ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ရြာတစ္ရြာတြင္ သူႀကီး လုပ္သူက လူေတြကုိ မ်က္စိကန္းေအာင္ လုပ္ထားလုိက္သည္။ ႏွစ္ေပါင္း မ်ားစြာ ၾကာလာေတာ့ လူေတြကအေမွာင္နဲ႔ အသားက်လာသည္။ အလင္းရွိတယ္ ဆုိတာကုိ မသိေတာ့။ တစ္ခုခု ဆုိ သူႀကီး က ေျပာျပရသည္။ “ဟုိဘက္ရြာမယ္ စားစရာမရွိလုိ႔ လူေတြေသၾကသကြ။ ငါတုိ႔ရြာမွာ ဆန္ျပဳပ္ေလးပံုမွန္ တစ္ရက္ တစ္ေခါက္ ေသာက္ႏုိင္တာ ငါ႔ေက်းဇူးကြ။” လူေတြက ယံုၾကသည္။ ဟုိဘက္ရြာမွာ ကားဆုိတာႀကီး ရွိတယ္ၾကားေတာ့ သူႀကီးက “ကား ဆုိတာႀကီးက စီးလုိ႔ တုိက္ရင္ ေသတတ္တယ္ကြ။ မစီးၾကနဲ႔။ လမ္းေလွ်ာက္ၾက။ အႏၲရယ္ကင္းတယ္။ က်န္းမာေရးနဲ႔ညီၫြတ္တယ္။” လူေတြက ကားမစီးပဲ လမ္းေလွ်ာက္ၾကသည္။ ကားစီးတဲ့ လူေတြကုိ ငတံုးေတြလုိ႔ ထင္သည္။

အဲ့ဒီမွာ တစ္ျခားရြာ သြားေနပီး ျပန္လာတဲ့ အဘြားအုိ တစ္ေယာက္က ရြာသားေတြ ဒီလုိအကန္းဘဝ နဲ႔ ေနေနရတာကုိ မၾကည့္ရက္။ မ်က္စိျပန္ျမင္ေအာင္ လုပ္ေပးလုိက္သည္။ အဲ့ဒီ ျပန္ျမင္လာတဲ့ လူေတြကုိ သူႀကီးကေျပာသည္။ “ကဲ ၾကည့္စမ္း မ်က္စိကန္းေနတုန္းက ေန႔ရယ္ ညရယ္ မခြဲဘူး သြားခ်င္သလုိသြား လာခ်င္သလုိလာ လုိ႔ရတယ္။ နင္္လုိ႔ မ်က္စိျမင္ရမွပဲ ညဆုိ မသြားတက္ေတာ့ဘူး။ ျမင္လာရေတာ့ ဘယ္သူက လွတယ္၊ ဘယ္သူကရုပ္ဆုိးတယ္ ဆုိပီး တစ္ေယာက္နဲ႔တစ္ေယာက္ မနာလုိမႈ႕ေတြ
မ်ားလာတယ္။

အရင္ကဆုိ အကုန္တူတူပဲ။ ျမင္လာရေတာ့ အရွက္လံုေအာင္ အဝတ္ေတြ ဝတ္ရေတာ့မယ္။ ျပင္ရဆင္ရနဲ႔ အလုပ္ေတြ႐ႈပ္ေတာ့မယ္။ ကန္းေနရင္ ဒါေတြ မလုိဘူး။ ဘယ္ေလာက္ အလုပ္႐ႈပ္သက္သာလဲ။ ငါက နင္တုိ႔ကုိ အေမ်ာ္အျမင္နဲ႔ ကန္းေအာင္လုပ္ထားတာ။” သူေျပာတာကုိ လူေတြကလဲ ဟာ ဟုတ္သားပဲ သူေျပာတာအက်ဳိးနဲ႔အေၾကာင္းနဲ႔ မွန္ေနတာပဲ ဆုိပီး ဝုိင္းေထာက္ခံၾကသည္။ လူေတြက အလုပ္႐ႈပ္မွ မခံခ်င္ၾကတာ။ တစ္ရက္ တစ္ရက္ ဆန္ျပဳပ္ေလး ေသာက္ပီး ေအးရာေအးေၾကာင္းသာေနလုိၾက သည္ေလ။ မ်က္စိျမင္ေနရရင္ သူႀကီးေျပာသလုိ အလုပ္ေတြ အင္မတန္႐ႈပ္ဦးမည္ကုိး။

