လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ညအိပ္မေပ်ာ္တ႔ဲသူ (insomniac) ဆိုတာ အိပ္ေမာက်ဖို႔ အလြန္ခက္ခဲသူေတြကို ေခၚတာပါ။ လူတစ္ေယာက္ဟာ ပ်မ္းမွ်အားျဖင္႔ တစ္ေန႔ကို (၈) နာရီအိပ္ဖို႔ လိုုအပ္ေပမယ္႔ ညအိပ္မေပ်ာ္တဲ႔သူေတြကေတာ႔ တစ္ေန႕တစ္ေန႕ နာရီအနည္းငယ္အိပ္ေပ်ာ္ဖို႔ေတာင္ အိပ္ေဆးကူေနရရွာသူေတြပါ။

သူတို႔ဟာ တစ္ခုခုကို အေတြးလြန္ေနတာျဖစ္ခ်င္ျဖစ္မယ္။ မ်က္ႏွာက်က္ကိုၾကည္႔ေငးရင္း သိုးေကာင္ေလးေတြကို ေရတြက္ေနတာ ျဖစ္ခ်င္ျဖစ္မယ္။ ဒါေပမယ္႔ သူတို႔ရဲ႕ညအိပ္ရခက္ခဲတဲ႔ ဓေလ႔ေၾကာင္႔ အခက္ၾကံဳရတတ္ပါတယ္။ တကယ္လို႔ ခင္ဗ်ားသာ ညအိပ္မေပ်ာ္တဲ႔ လူတစ္ေယာက္ဆိုရင္ ေအာက္ကအခ်က္ေတြကို ရင္းႏွီးကြ်မ္းဝင္ေနမွာပါ။
၁။ အျမဲလိုလို ေမာပန္းေနမယ္

ေကာင္းေကာင္းအိပ္မေပ်ာ္တတ္တဲ႔သူေတြဆိုေတာ႔ ခႏၶာကိုယ္က အျမဲလိုလုိ ပင္ပန္းႏြမ္းနယ္ေနပါလိမ္႔မယ္။ လူတစ္ေယာက္ရဲ႕ မ်က္ႏွာကိုၾကည္႔လိုက္တာနဲ႔ ဘယ္ေလာက္ေမာပန္းေနတယ္ဆိုတာကုိ သိႏိုင္ပါတယ္။ တေရးတေမာအိပ္စက္လိုက္ရင္ ျပႆနာ ေျပလည္ႏုိင္ေစမွာျဖစ္ေပမယ္႔ အိပ္စက္ျခင္းက သူတို႔အတြက္ ဘယ္ေတာ႔မွ မလြယ္ကူပါဘူး။
၂။ ေလ႔က်င္႔ခန္းေတြ၊ ေဆးဝါးေတြကလည္း ထင္သေလာက္အလုပ္မျဖစ္ဘူး

ညအိပ္မေပ်ာ္သူတစ္ဦးဟာ အိပ္ေရးေကာင္းေကာင္းဝဖို႔အတြက္ ဆီလိမ္းတာတို႔၊ ဆံပင္ကိုႏွိပ္နယ္တာတို႔၊ အိပ္ေဆးေသာက္တာတို႔ အစရွိသျဖင္႔ နည္းလမ္းေပါင္းစံုကို စမ္းသပ္ၾကပါလိမ္႔မယ္။ ကံဆိုးစြာနဲ႔ပဲ ဒါဟာ ထင္သေလာက္အလုပ္မျဖစ္ပါဘူး။ ၾကာလာရင္ အိပ္ေပ်ာ္ဖို႔အတြက္ အားထုတ္ေနရတာႀကီးကိုက ခက္ခဲလာၿပီး စိတ္ရႈပ္စရာျဖစ္လာပါတယ္။
၃။ ႏႈိးစက္နာရီအသံမျမည္ခင္တည္းက ႏိုးေနမယ္

ဒါဟာလည္း စိတ္ညစ္စရာပါပဲ။ ေတြးၾကည္႔ပါ။ မနက္ (၈) နာရီအိပ္ယာထဖို႔ ႏႈိးစက္ေပးထားမယ္။ ဒါေပမယ္႔ မနက္ (၅) နာရီ ကတည္းက ရုတ္တရက္ႀကီးႏိုးလာမယ္။ ျပန္အိပ္လို႔ကလည္း မရဘူးဆိုပါစို႔။ ဒါဟာလည္း ညအိပ္မေပ်ာ္တဲ႔သူတိုင္း ရင္ဆိုင္ေနရတဲ႔ စိတ္ႏွလံုးထိခိုက္ေၾကကြဲဖြယ္ အျဖစ္အပ်က္တစ္ခုပါပဲ။
၄။ စိတ္ရႈပ္လာမယ္

