ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

* ဘဝေတြ *

စတိုးဆိုင္ႀကီးတစ္ဆိုင္ အတြင္းသိုု႕ ဆိုင္ပိတ္ခါနီးမွ

ႏြမ္းပါးစြာဝတ္ဆင္ထားေသာ လက္လုပ္လက္စား

အေျခခံလူတန္းစားသဏၭန္ သားအဖႏွစ္ေယာက္

ဝင္လာသည္...ခုမွအလုပ္သိမ္းၿပီး ျပန္လာေလသလားမသိ...ေပတူးနံေစာ္ေနသည္..

""ကေလးတိုက္တဲ႕နို႕မႈန္႕ရွိလား""

""ဘယ္အရြယ္တိုက္မွာလဲ""

ခပ္ဝဝ သံုးဆယ္ေက်ာ္အရြယ္ ဆိုင္ရွင္အမ်ိဳးသမီး

ကျပန္ေမးသည္...

"" ကေလးက တပတ္ေလာက္ရွိေသးတယ္

ေမြးထားတာ ကေလးအေမက နို႕မထြက္လို႕""

""ေအာ္ ဒါဆို ဒူးမက္ စတပ္ဝမ္း တိုက္ရမွာ...

ဒီမွာ ဒါမ်ိဳး သူက ေမြးစကေန တႏွစ္အထိတိုက္ရတာ

ဆိုင္ရွင္က သူမေနာက္ေက်ာရွိဗီရိုထဲက စကၠဴဂ်ပ္ဗူး

ေလးတစ္ဗူးကို ေကာင္တာေပၚထုတ္ျပသည္...

ႀကီးေတာ့ ႀကီးသားပဲဟု စိတ္ထဲမွာ ေတြးေနသည္...

""တစ္ဗူးဘယ္ေလာက္လဲ""

""တစ္ေသာင္းတစ္ေထာင္""

ဆိုင္ရွင္အမ်ိဳးသမီးအသံက

ေစ်းဝယ္အမ်ိဳးသားအတြက္

မိုးႀကိဳးပစ္ခ်လိုက္သလိုပင္...

လက္ကကိုင္ထားေသာ နို႕မႈန္႕ဗူးကို ေယာင္ေယာင္

ကန္းကန္းႏွင့္ ဆိုင္ရွင္အမ်ိဳးသမီးဘက္ ျပန္တိုးေပး

လိုက္မိေသး၏။

""အဲ႕ေလာက္ႀကီးေတာ့ မနိုင္ပါဘူး အမရယ္

ဒီထက္ေစ်းသက္သာတာေလးျပေပးပါဦး""

""ရတယ္ ေနာက္တမ်ိဳးရွိေသးတယ္ နက္စ္တယ္လ္

ထုတ္တာ တစ္ဗူးကို ေျခာက္ေထာင့္သံုးရာ""

ေစ်းဝယ္အမိ်ဳးသားက သက္ျပင္းရိႈင္ျပန္သည္...

""ေျခာက္ေထာင့္သံုးရာ...""

ေစ်းႏႈန္းေလးကို တီးတိုးေရရြတ္ေနပံုေထာက္ေတာ့

ဒီေစ်းႏႈန္းကလဲ သူ႕အတြက္ အဆင္ေျပပံုမရ။

""ဒိထက္ေစ်းေပါတာေရာ ရွိေသးလား""

"" တရုပ္နို႕မႈန္႕ေတြေတာ့ ရွိတယ္ ေစ်းေတာ့ေပါတယ္

တထုပ္မွ ႏွစ္ေထာင္ေက်ာ္...ဒါေပမဲ႕ ခင္ဗ်ားကေလး

ကတစ္ပတ္ဆိုေတာ့ နုေသးတယ္ ဝမ္းေတြဘာေတြ

ပ်က္ရင္ကေလး အသက္အႏၲရယ္က ရွိေသးတယ္

ေလ""

""တိုက္လို႕မရဘူးလား""

""စိတ္မခ်ရတာေတာ့ အမွန္ပဲ""

အမ်ိဳးသားခမ်ာ ေခတၲေတြေဝသြားရွာသည္...

"" လုပ္အားခ ရွင္းလာတာ ခုႏွစ္ေထာင္ေတာ့

ပါ ပါေသးတယ္...က်ဳပ္က ငါးေထာင္ ဒီကေလး

က ႏွစ္ေထာင္ရတယ္...