အဲ့ဒီေတာ့ အဘြားအုိႀကီးက မေနႏုိင္။ မ်က္စိ ျမင္ျခင္းရဲ႕ အက်ဳိးေတြနဲ႔ ကန္းျခင္းရဲ႕ အျပစ္ေတြကုိ ရွင္းျပရွာသည္။ မ်က္စိကန္းေအာင္ လုပ္ထားတာ သူႀကီး ဆုိတာကုိ ေထာက္ျပသည္။ တစ္ခ်ဳိ႕လူေတြက သေဘာ ေပါက္သလုိလုိရွိ ေပမယ့္၊ ေတာ္ေတာ္မ်ားမ်ား ကနားမလည္။ တစ္ခ်ိန္လံုး မ်က္စိကန္းခဲ့ေတာ့ ျပန္ျမင္ရတာကုိပဲ အျပစ္ႀကီးတစ္ခုလုိ ထင္တဲ့သူကထင္သည္။ သေဘာေပါက္တဲ့လူေတြက မ်က္စိျမင္ရတဲ့ ဘဝ နဲ႔ ရွင္သန္ၾကည့္ခ်င္ၾကသည္။ တစ္ခ်ဳိ႕က သူတုိ႔ကုိ မ်က္စိကန္းေအာင္လုပ္ထားတာ သူႀကီးပါဆုိတာေတာင္ မယံု။

ေနာက္ဆံုး အကန္းဘဝ ျပန္သြားမလား၊ မ်က္စိ ျမင္ရတဲ့ ဘဝနဲ႔ပဲေနမလား၊ မဲခြဲ ဆံုးျဖတ္ ၾကဖုိ႔ ျဖစ္လာသည္။ ဒါကလဲ အဖြားအုိႀကီးရဲ႕ အုိင္ဒီယာ။ သူႀကီးလုပ္သူက မဲကုိမခြဲခ်င္။ အကုန္လံုး အကန္းသာ ျပန္လုပ္လုိက္ခ်င္သည္။ ေနာက္ဆံုး မဲခြဲ မယ္ဆုိေတာ့ သူႀကီးလုပ္သူက လုိက္စည္းရံုးသည္။ မင္းတုိ႔ အကန္း ဘဝနဲ႔ပဲေန။ ဆံျပဳပ္ကုိ တစ္ရက္ ႏွစ္ခါတုိက္မယ္။ တစ္လ တစ္ခါ ငပိေၾကာ္တစ္ဘူးေပးမယ္။ ဘာညာေပါ႔။ ငပိေၾကာ္မ်က္နာနဲ႔ သူႀကီး ကုိ မဲ ေပးၿပီး အကန္း ဘဝ ျပန္သြားမယ္ ဆုိတဲ့ လူေတြကလဲ မနည္း။ သူႀကီးဆုိေတာ့ ေၾကာက္ရတာလဲ ပါတာေပါ႔။

ဒီလုိနဲ႔ မဲခြဲ မယ့္ ေန႔ႀကီးက တစ္ျဖည္းျဖည္း နီးလာသည္။ အခုဆုိ ၂ လေက်ာ္ ေက်ာ္သာလုိေတာ့သည္။ ဘယ္သူႏုိင္မယ္ ဆုိတာေတာ့ ေျပာမရေသး။ သူႀကီး ဘက္က အင္အားကမနည္းတဲ့ အျပင္၊ သူက မဲစည္းကမ္းေတြ သူကုိယ္တုိင္ ထုတ္ထားသည္ကုိး။ အကယ္၍ ရြာသားေတြသာ သူႀကီး ကုိမဲေပးပီး အကန္းဘဝ ျပန္ေရာက္ခဲ့ၾကရင္၊ အဖြားအုိႀကီးလဲ ေနာက္တစ္ေခါက္ ျပန္ျမင္ေအာင္ လုပ္ေပးႏုိင္ေတာ့မည္ မဟုတ္။
အသက္ကႀကီးေနပီေလ…။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Zaw Htike