အိပ္မေပ်ာ္တဲ႔သူတစ္ေယာက္အတြက္ေတာ႔ စိတ္ရႈပ္တယ္ဆိုတာ မဆန္းပါဘူး။ ေလ႔က်င္႔ခန္းလုပ္တာ၊ အိပ္ေဆးေသာက္တာ ေတြကလည္း အလုပ္မျဖစ္ေတာ႔ ညဘက္ေရာက္တိုင္း စိတ္ရႈပ္လာရပါတယ္။ တစ္ခါတေလဆို ေအာ္ဟစ္ေပါက္ကြဲပစ္ခ်င္လာ တဲ႔အထိ စိတ္ရႈပ္လာပါလိမ္႔မယ္။ အဲဒီအခ်ိန္မွာ ေခါင္းအံုးဟာ လက္သီးခ်က္ေတြကို ခံယူေပးရတဲ႔ ဓားစာခံျဖစ္သြားပါေတာ႔တယ္။
၅။ လူမႈကြန္ရက္ေတြက အေဖာ္မြန္ျဖစ္လာမယ္

ႀကိဳးစားလို႔မရေတာ႔တဲ႔အဆံုးမွာ ညအိပ္မေပ်ာ္တဲ႔သူေတြဟာ ေနာက္ဆံုးမွာ လက္ေလွ်ာ႔အရႈံးေပးလိုက္ၿပီး လူမႈကြန္ရက္ေတြေပၚမွာ စေတးတပ္စ္တက္ေရးတာတို႔၊ ဟိုၾကည္႔ဒီၾကည္႔လုပ္တာတို႔၊ youtube ဗီဒီယိုေတြၾကည္႔တာတို႔ လုပ္ပါေတာ႔တယ္။ ၾကည္႔ရင္းၾကည္႔ရင္း မ်က္လံုးေတြေလးလာၿပီး အိပ္မ်ားေပ်ာ္သြားမလားဆိုတဲ႔ ေမွ်ာ္လင္႔ခ်က္ယဲ႔ယဲ႕ေလးနဲ႔ေပါ႔။ တစ္ခါတေလမွာေတာ႔ အလုပ္ျဖစ္သြားတတ္ပါတယ္။

Source: youngisthan
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#

ညအိပ်မပျော်တဲ့သူ (insomniac) ဆိုတာ အိပ်မောကျဖို့ အလွန်ခက်ခဲသူတွေကို ခေါ်တာပါ။ လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို (၈) နာရီအိပ်ဖို့ လိုုအပ်ပေမယ့် ညအိပ်မပျော်တဲ့သူတွေကတော့ တစ်နေ့တစ်နေ့ နာရီအနည်းငယ်အိပ်ပျော်ဖို့တောင် အိပ်ဆေးကူနေရရှာသူတွေပါ။

သူတို့ဟာ တစ်ခုခုကို အတွေးလွန်နေတာဖြစ်ချင်ဖြစ်မယ်။ မျက်နှာကျက်ကိုကြည့်ငေးရင်း သိုးကောင်လေးတွေကို ရေတွက်နေတာ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် သူတို့ရဲ့ညအိပ်ရခက်ခဲတဲ့ ဓလေ့ကြောင့် အခက်ကြုံရတတ်ပါတယ်။ တကယ်လို့ ခင်ဗျားသာ ညအိပ်မပျော်တဲ့ လူတစ်ယောက်ဆိုရင် အောက်ကအချက်တွေကို ရင်းနှီးကျွမ်းဝင်နေမှာပါ။
၁။ အမြဲလိုလို မောပန်းနေမယ်

