Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကမၻာ႔ဘဏ္က ႏွစ္စဥ္ ထုတ္ျပန္သည့္ စီးပြားေရးလုပ္ ကိုင္ရန္ အလြယ္ကူဆံုးႏုိင္ငံမ်ား (Doing Business)စာရင္းတြင္ ျမန္မာႏုိင္ငံ၏ အဆင့္သတ္မွတ္ခ်က္(၁၇၀)သို႔ ေရာက္ရွိၿပီး ယခင္ႏွစ္ထက္ အဆင့္သံုးဆင့္ က်ဆင္းခဲ့သည္။

ၿပီးခဲ့သည့္ ရက္ပိုင္းက ထုတ္ ျပန္ခဲ့သည့္ ကမၻာ႔ဘဏ္၏စီးပြား ေရးလုပ္ကိုင္ရန္ အလြယ္ကူဆံုးစာရင္းတြင္ ႏုိင္ငံေပါင္း ၁၉၀ ပါဝင္ ၿပီး ျမန္မာႏိုင္ငံ၏ ေအာက္တြင္ ဘဂၤလားေဒ့ရွ္၊ အေရွ႕တီေမာႏွင့္ အာဖဂန္နစၥတန္ႏိုင္ငံတို႔  ရွိေန သည္။

ယခုႏွစ္ စီးပြားေရးလုပ္ကိုင္ ရန္ အလြယ္ကူဆံုးစာရင္းတြင္ အာဆီယံေဒသတြင္း ႏုိင္ငံမ်ားအ နက္ ျမန္မာႏိုင္ငံကဲ့သို႔ ဖြံ႕ၿဖိဳးမႈအား နည္းသည့္ လာအိုႏုိင္ငံက အဆင့္ (၁၃၉) ႏွင့္ ကေမၻာဒီးယားႏုိင္ငံက အဆင့္ (၁၃၁) တို႔၌ အသီးသီးရပ္ တည္ေနသည္။

‘‘အစိုးရ အေနနဲ႔ Doing Business မွာ အဆင့္ျမန္ျမန္တက္ လာေအာင္ လုပ္ေပးဖို႔လိုတယ္။ ဒါမွ ႏုိင္ငံေရးမွာလည္း ျပည္သူယံု ၾကည္မႈပိုရလာမယ္’’ဟု စီးပြားေရးပညာရွင္ေဒါက္တာေအာင္ကုိကို က ေျပာသည္။

ႏုိင္ငံတကာမွ စီးပြားေရးလုပ္ ငန္းရွင္ႀကီးမ်ားရင္းႏွီးျမႇဳပ္ႏွံမႈ တိုးျမႇင့္လာရန္ ကမၻာ႔ဘဏ္က ထုတ္ျပန္သည့္ စီးပြားေရးလုပ္ကိုင္ရန္ အလြယ္ကူဆံုးစာရင္းသည္ အေရးပါေသာ အခ်က္အလက္တစ္ ခုျဖစ္ေၾကာင္း ၎က ဆက္လက္ ေျပာၾကားသည္။

စီးပြားေရးလုပ္ကိုင္ရန္ အ လြယ္ကူဆံုးစာရင္းတြင္ ျမန္မာႏိုင္ ငံအေနျဖင့္ လုပ္ငန္း စတင္ရန္အလြယ္ကူဆံုးအဆင့္ (၁၄၆)၊ ေဆာက္လုပ္ေရးက႑တြင္ (၆၆)၊ လွ်ပ္စစ္ရရွိမႈတြင္ (၁၄၉)၊ အခြန္ေပးေဆာင္မႈတြင္ (၁၁၉)၊ အရင္းအႏွီးနည္းသည့္ စီးပြားေရးမ်ားအတြက္ အကာအကြယ္ရရွိမႈတြင္ (၁၇၉) စသည္ျဖင့္ အဆင့္မ်ားေဖာ္ျပထားသည္။

စီးပြားေရးလုပ္ကိုင္ရန္အ လြယ္ကူဆံုးစာရင္းတြင္ ျမန္မာႏိုင္ငံကို လာမည့္ သံုးႏွစ္အတြင္း အ ဆင့္(၁၀၀)ေအာက္ရရွိရန္ ႀကိဳးစားေနသည္ဟု ဒုတိယသမၼတ ဦးျမင့္ေဆြက ပုဂၢလိက စီးပြားေရး လုပ္ငန္းရွင္မ်ားႏွင့္ ေတြ႕ဆံုပြဲ၌ မၾကာခဏ ေျပာၾကားထားသည္။