#Unicode Version#
ရွာတစ်ရွာတွင် သူကြီး လုပ်သူက လူတွေကို မျက်စိကန်းအောင် လုပ်ထားလိုက်သည်။ နှစ်ပေါင်း များစွာ ကြာလာတော့ လူတွေကအမှောင်နဲ့ အသားကျလာသည်။ အလင်းရှိတယ် ဆိုတာကို မသိတော့။ တစ်ခုခု ဆို သူကြီး က ပြောပြရသည်။ “ဟိုဘက်ရွာမယ် စားစရာမရှိလို့ လူတွေသေကြသကွ။ ငါတို့ရွာမှာ ဆန်ပြုပ်လေးပုံမှန် တစ်ရက် တစ်ခေါက် သောက်နိုင်တာ ငါ့ကျေးဇူးကွ။” လူတွေက ယုံကြသည်။ ဟိုဘက်ရွာမှာ ကားဆိုတာကြီး ရှိတယ်ကြားတော့ သူကြီးက “ကား ဆိုတာကြီးက စီးလို့ တိုက်ရင် သေတတ်တယ်ကွ။ မစီးကြနဲ့။ လမ်းလျှောက်ကြ။ အန္တရယ်ကင်းတယ်။ ကျန်းမာရေးနဲ့ညီညွတ်တယ်။” လူတွေက ကားမစီးပဲ လမ်းလျှောက်ကြသည်။ ကားစီးတဲ့ လူတွေကို ငတုံးတွေလို့ ထင်သည်။

အဲ့ဒီမှာ တစ်ခြားရွာ သွားနေပီး ပြန်လာတဲ့ အဘွားအို တစ်ယောက်က ရွာသားတွေ ဒီလိုအကန်းဘဝ နဲ့ နေနေရတာကို မကြည့်ရက်။ မျက်စိပြန်မြင်အောင် လုပ်ပေးလိုက်သည်။ အဲ့ဒီ ပြန်မြင်လာတဲ့ လူတွေကို သူကြီးကပြောသည်။ “ကဲ ကြည့်စမ်း မျက်စိကန်းနေတုန်းက နေ့ရယ် ညရယ် မခွဲဘူး သွားချင်သလိုသွား လာချင်သလိုလာ လို့ရတယ်။ နင်လို့ မျက်စိမြင်ရမှပဲ ညဆို မသွားတက်တော့ဘူး။ မြင်လာရတော့ ဘယ်သူက လှတယ်၊ ဘယ်သူကရုပ်ဆိုးတယ် ဆိုပီး တစ်ယောက်နဲ့တစ်ယောက် မနာလိုမှု့တွေများလာတယ်။

အရင်ကဆို အကုန်တူတူပဲ။ မြင်လာရတော့ အရှက်လုံအောင် အဝတ်တွေ ဝတ်ရတော့မယ်။ ပြင်ရဆင်ရနဲ့ အလုပ်တွေရှုပ်တော့မယ်။ ကန်းနေရင် ဒါတွေ မလိုဘူး။ ဘယ်လောက် အလုပ်ရှုပ်သက်သာလဲ။ ငါက နင်တို့ကို အမျော်အမြင်နဲ့ ကန်းအောင်လုပ်ထားတာ။” သူပြောတာကို လူတွေကလဲ ဟာ ဟုတ်သားပဲ သူပြောတာအကျိုးနဲ့အကြောင်းနဲ့ မှန်နေတာပဲ ဆိုပီး ဝိုင်းထောက်ခံကြသည်။ လူတွေက အလုပ်ရှုပ်မှ မခံချင်ကြတာ။ တစ်ရက် တစ်ရက် ဆန်ပြုပ်လေး သောက်ပီး အေးရာအေးကြောင်းသာနေလိုကြ သည်လေ။ မျက်စိမြင်နေရရင် သူကြီးပြောသလို အလုပ်တွေ အင်မတန်ရှုပ်ဦးမည်ကိုး။

