ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ရန္ကုန္တိုင္းရွိ သံဃာအပါး သံုးေသာင္ေက်ာ္ႏွင့္ သီလရွင္ တစ္ေသာင္းေက်ာ္အပါအဝင္ စုစုေပါင္း ေလးေသာင္းငါးေထာင္ေက်ာ္အား ရန္ကုန္တိုင္းအစိုးရ၊ တိုင္းလႊတ္ေတာ္တို႔ႏွင့္ ပူးေပါင္းကာ ဆြမ္းဆန္စိမ္းေလာင္းလွဴ မည္ဟု အမ်ိဳးသားဒီမိုကေရစီအ ဖြဲ႕ခ်ဳပ္ပါတီက သတင္းထုတ္ျပန္သည္။

သဃၤန္းကြၽန္းၿမိဳ႕နယ္ ျပည္သာယာလမ္းရွိ မူလဆယ္ေတာင္ ျပည့္ ေက်ာင္းတိုက္တြင္ ၾသဂုတ္၁၃ ရက္၌ ဆြမ္းဆန္စိမ္းေလာင္းလွဴျခင္းႏွင့္ သံဃာေတာ္ ၁၀၈ ပါးအား ဝါဆိုသကၤန္း ဆက္ကပ္လွဴဒါန္းျခင္း အခမ္းအနားျပဳလုပ္မည္ဟု ရန္ကုန္တိုင္း NLD အတြင္းေရးမွဴး ဦးထြန္းျမင့္က ေျပာသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္အေနျဖင့္ သံဃာ့ဂုဏ္ကို ရည္စူး၍ ရန္ကုန္တိုင္းအတြင္းသတင္း သံုးေနေသာ စာသင္တိုက္မ်ားရွိ စာသင္သံဃာေတာ္မ်ား ဆြမ္း ေဝယ်ာဝစၥအခက္အခဲ မရွိေစ ေရး ယခုကဲ့သို႔ ဆြမ္းဆန္စိမ္း လွဴဒါန္းရန္ ရည္ရြယ္ေဆာင္ရြက္ျခင္းျဖစ္ ေၾကာင္း ဦးထြန္းျမင့္က ေျပာ သည္။ ‘‘ဒါက ပထမဆံုးအႀကိမ္ျဖစ္ပါတယ္’’ဟု ၎ကဆိုသည္။

ယခုရက္ပိုင္းအတြင္း မႏၲ ေလး၊ ရန္ကုန္ႏွင့္ ေတာင္ႀကီးၿမိဳ႕ တို႔တြင္ သံဃာအခ်ိဳ႕ႏွင့္ အမ်ိဳး သားေရး လႈပ္ရွားသူဟုဆိုသည့္ လူပုဂၢိဳလ္အခ်ိဳ႕တို႔က အမ်ိဳး၊ဘာ သာ၊ သာသနာကို ႏွိမ့္ခ်သည့္ အ စိုးရဟု စြပ္စဲြကာ အစိုးရဆန္႔က်င္ ေရး  သပိတ္စခန္းမ်ား ျပဳလုပ္ခဲ့ သည္။

ယခုကဲ့သို႔ ရန္ကုန္တိုင္းရွိ ေသာင္းႏွင့္ခ်ီေသာ သံဃာေတာ္ မ်ားက ဆြမ္းဆန္စိမ္းေလာင္းလွဴ ျခင္းသည္ ယင္းဆႏၵျပမႈမ်ားကို တံု႔ျပန္ျခင္း ဟုတ္၊မဟုတ္ ေမးျမန္းရာ ဦးထြန္းျမင့္က ‘‘အဲဒါနဲ႔ ပတ္ သက္ၿပီးေတာ့ ဘာမွတ္ခ်က္မွ မေပးလိုဘူး’’ ဟု ေျပာသည္။

ယခုကဲ့သို႔ သံဃာေတာ္မ်ား အား ဆြမ္းဆန္စိမ္းေလာင္းလွဴ ျခင္းကို ႏွစ္စဥ္ျပဳလုပ္ႏိုင္ရန္ ႀကိဳး စားမည္ျဖစ္ေၾကာင္း၊ ဆြမ္းဆန္ စိမ္းေလာင္းလွဴပြဲသို႔ ျပည္သူမ်ား လည္း ပါဝင္ႏိုင္ၿပီးသက္ဆိုင္ရာ ၿမိဳ႕နယ္ရွိ NLD ႐ံုးမ်ားတြင္ ဆန္၊ ဆီ၊ ပဲ၊ အာလူး၊ ၾကက္သြန္စသည့္ ပစၥည္းငါးမ်ိဳး သြားေရာက္လွဴဒါန္းႏိုင္ေၾကာင္း ၎ကဆိုသည္။ ထို႔ အျပင္ ေရႊတိဂံုေစတီေတာ္  အေရွ႕ဘက္မုခ္အနီး ေၾကးသြန္းဘုရား ေရွ႕ရွိ တိုင္းသံဃနာယက အ ဖြဲ႕႐ံုးတြင္လည္း လွဴဒါန္းႏိုင္ေၾကာင္း ၎ကဆက္လက္ ေျပာၾကား သည္။

