ကန်တော်ကြီးအနီး နိုင်ငံတကာအဆင့်မီ Royal Garden View ကွန်ဒို အထူးအရောင်းပြပွဲ
×


ရေဖျော်ပါ ။

– ငါးခူ (သို့) ငါးကျီး
– စပလင်
– နနွင်း
– ငံပြာရည်
– ဆား
– ကြက်သွန်နီ
– ဂျင်းအနည်းငယ်
-ကောက်ညှင်းဆန်လှော်
– ဆီ
– ခရမ်းချဉ်သီး
– ပဲသီး
– နံနံပင်
-ငြုပ်သီးမှုန့်
– ပဲကြော်
– တောင်ငူမုန့်ဖတ်

ပြုလုပ်နည်း












Credit:  Ericmoon



#Unicode Version#
***တောင်ငူ မုန့်ဟင်းခါး ရေကျဲ***

တောင်ငူ မုန့်ဟင်းခါး ရေကျဲ အသုပ် နဲ့
ရေဖျော်ပါ ။

– ငါးခူ (သို့) ငါးကျီး
– စပလင်
– နနွင်း
– ငံပြာရည်
– ဆား
– ကြက်သွန်ဖြူ ဘတ်လတ်ထောင်း
– ကြက်သွန်နီ
– ဂျင်းအနည်းငယ်
-ကောက်ညှင်းဆန်လှော်
– ဆီ
– ခရမ်းချဉ်သီး
– ပဲသီး
– နံနံပင်
-ငြုပ်သီးမှုန့်
– ပဲကြော်
– တောင်ငူမုန့်ဖတ်

ပြုလုုပ်နည်း

တောင်ငူ မုန့်ဟင်းခါး ရေကျဲ ။

ငါးခူ (သို့) ငါးကျီး ကို စပလင် ၊ နနွင်း ၊ ငံပြာရည် ၊ ဆား ထဲ့ ပြုတ်ပါတယ် ။

ငါးကို အသားနွှင် ၊ အရိုးကိုထောင်း ရေဖျော်၊ ဇကာနဲ့ စစ်ထားပါတယ် ။ ( အရည်မည်းတဲ့ အကြောင်းအရင်းပါ)

ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ဘတ်လတ်ထောင်း ၊ ဂျင်းအနည်းငယ် နဲ့ ဆီပါလေကာ နဲ့ ဆီသတ်ပါ ။

ပြီးလျှင် ကြက်သွန်နီ ဥသေး ခွာပြီး ထဲ့ပါတယ် ။

ဆန်လှော်ထောင်း ဟင်းရည် အရမ်း ပွက်ရင် လိုတဲ့ အရသာ အနည်းငယ် ထည့်ပါတယ် ။ အရသာမြည်းပြီး ဟင်းရည်အိုး ရပါပြီ ။

မုန့်ဖတ်ထဲ့ ၊ ခရမ်းချဉ်သီးပါးပါးလှီး ၊ ပဲသီး ၊ နံနံပင် ၊ ကောက်ညှင်းဆန်လှော်မှုန့် ၊ ငြုပ်သီးမှုန့် ၊ ပဲကြော်ချေထဲ့ ၊ ကြက်သွန်ဖြူ ဆီချက်ထဲ့၊ အရသာထဲ့ ၊ ဟင်းရည် ထဲ့ပါတယ်။ တောင်ငူ မုန့်ဖတ်က အနည်းငယ် အလုံး တုတ်ပါတယ် ။

တောင်ငူမုန့်တီသုပ် – မုန့်ဖတ်ထဲ့ ၊ ခရမ်းချဉ်သီးပါးပါးလှီး ၊ ပဲသီး ၊ နံနံပင် ၊ ကောက်ညှင်းဆန်လှော်မှုန့် ၊ ငြုပ်သီးမှုန့် ၊ ပဲကြော်ချေထဲ့ ၊ ဟင်းရည်ကြည် အနယ်ငယ်ထဲ့ ၊အရသာထဲ့ ၊ ကြက်သွန်ဖြူ ဆီချက်ထဲ့ စေးစေးလေး သုပ်ပါတယ် ။ ကောက်ညှင်း ဆန်လှော်မှုန့် နှင့် ပဲကပ်ကြော်( တောင်ငူက မှာပါတယ်) (ချက်နည်း ကွဲပြားမှု့များ ရှိနိုင်ပါသည် ။ တတ်သလောက် မှတ်သလောက်နဲ့ အိမ်က ပြောပြသလောက်ဖြင့် ချက်ပါတယ် ။ ) ဟင်းရည်ထဲမှာ ကြိုက်တတ်လို့ အစုံ ထဲ့စားတာပါ ။



ဖိုးသူတော် (www.phothutaw.com)
Credit:  Ericmoon

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top