စီးပြားေရးလုပ္ကိုင္္ရန္ အလြယ္ကူဆံုးအဆင့္က်ဆင္းရျခင္း သည္ လွ်ပ္စစ္မီးရရွိမႈ အေျခအ ေန၊ ေဆာက္လုပ္ေရးက႑တြင္ ႀကံဳေတြ႕ေနရသည့္ အခက္အခဲ မ်ားပါဝင္ၿပီး အျခားႏုိင္ငံမ်ားက လည္း စီးပြားေရးလုပ္ကိုင္ရန္ ပိုမိုလြယ္ကူေအာင္ ေဆာင္ရြက္လာ ျခင္းေၾကာင့္ဟု ေဒါက္တာေအာင္ ကိုကိုက ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ကမ္ဘာ့ဘဏ်က နှစ်စဉ် ထုတ်ပြန်သည့် စီးပွားရေးလုပ် ကိုင်ရန် အလွယ်ကူဆုံးနိုင်ငံများ (Doing Business)စာရင်းတွင် မြန်မာနိုင်ငံ၏ အဆင့်သတ်မှတ် ချက်(၁၇၀)သို့ ရောက်ရှိပြီး ယခင်နှစ်ထက် အဆင့်သုံးဆင့် ကျ ဆင်းခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ထုတ် ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏စီးပွား ရေးလုပ်ကိုင်ရန် အလွယ်ကူဆုံးစာရင်းတွင် နိုင်ငံပေါင်း ၁၉၀ ပါဝင် ပြီး မြန်မာနိုင်ငံ၏ အောက်တွင် ဘင်္ဂလားဒေ့ရှ်၊ အရှေ့တီမောနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့  ရှိနေ သည်။

ယခုနှစ် စီးပွားရေးလုပ်ကိုင် ရန် အလွယ်ကူဆုံးစာရင်းတွင် အာဆီယံဒေသတွင်း နိုင်ငံများအ နက် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးမှုအား နည်းသည့် လာအိုနိုင်ငံက အဆင့် (၁၃၉) နှင့် ကမ္ဘောဒီးယားနိုင်ငံက အဆင့် (၁၃၁) တို့၌ အသီးသီးရပ် တည်နေသည်။

‘‘အစိုးရ အနေနဲ့ Doing Business မှာ အဆင့်မြန်မြန်တက် လာအောင် လုပ်ပေးဖို့လိုတယ်။ ဒါမှ နိုင်ငံရေးမှာလည်း ပြည်သူယုံ ကြည်မှုပိုရလာမယ်’’ဟု စီးပွားရေးပညာရှင်ဒေါက်တာအောင်ကိုကို က ပြောသည်။

နိုင်ငံတကာမှ စီးပွားရေးလုပ် ငန်းရှင်ကြီးများရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လာရန် ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် စီးပွားရေးလုပ်ကိုင်ရန် အလွယ်ကူဆုံးစာရင်းသည် အရေးပါသော အချက်အလက်တစ် ခုဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

စီးပွားရေးလုပ်ကိုင်ရန် အ လွယ်ကူဆုံးစာရင်းတွင် မြန်မာနိုင် ငံအနေဖြင့် လုပ်ငန်း စတင်ရန်အလွယ်ကူဆုံးအဆင့် (၁၄၆)၊ ဆောက်လုပ်ရေးကဏ္ဍတွင် (၆၆)၊ လျှပ်စစ်ရရှိမှုတွင် (၁၄၉)၊ အခွန်ပေးဆောင်မှုတွင် (၁၁၉)၊ အရင်းအနှီးနည်းသည့် စီးပွားရေးများအတွက် အကာအကွယ်ရရှိမှုတွင် (၁၇၉) စသည်ဖြင့် အဆင့်များဖော်ပြထားသည်။

စီးပွားရေးလုပ်ကိုင်ရန်အ လွယ်ကူဆုံးစာရင်းတွင် မြန်မာနိုင်ငံကို လာမည့် သုံးနှစ်အတွင်း အ ဆင့်(၁၀၀)အောက်ရရှိရန် ကြိုးစားနေသည်ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေက ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ၌ မကြာခဏ ပြောကြားထားသည်။

စီးပွားရေးလုပ်ကိုင်ရန် အလွယ်ကူဆုံးအဆင့်ကျဆင်းရခြင်း သည် လျှပ်စစ်မီးရရှိမှု အခြေအ နေ၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကြုံတွေ့နေရသည့် အခက်အခဲ များပါဝင်ပြီး အခြားနိုင်ငံများက လည်း စီးပွားရေးလုပ်ကိုင်ရန် ပိုမိုလွယ်ကူအောင် ဆောင်ရွက်လာ ခြင်းကြောင့်ဟု ဒေါက်တာအောင် ကိုကိုက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top