ဒါေပမဲ႕ ဆန္နဲ႕ဟင္းခ်က္စရာကလဲ

ဝယ္ရဦးမွာ...သူ႕အေမကလဲ ဘာမွစားရေသးမွာ

မဟုတ္ဘူး.,က်ဳပ္တို႕ျပန္လာမွ ခ်က္ရျပဳတ္ရမွာေလ

မတတ္နိုင္ဘူးဗ်ာ တရုပ္လဲေကာင္းမွာပါ တရုပ္ပဲေပး

ပါေတာ့""

တရုပ္နို႕မႈန္႕ႏွစ္ေထာင့္ငါးရာတန္တစ္ထုပ္ဝယ္ၿပီး

သားအဖႏွစ္ေယာက္ျပန္သြားၾကသည္...

သူတို႕ၾကည့္ၿပီး ဆိုင္ရွင္အမ်ိဳးသမီးက စိတ္မေကာင္း

ရွာ...ေစ်းဝယ္လဲရွင္းၿပီမို႕ ဆိုင္ေပါက္ေတြပိတ္ၿပီး

ထမင္းစားဖို႕ျပင္ရဆင္ရျပန္သည္.,

ထိုစဥ္ လူဝင္တဲ႕ဂိတ္တံခါးေလးက ""အမ အမ""နဲ႕

အမ်ိဳးသားတစ္ဦးေခၚသံကို ၾကားရသည္...

ဆိုင္ပိတ္မွ ဘယ္သူပါလိမ့္.,ေစ်းဝယ္ပဲေနမွာပါ...

ဆိုင္ပိတ္ခါမွ လာၿပီ...ေစာေစာတံုးကေတာ့

မလာပဲနဲ႕...

"" ဘယ္သူလဲ ဘာကိစၥလဲ...""

ဟန္႕သြားေအာင္ အသံကို တမင္တကာ တင္းထား

လိုက္သည္...

"" အမ က်ဳပ္ပါ ခုနက နို႕မႈန္႕ဝယ္သြားတဲ႕တေယာက္

ေလ က်ဳပ္ကို မရိုမေသေလး အမရယ္ ဒီတရုပ္နို႕မႈန္႕

နဲ႕ ေျခာက္ေထာင့္သံုးရာတန္ နို႕မႈန္႕ေလးနဲ႕

လဲေပးပါဦ...""

""ေအာ္...အေစာကတည္းကေျပာသားပဲ...

ရပါတယ္ လဲေပးမယ္ေလ အခုယူမွာက ေျခာက္

ေထာင့္သံုးရာ ျပန္ေပးတာက ႏွစ္ေထာင္ငါးရာတန္

ဆိုေတာ့ ခင္ဗ်ားက သံုးေထာင့္ရွစ္ရာျပန္ေပးရမယ္

ေနာ္ အမ္းစရာလိုေသးလား အအမ္းေလး တခါထဲ

ယူရေအာင္လို႕"'

""အမ...""

"" ရွင့္...""

""က်ဳပ္တို႕သားအဖသံုးေယာက္ညစာစားဖို႕

မ်က္လံုးတံဆိတ္ေခါက္ဆြဲသံုးထုပ္နဲ႕ ၾကက္ဥ

သံုးလံုးဝယ္လိုက္တာ တစ္ေထာင့္နဲ႕ငါးဆယ္က်ေတာ

အခုက ငါးေထာင့္ကိုးရာ့ငါးဆယ္ပဲ က်န္ေတာ့တယ္

က်ဳပ္က မစားပဲေနနိုင္ေပမဲ႕ မီးေနသည္နဲ႕ ဒီကေလး

ငယ္က အစာမရွိရင္ အားျပတ္ကုန္မွာစိုးလို႕ပါ...

လိုတဲ႕သံုးရာ့ငါးဆယ္ကို မနက္ျဖန္က် ဆက္ဆက္

လာေပးပါ့နယ္ နို႕မႈန္ႈထုပ္ေလး ေပးလိုက္လို႕ရလား""

ဆိုင္ရွင္အမ်ိဴးသမီးစိတ္ထဲ ဂရုဏာသက္သြားသည္..

""ကဲ ပါတဲ႕ပိုက္ဆံပဲေပးပါ...လိုတာ ေလ်ာ့လိုက္ပါ့

မယ္""

"" မေလ်ာ့နဲ႕ အမ မေလ်ာ့နဲ႕ မနက္ျဖန္ညေန

က်ဳပ္ဆက္ဆက္လာေပးမွာ အခုလို ယံုၾကည္ၿပီး

ေပးလိုက္တာပဲ ေက်းဇူးတင္လွပါၿပီ...""