ရန္ကုန္တိုင္းတြင္ သံဃာအ ပါး တစ္ရာႏွင့္အထက္ ေက်ာင္း ေပါင္း ၁၁၀ ရွိၿပီး သီလရွင္ေက်ာင္း ေပါင္း ၃၇ ေက်ာင္းရွိရာ သံဃာ သံုးေသာင္းသံုးေထာင္ေက်ာ္ႏွင့္ သီလရွင္ တစ္ေသာင္းတစ္ေထာင္ ေက်ာ္ရွိေၾကာင္း ဒီခ်ဳပ္ပါတီက ျပဳ စုထားသည့္ စာရင္းအရ သိရ သည္။ ဆြမ္းဆန္စိမ္းေလာင္းလွဴ ျခင္းကို ေက်ာင္းတိုက္မ်ားသို႔ ဒီ ခ်ဳပ္ပါတီဝင္မ်ားႏွင့္ တာဝန္ရွိသူ မ်ား သြားေရာက္ေလာင္းလွဴမည္ ျဖစ္ေၾကာင္း ဦးထြန္းျမင့္က ဆက္ လက္ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
 ရန်ကုန်တိုင်းရှိ သံဃာ အပါးသုံးသောင်ကျော်နှင့်သီလ ရှင်တစ်သောင်းကျော်အပါအဝင် စုစုပေါင်း လေးသောင်းငါးထောင် ကျော်အား ရန်ကုန်တိုင်းအစိုးရ၊ တိုင်းလွှတ်တော်တို့နှင့် ပူးပေါင်း ကာ ဆွမ်းဆန်စိမ်းလောင်းလှူ မည်ဟု အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီက သတင်းထုတ်ပြန် သည်။


သင်္ဃန်းကျွန်းမြို့နယ် ပြည်သာယာလမ်းရှိ မူလဆယ်တောင် ပြည့် ကျောင်းတိုက်တွင် သြဂုတ်၁၃ ရက်၌ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် သံဃာတော် ၁၀၈ ပါးအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားပြုလုပ်မည်ဟု ရန်ကုန်တိုင်း NLD အတွင်းရေးမှူး ဦးထွန်းမြင့်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် သံဃာ့ဂုဏ်ကို ရည် စူး၍ ရန်ကုန်တိုင်းအတွင်းသတင်း သုံးနေသော စာသင်တိုက်များရှိ စာသင်သံဃာတော်များ ဆွမ်း ဝေယျာဝစ္စအခက်အခဲ မရှိစေ ရေး ယခုကဲ့သို့ ဆွမ်းဆန်စိမ်း လှူဒါန်းရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ် ကြောင်း ဦးထွန်းမြင့်က ပြော သည်။ ‘‘ဒါက ပထမဆုံးအကြိမ်ဖြစ်ပါတယ်’’ဟု ၎င်းကဆိုသည်။

ယခုရက်ပိုင်းအတွင်း မန္တ လေး၊ ရန်ကုန်နှင့် တောင်ကြီးမြို့ တို့တွင် သံဃာအချို့နှင့် အမျိုး သားရေး လှုပ်ရှားသူဟုဆိုသည့် လူပုဂ္ဂိုလ်အချို့တို့က အမျိုး၊ဘာ သာ၊ သာသနာကို နှိမ့်ချသည့် အ စိုးရဟု စွပ်စွဲကာ အစိုးရဆန့်ကျင် ရေး  သပိတ်စခန်းများ ပြုလုပ်ခဲ့ သည်။

ယခုကဲ့သို့ ရန်ကုန်တိုင်းရှိ သောင်းနှင့်ချီသော သံဃာတော် များက ဆွမ်းဆန်စိမ်းလောင်းလှူ ခြင်းသည် ယင်းဆန္ဒပြမှုများကို တုံ့ပြန်ခြင်း ဟုတ်၊မဟုတ် မေးမြန်းရာ ဦးထွန်းမြင့်က ‘‘အဲဒါနဲ့ ပတ် သက်ပြီးတော့ ဘာမှတ်ချက်မှ မပေးလိုဘူး’’ ဟု ပြောသည်။

ယခုကဲ့သို့ သံဃာတော်များ အား ဆွမ်းဆန်စိမ်းလောင်းလှူ ခြင်းကို နှစ်စဉ်ပြုလုပ်နိုင်ရန် ကြိုး စားမည်ဖြစ်ကြောင်း၊ ဆွမ်းဆန် စိမ်းလောင်းလှူပွဲသို့ ပြည်သူများ လည်း ပါဝင်နိုင်ပြီးသက်ဆိုင်ရာ မြို့နယ်ရှိ NLD ရုံးများတွင် ဆန်၊ ဆီ၊ ပဲ၊ အာလူး၊ ကြက်သွန်စသည့် ပစ္စည်းငါးမျိုး သွားရောက်လှူဒါန်းနိုင်ကြောင်း ၎င်းကဆိုသည်။ ထို့ အပြင် ရွှေတိဂုံစေတီတော်  အရှေ့ဘက်မုခ်အနီး ကြေးသွန်းဘုရား ရှေ့ရှိ တိုင်းသံဃနာယက အ ဖွဲ့ရုံးတွင်လည်း လှူဒါန်းနိုင်ကြောင်း ၎င်းကဆက်လက် ပြောကြား သည်။

ရန်ကုန်တိုင်းတွင် သံဃာအ ပါး တစ်ရာနှင့်အထက် ကျောင်း ပေါင်း ၁၁၀ ရှိပြီး သီလရှင်ကျောင်း ပေါင်း ၃၇ ကျောင်းရှိရာ သံဃာ သုံးသောင်းသုံးထောင်ကျော်နှင့် သီလရှင် တစ်သောင်းတစ်ထောင် ကျော်ရှိကြောင်း ဒီချုပ်ပါတီက ပြု စုထားသည့် စာရင်းအရ သိရ သည်။ ဆွမ်းဆန်စိမ်းလောင်းလှူ ခြင်းကို ကျောင်းတိုက်များသို့ ဒီ ချုပ်ပါတီဝင်များနှင့် တာဝန်ရှိသူ များ သွားရောက်လောင်းလှူမည် ဖြစ်ကြောင်း ဦးထွန်းမြင့်က ဆက် လက်ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top