ကောင်းကောင်းအိပ်မပျော်တတ်တဲ့သူတွေဆိုတော့ ခန္ဓာကိုယ်က အမြဲလိုလို ပင်ပန်းနွမ်းနယ်နေပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ မျက်နှာကိုကြည့်လိုက်တာနဲ့ ဘယ်လောက်မောပန်းနေတယ်ဆိုတာကို သိနိုင်ပါတယ်။ တရေးတမောအိပ်စက်လိုက်ရင် ပြဿနာ ပြေလည်နိုင်စေမှာဖြစ်ပေမယ့် အိပ်စက်ခြင်းက သူတို့အတွက် ဘယ်တော့မှ မလွယ်ကူပါဘူး။
၂။ လေ့ကျင့်ခန်းတွေ၊ ဆေးဝါးတွေကလည်း ထင်သလောက်အလုပ်မဖြစ်ဘူး


ညအိပ်မပျော်သူတစ်ဦးဟာ အိပ်ရေးကောင်းကောင်းဝဖို့အတွက် ဆီလိမ်းတာတို့၊ ဆံပင်ကိုနှိပ်နယ်တာတို့၊ အိပ်ဆေးသောက်တာတို့ အစရှိသဖြင့် နည်းလမ်းပေါင်းစုံကို စမ်းသပ်ကြပါလိမ့်မယ်။ ကံဆိုးစွာနဲ့ပဲ ဒါဟာ ထင်သလောက်အလုပ်မဖြစ်ပါဘူး။ ကြာလာရင် အိပ်ပျော်ဖို့အတွက် အားထုတ်နေရတာကြီးကိုက ခက်ခဲလာပြီး စိတ်ရှုပ်စရာဖြစ်လာပါတယ်။
၃။ နှိုးစက်နာရီအသံမမြည်ခင်တည်းက နိုးနေမယ်

ဒါဟာလည်း စိတ်ညစ်စရာပါပဲ။ တွေးကြည့်ပါ။ မနက် (၈) နာရီအိပ်ယာထဖို့ နှိုးစက်ပေးထားမယ်။ ဒါပေမယ့် မနက် (၅) နာရီ ကတည်းက ရုတ်တရက်ကြီးနိုးလာမယ်။ ပြန်အိပ်လို့ကလည်း မရဘူးဆိုပါစို့။ ဒါဟာလည်း ညအိပ်မပျော်တဲ့သူတိုင်း ရင်ဆိုင်နေရတဲ့ စိတ်နှလုံးထိခိုက်ကြေကွဲဖွယ် အဖြစ်အပျက်တစ်ခုပါပဲ။
၄။ စိတ်ရှုပ်လာမယ်

အိပ်မပျော်တဲ့သူတစ်ယောက်အတွက်တော့ စိတ်ရှုပ်တယ်ဆိုတာ မဆန်းပါဘူး။ လေ့ကျင့်ခန်းလုပ်တာ၊ အိပ်ဆေးသောက်တာ တွေကလည်း အလုပ်မဖြစ်တော့ ညဘက်ရောက်တိုင်း စိတ်ရှုပ်လာရပါတယ်။ တစ်ခါတလေဆို အော်ဟစ်ပေါက်ကွဲပစ်ချင်လာ တဲ့အထိ စိတ်ရှုပ်လာပါလိမ့်မယ်။ အဲဒီအချိန်မှာ ခေါင်းအုံးဟာ လက်သီးချက်တွေကို ခံယူပေးရတဲ့ ဓားစာခံဖြစ်သွားပါတော့တယ်။
၅။ လူမှုကွန်ရက်တွေက အဖော်မွန်ဖြစ်လာမယ်

ကြိုးစားလို့မရတော့တဲ့အဆုံးမှာ ညအိပ်မပျော်တဲ့သူတွေဟာ နောက်ဆုံးမှာ လက်လျှော့အရှုံးပေးလိုက်ပြီး လူမှုကွန်ရက်တွေပေါ်မှာ စတေးတပ်စ်တက်ရေးတာတို့၊ ဟိုကြည့်ဒီကြည့်လုပ်တာတို့၊ youtube ဗီဒီယိုတွေကြည့်တာတို့ လုပ်ပါတော့တယ်။ ကြည့်ရင်းကြည့်ရင်း မျက်လုံးတွေလေးလာပြီး အိပ်များပျော်သွားမလားဆိုတဲ့ မျှော်လင့်ချက်ယဲ့ယဲ့လေးနဲ့ပေါ့။ တစ်ခါတလေမှာတော့ အလုပ်ဖြစ်သွားတတ်ပါတယ်။

Source: youngisthan

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top