ေအာ္ သူ႕ခမ်ာ ကံသာမြဲရွာတာ စိတ္ဓာတ္ကမမြဲ

ရွာပဲကိုး....

"" စိတ္ဓာတ္ေတာ့ ႀကိဳက္သြားၿပီရွင္...ဒါျဖင္လဲ မနက္

ျဖန္က်ဝင္ေပးေပါ့...ဒါနဲ႕ စကားမစပ္ က်မတို႕အိမ္မွာ

ဒီေန႕ ထမင္းေတြ ဟင္းေတြ အမ်ားႀကီးခ်က္ထားတာ

ေလ အဲ႕ဒါ ခင္ဗ်ားတို႕အတြက္ထဲ႕ေပးလို႕ရလာ""

ေစ်းဝယ္အမ်ိဳးသားမ်က္ႏွာက ဝင္းပသြားၿပီး

"" အို အဲ႕လို ေစတနာရွိလို႕ ေကြ်းတာေတာ့

က်ဳပ္က မျငင္းပါဘူးဗ်ာ...ခိုးစားႏိႈက္စားတာမွ

မဟုတ္တာ စားသူမရွိပဲ အလကားျဖစ္မဲ႕ဟာဆ္ု

မ်ားမ်ားသာထဲ႕ေပးလိုက္ပါဗ်ာ""တဲ႕...။

ကဲ ဘယ္ေလာက္ခ်စ္စရာေကာင္းတဲ႕စိတ္ထားရွိသူလဲ

တကယ္ေတာ့ ဟင္းေတြ ထမင္းေတြက မပိုပါဘူး..

ရွိတဲ႕ထမင္းဟင္းေတြ သူတို႕သားအဖကို အကုန္ထဲ႕

ေပးၿပီး သူတို႕မိသားစု သံုးဦးကေတာ့ အျပင္ထြက္

စားလိုက္ေတာ့မယ္ဆိုတဲ႕ရည္ရြယ္ခ်တ္နဲ႕

ဆိုင္ရွင္အမ်ိဳးသမီးက စိတ္ကူးစီမံလိုက္ျခင္းပါ...

ပိုေနသူနဲ႕လိုေနသူ အေပးအယူညီမွ်လိုက္ေတာ့

ႏွလံုးသားကိုယ္ဆီမွာ ေပ်ာ္ရႊင္ၾကည္ႏူးမႈ႕ေတြနဲ႕ေပါ့။့

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  လြမ္းသုဝဏ္

#Unicode Version#
* ဘဝတွေ *

စတိုးဆိုင်ကြီးတစ်ဆိုင် အတွင်းသိုု့ ဆိုင်ပိတ်ခါနီးမှ

နွမ်းပါးစွာဝတ်ဆင်ထားသော လက်လုပ်လက်စား

အခြေခံလူတန်းစားသဏ္ဌန် သားအဖနှစ်ယောက်

ဝင်လာသည်...ခုမှအလုပ်သိမ်းပြီး ပြန်လာလေသလားမသိ...ပေတူးနံစော်နေသည်..

""ကလေးတိုက်တဲ့နို့မှုန့်ရှိလား""

""ဘယ်အရွယ်တိုက်မှာလဲ""

ခပ်ဝဝ သုံးဆယ်ကျော်အရွယ် ဆိုင်ရှင်အမျိုးသမီး

ကပြန်မေးသည်...

"" ကလေးက တပတ်လောက်ရှိသေးတယ်

မွေးထားတာ ကလေးအမေက နို့မထွက်လို့""

""အော် ဒါဆို ဒူးမက် စတပ်ဝမ်း တိုက်ရမှာ...

ဒီမှာ ဒါမျိုး သူက မွေးစကနေ တနှစ်အထိတိုက်ရတာ

ဆိုင်ရှင်က သူမနောက်ကျောရှိဗီရိုထဲက စက္ကူဂျပ်ဗူး

လေးတစ်ဗူးကို ကောင်တာပေါ်ထုတ်ပြသည်...

ကြီးတော့ ကြီးသားပဲဟု စိတ်ထဲမှာ တွေးနေသည်...

