မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး (ဆဋ္ဌမအကြိမ်မြောက်)
×

Image result for shilla hotel korea
Related image

Related image

Credit:Duwun

#Unicode Version#
ပရိသတ်အချစ်တော် ဆောင်းစုံတွဲဟာ သူတို့လက်ထပ်မယ့်နေရာကို ကြေညာလိုက်တာဖြစ်ပြီး အဲဒီနေရာက အရမ်းလှပတဲ့ Shilla ဟိုတယ်ဖြစ်ပါတယ်။ သူတို့လက်ထပ်မယ့် ဟိုတယ်ပုံစံနဲ့ မင်္ဂလာအခမ်းအနားကို Duwun ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

Shilla ဟာ နာမည်ကြီးဆယ်လီအများအပြားနေတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ မင်္ဂလာခန်းမဖြစ်တဲ့ The Dynasty Wedding Hall က Shilla ဟိုတယ်ရဲ့အတွင်းပိုင်းထဲမှာရှိပြီး နိုင်ငံရဲ့ အလှဆုံး မင်္ဂလာခန်းမတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ နေရာဖြစ်ပါတယ်။

ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကျိုဟာ အခမဲ့ကမ်းလှမ်းတဲ့နေရာတွေကို မရွေးချယ်ဘဲ လှပလွန်းလှတဲ့ ဒီဟိုတယ်ကို ရွေးချယ်ခဲ့တယ်လို့လည်း သိရပါတယ်။

ပရိသတ်တွေ သဘောတူထားကြတဲ့ တောင်ကိုရီးယားမင်းသား ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကျိုတို့ဟာ အောက်တိုဘာလ ၃၁ ရက်မှာ လက်ထပ်တော့မယ်လို့ သူတို့ရဲ့အေဂျင်စီတွေက  ဇူလိုင်လ ၅ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အသက် ၃၁ အရွယ် ဆောင်းဂျွန်ကီနဲ့ အသက် ၃၅ နှစ် အရွယ် ဆောင်းဟေကျုတို့ဟာ နာမည်ကြီး ကိုရီးယားဇာတ်လမ်းတွဲဖြစ်တဲ့ Descendants of the Sun ဇာတ်လမ်းတွဲမှာ အတူသရုပ်ဆောင်ခဲ့ပြီးတဲ့နောက် တဟုန်ထိုးနာမည်ကြီးသွားပြီး ပရိသတ်ရဲ့မေတ္တာကို ရရှိသူများဖြစ်ကာ ပရိသတ်အများစုကလည်း သူတို့နှစ်ဦးကို သဘောတူထားကြတာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top