အဲ့ဒီတော့ အဘွားအိုကြီးက မနေနိုင်။ မျက်စိ မြင်ခြင်းရဲ့ အကျိုးတွေနဲ့ ကန်းခြင်းရဲ့ အပြစ်တွေကို ရှင်းပြရှာသည်။ မျက်စိကန်းအောင် လုပ်ထားတာ သူကြီး ဆိုတာကို ထောက်ပြသည်။ တစ်ချို့လူတွေက သဘော ပေါက်သလိုလိုရှိ ပေမယ့်၊ တော်တော်များများ ကနားမလည်။ တစ်ချိန်လုံး မျက်စိကန်းခဲ့တော့ ပြန်မြင်ရတာကိုပဲ အပြစ်ကြီးတစ်ခုလို ထင်တဲ့သူကထင်သည်။ သဘောပေါက်တဲ့လူတွေက မျက်စိမြင်ရတဲ့ ဘဝ နဲ့ ရှင်သန်ကြည့်ချင်ကြသည်။ တစ်ချို့က သူတို့ကို မျက်စိကန်းအောင်လုပ်ထားတာ သူကြီးပါဆိုတာတောင် မယုံ။

နောက်ဆုံး အကန်းဘဝ ပြန်သွားမလား၊ မျက်စိ မြင်ရတဲ့ ဘဝနဲ့ပဲနေမလား၊ မဲခွဲ ဆုံးဖြတ် ကြဖို့ ဖြစ်လာသည်။ ဒါကလဲ အဖွားအိုကြီးရဲ့ အိုင်ဒီယာ။ သူကြီးလုပ်သူက မဲကိုမခွဲချင်။ အကုန်လုံး အကန်းသာ ပြန်လုပ်လိုက်ချင်သည်။ နောက်ဆုံး မဲခွဲ မယ်ဆိုတော့ သူကြီးလုပ်သူက လိုက်စည်းရုံးသည်။ မင်းတို့ အကန်း ဘဝနဲ့ပဲနေ။ ဆံပြုပ်ကို တစ်ရက် နှစ်ခါတိုက်မယ်။ တစ်လ တစ်ခါ ငပိကြော်တစ်ဘူးပေးမယ်။ ဘာညာပေါ့။ ငပိကြော်မျက်နာနဲ့ သူကြီး ကို မဲ ပေးပြီး အကန်း ဘဝ ပြန်သွားမယ် ဆိုတဲ့ လူတွေကလဲ မနည်း။ သူကြီးဆိုတော့ ကြောက်ရတာလဲ ပါတာပေါ့။

ဒီလိုနဲ့ မဲခွဲ မယ့် နေ့ကြီးက တစ်ဖြည်းဖြည်း နီးလာသည်။ အခုဆို ၂ လကျော် ကျော်သာလိုတော့သည်။ ဘယ်သူနိုင်မယ် ဆိုတာတော့ ပြောမရသေး။ သူကြီး ဘက်က အင်အားကမနည်းတဲ့ အပြင်၊ သူက မဲစည်းကမ်းတွေ သူကိုယ်တိုင် ထုတ်ထားသည်ကိုး။ အကယ်၍ ရွာသားတွေသာ သူကြီး ကိုမဲပေးပီး အကန်းဘဝ ပြန်ရောက်ခဲ့ကြရင်၊ အဖွားအိုကြီးလဲ နောက်တစ်ခေါက် ပြန်မြင်အောင် လုပ်ပေးနိုင်တော့မည် မဟုတ်။
အသက်ကကြီးနေပီလေ…။

ဖိုးသူတော် (www.phothutaw.com)
Credit:  Zaw Htike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top