""တစ်ဗူးဘယ်လောက်လဲ""

""တစ်သောင်းတစ်ထောင်""

ဆိုင်ရှင်အမျိုးသမီးအသံက

ဈေးဝယ်အမျိုးသားအတွက်

မိုးကြိုးပစ်ချလိုက်သလိုပင်...

လက်ကကိုင်ထားသော နို့မှုန့်ဗူးကို ယောင်ယောင်

ကန်းကန်းနှင့် ဆိုင်ရှင်အမျိုးသမီးဘက် ပြန်တိုးပေး

လိုက်မိသေး၏။

""အဲ့လောက်ကြီးတော့ မနိုင်ပါဘူး အမရယ်

ဒီထက်ဈေးသက်သာတာလေးပြပေးပါဦး""

""ရတယ် နောက်တမျိုးရှိသေးတယ် နက်စ်တယ်လ်

ထုတ်တာ တစ်ဗူးကို ခြောက်ထောင့်သုံးရာ""

ဈေးဝယ်အမျိုးသားက သက်ပြင်းရှိုင်ပြန်သည်...

""ခြောက်ထောင့်သုံးရာ...""

ဈေးနှုန်းလေးကို တီးတိုးရေရွတ်နေပုံထောက်တော့

ဒီဈေးနှုန်းကလဲ သူ့အတွက် အဆင်ပြေပုံမရ။

""ဒိထက်ဈေးပေါတာရော ရှိသေးလား""

"" တရုပ်နို့မှုန့်တွေတော့ ရှိတယ် ဈေးတော့ပေါတယ်

တထုပ်မှ နှစ်ထောင်ကျော်...ဒါပေမဲ့ ခင်ဗျားကလေး

ကတစ်ပတ်ဆိုတော့ နုသေးတယ် ဝမ်းတွေဘာတွေ

ပျက်ရင်ကလေး အသက်အန္တရယ်က ရှိသေးတယ်

လေ""

""တိုက်လို့မရဘူးလား""

""စိတ်မချရတာတော့ အမှန်ပဲ""

အမျိုးသားခမျာ ခေတ္တတွေဝေသွားရှာသည်...

"" လုပ်အားခ ရှင်းလာတာ ခုနှစ်ထောင်တော့

ပါ ပါသေးတယ်...ကျုပ်က ငါးထောင် ဒီကလေး

က နှစ်ထောင်ရတယ်...

ဒါပေမဲ့ ဆန်နဲ့ဟင်းချက်စရာကလဲ

ဝယ်ရဦးမှာ...သူ့အမေကလဲ ဘာမှစားရသေးမှာ

မဟုတ်ဘူး.,ကျုပ်တို့ပြန်လာမှ ချက်ရပြုတ်ရမှာလေ

မတတ်နိုင်ဘူးဗျာ တရုပ်လဲကောင်းမှာပါ တရုပ်ပဲပေး

ပါတော့""

တရုပ်နို့မှုန့်နှစ်ထောင့်ငါးရာတန်တစ်ထုပ်ဝယ်ပြီး

သားအဖနှစ်ယောက်ပြန်သွားကြသည်...

သူတို့ကြည့်ပြီး ဆိုင်ရှင်အမျိုးသမီးက စိတ်မကောင်း

ရှာ...ဈေးဝယ်လဲရှင်းပြီမို့ ဆိုင်ပေါက်တွေပိတ်ပြီး

ထမင်းစားဖို့ပြင်ရဆင်ရပြန်သည်.,

ထိုစဉ် လူဝင်တဲ့ဂိတ်တံခါးလေးက ""အမ အမ""နဲ့

အမျိုးသားတစ်ဦးခေါ်သံကို ကြားရသည်...

ဆိုင်ပိတ်မှ ဘယ်သူပါလိမ့်.,ဈေးဝယ်ပဲနေမှာပါ...

ဆိုင်ပိတ်ခါမှ လာပြီ...စောစောတုံးကတော့

မလာပဲနဲ့...

"" ဘယ်သူလဲ ဘာကိစ္စလဲ...""

ဟန့်သွားအောင် အသံကို တမင်တကာ တင်းထား

လိုက်သည်...

"" အမ ကျုပ်ပါ ခုနက နို့မှုန့်ဝယ်သွားတဲ့တယောက်

လေ ကျုပ်ကို မရိုမသေလေး အမရယ် ဒီတရုပ်နို့မှုန့်

နဲ့ ခြောက်ထောင့်သုံးရာတန် နို့မှုန့်လေးနဲ့

လဲပေးပါဦ...""

