စနစ်ဖြင့် A ရုံတွဲ၊ B ရုံတွဲခွဲကာ ရုံပြိုင်စနစ်ဖြင့် ပြသနေခြင်းဖြစ် သည်။

‘‘ပထမစနစ် ဆုံးဖြတ်ထား တဲ့ ၄၃ ကားကုန်ရင် ဒီစနစ်ကို စပြီးကျင့်သုံးမယ်။  နိုဝင်ဘာ လောက်ဖြစ်မယ်ထင်တယ်။ တန်း စီစနစ်မှာ စီထားတာ ငါးကား၊ ခြောက်ကားလောက်ပဲကျန်တော့ မယ်’’ဟု ဦးအေးကြူလေးက ပြောကြားသည်။

ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှု များပြားလာသည်နှင့်အမျှ လက် ရှိတွင် ဆင်ဆာကျ၍ ရုံတင်ရန် အဆင်သင့်ဖြစ်နေသည့် ရုပ်ရှင် ဇာတ်ကား ၁၆၀ ခန့်ရှိသည်။

ယင်းကဲ့သို့ ရုံတင်စနစ် အ ပြောင်းအလဲပြုလုပ်ခြင်းသည် မြန်မာ့ရုပ်ရှင်လောက တိုးတက် မည့်  လမ်းစတစ်ခုဖြစ်ကြောင်း ဒါရိုက်တာဝိုင်းက ပြောသည်။

‘‘သိပ်ပေါပေါလောလော တွေလုပ်လို့မရတော့ဘူးပေါ့။ ဈေးကွက်စီးပွားရေးစနစ်မှာက ယှဉ် ပြိုင်မှုကိုပဲ အားပေးရမှာ။ ယှဉ်ပြိုင်မှ တိုးတက်မှာလေ’’ဟု ရုံတင် စနစ်အပြောင်းအလဲအပေါ် ဒါ ရိုက်တာဝိုင်းက ပြောသည်။

အဆိုပါရုံတင်စနစ်တွင်ဇာတ် ကားကောင်းများကိုသာ ရွေးချယ်၍ တင်မည်ဖြစ်သောကြောင့် ရုပ်ရှင်ရုံပိုင်ရှင်များအတွက် အဆင်ပြေကြောင်း ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ကိုသက် (ရွှေမန်း)က ပြောသည်။

‘‘ကိုယ့်ဘက်က တစ်ချက်စိုး ရိမ်တာကတော့ မြို့တစ်မြို့မှာ ရုံ များများရှိတဲ့ မြို့တွေကတော့ ပြဿနာသိပ်မရှိနိုင်ဘူး။ တစ်မြို့ မှာ တစ်ရုံပဲရှိတဲ့ မြို့ဆိုရင်တော့ ကားကောင်းတွေကို အပတ်စဉ် တင်ပေးနေရင် ကြည့်တဲ့သူတွေ ကြည့်နိုင်ပါ့မလားဆိုတာလည်း စဉ်းစားစရာပါ’’ဟု ၎င်း၏အမြင် ကို ပြောသည်။

ထို့အပြင် မြန်မာ့ရုပ်ရှင် လောကတွင် နာမည်ကြီးမင်းသား သည် လက်ငါးချောင်းပင်မပြည့် သောကြောင့် ပရိသတ်များ ငြီးငွေ့သွားနိုင်မလားဆိုသည့်အချက်ကို စဉ်းစားသင့်ကြောင်း ကိုသက်(ရွှေမန်း)က ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top