""အော်...အစောကတည်းကပြောသားပဲ...

ရပါတယ် လဲပေးမယ်လေ အခုယူမှာက ခြောက်

ထောင့်သုံးရာ ပြန်ပေးတာက နှစ်ထောင်ငါးရာတန်

ဆိုတော့ ခင်ဗျားက သုံးထောင့်ရှစ်ရာပြန်ပေးရမယ်

နော် အမ်းစရာလိုသေးလား အအမ်းလေး တခါထဲ

ယူရအောင်လို့"'

""အမ...""

"" ရှင့်...""

""ကျုပ်တို့သားအဖသုံးယောက်ညစာစားဖို့

မျက်လုံးတံဆိတ်ခေါက်ဆွဲသုံးထုပ်နဲ့ ကြက်ဥ

သုံးလုံးဝယ်လိုက်တာ တစ်ထောင့်နဲ့ငါးဆယ်ကျတော

အခုက ငါးထောင့်ကိုးရာ့ငါးဆယ်ပဲ ကျန်တော့တယ်

ကျုပ်က မစားပဲနေနိုင်ပေမဲ့ မီးနေသည်နဲ့ ဒီကလေး

ငယ်က အစာမရှိရင် အားပြတ်ကုန်မှာစိုးလို့ပါ...

လိုတဲ့သုံးရာ့ငါးဆယ်ကို မနက်ဖြန်ကျ ဆက်ဆက်

လာပေးပါ့နယ် နို့မှုန်ှုထုပ်လေး ပေးလိုက်လို့ရလား""

ဆိုင်ရှင်အမျိူးသမီးစိတ်ထဲ ဂရုဏာသက်သွားသည်..

""ကဲ ပါတဲ့ပိုက်ဆံပဲပေးပါ...လိုတာ လျော့လိုက်ပါ့

မယ်""

"" မလျော့နဲ့ အမ မလျော့နဲ့ မနက်ဖြန်ညနေ

ကျုပ်ဆက်ဆက်လာပေးမှာ အခုလို ယုံကြည်ပြီး

ပေးလိုက်တာပဲ ကျေးဇူးတင်လှပါပြီ...""

အော် သူ့ခမျာ ကံသာမွဲရှာတာ စိတ်ဓာတ်ကမမွဲ

ရှာပဲကိုး....

"" စိတ်ဓာတ်တော့ ကြိုက်သွားပြီရှင်...ဒါဖြင်လဲ မနက်

ဖြန်ကျဝင်ပေးပေါ့...ဒါနဲ့ စကားမစပ် ကျမတို့အိမ်မှာ

ဒီနေ့ ထမင်းတွေ ဟင်းတွေ အများကြီးချက်ထားတာ

လေ အဲ့ဒါ ခင်ဗျားတို့အတွက်ထဲ့ပေးလို့ရလာ""

ဈေးဝယ်အမျိုးသားမျက်နှာက ဝင်းပသွားပြီး

"" အို အဲ့လို စေတနာရှိလို့ ကျွေးတာတော့

ကျုပ်က မငြင်းပါဘူးဗျာ...ခိုးစားနှိုက်စားတာမှ

မဟုတ်တာ စားသူမရှိပဲ အလကားဖြစ်မဲ့ဟာဆ်ု

များများသာထဲ့ပေးလိုက်ပါဗျာ""တဲ့...။

ကဲ ဘယ်လောက်ချစ်စရာကောင်းတဲ့စိတ်ထားရှိသူလဲ

တကယ်တော့ ဟင်းတွေ ထမင်းတွေက မပိုပါဘူး..

ရှိတဲ့ထမင်းဟင်းတွေ သူတို့သားအဖကို အကုန်ထဲ့

ပေးပြီး သူတို့မိသားစု သုံးဦးကတော့ အပြင်ထွက်

စားလိုက်တော့မယ်ဆိုတဲ့ရည်ရွယ်ချတ်နဲ့

ဆိုင်ရှင်အမျိုးသမီးက စိတ်ကူးစီမံလိုက်ခြင်းပါ...

ပိုနေသူနဲ့လိုနေသူ အပေးအယူညီမျှလိုက်တော့

နှလုံးသားကိုယ်ဆီမှာ ပျော်ရွှင်ကြည်နူးမှု့တွေနဲ့ပေါ့။့

ဖိုးသူတော် (www.phothutaw.com)
Credit:  လွမ်းသုဝဏ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top