ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

စကားၾကီးေလးခြန္းပံုျပင္
*****************

ေရွးတုန္းကတိုင္းျပည္တစ္ျပည္မွာမင္းလုပ္အုပ္ခ် ဳပ္ေနတဲ့ဘုရင္ၾကီးတစ္ပါးဟာ တစ္ေန႔
မွာသူဆင္းရဲတစ္ေယာက္ အေယာင္ေဆာင္႐ုပ္ဖ် က္ျပီးတိုင္းျပည္အေျခအေနေလ့လာဖို႔
မင္းေနျပည္က တိတ္တဆိတ္ထြက္ခဲ့ပါတယ္။

သူ ပထမဆံုး ေရာက္ခဲ့တဲ့ေနရာက အလြန္ဆင္းရဲတဲ့အဖိုးအိုလင္မယားေနတဲ့တဲအိမ္အ
စုတ္ကေလးဆီကိုပါ။
အဖိုးအိုလင္မယားဟာပင္ပမ္းဆင္းရဲစြာနဲ႔ယာခင္းထဲမွာ စိုက္ပ် ိဳ းလုပ္ကိုင္ စားေသာက္
ေနရတာအေယာင္ေဆာင္ဘုရင္ၾကီးေတြ႔ရပါတယ္ ။ ဒီမွာတစ္ညအိပ္ တည္းဖို႔ခြင့္ေတာင္း
ေတာ့အဖိုးအိုလင္မယားကခြင့္ျပဳ ျပီးလိုေလးမ႐ွိေအာင္လဲ႐ွိတာေလးနဲ႔ဧည့္ခံေက်ြးေမြးၾက
ပါတယ္။ လူဆင္းရဲေပမယ့္ေစတနာမဆင္းရဲတဲ့ အဖိုးအိုလင္မယားကို အေယာင္ေဆာင္
ဘုရင္ၾကီးစိတ္ထဲၾကိတ္ျပီး ေက် းဇူးတင္ေနမိတာေပါ့။

ညက်ေတာ့အိပ္ယာမဝင္ခင္ အတူထိုင္စကားစျမီေျပာၾကတဲ့အခါဘုရင္ၾကီးက..
" အဖိုးတို႔မွာစားမယ့္ေသာက္မယ့္လူလဲမ႐ွိဘဲ ဘာလို႔ ဒီေလာက္ ပင္ပမ္းၾကီးစြာ အလုပ္
ေတြလုပ္ေနရတာလဲ.. ဒီအ႐ြယ္ဆိုတာသားေထာက္သမီးခံအလုပ္လႊဲထားျပီးဘုရားသြား
ေက် ာင္းတက္လုပ္ေနရမွာမဟုတ္ေလာ "..
ဟုေျပာပါတယ္။ဒီအခါအဖိုးအိုကဒီလိုျပန္ျပီးေျပာပါတယ္...
"အေမာင္ေျပာတာဟုတ္ေတာ့လဲဟုတ္ပါရဲ့..။
ဒါေပမယ့္သားသမီးဆိုတာလဲသူ႔မီးနဲ႔သူ႔ အပူျဖစ္ေနၾကတာကလား.. က် ဳပ္တို႔မွာလဲကိုယ္
စားဘို႔တင္မကခိုးမွဴ းၾကီးလဲေပးရေသးတယ္ အာဂႏၲဳ ဧည့္သည္ကိုလဲေက်ြးရတယ္..သမုဒၵ
ရာထဲလဲပစ္ခ် ေနရေသးတယ္ရန္သူကိုလဲရွာေဖြေက်ြ းေမြးေနရပါတယ္ "
အဖိုးအိုစကားကဘုရင္ၾကီးအတြက္ထူးဆန္းေနပါတယ္။ အဓိပၸါယ္ကိုလဲသေဘာမေပါက္
တာေၾကာင့္အဖိုးအိုကိုျပန္ေမးမိေတာ့တယ္။
"အဖိုးစကားရဲ့အဓိပၸါယ္ကိုတဆိတ္ေလာက္႐ွင္းျပပါလားခင္ဗ် ာ.."
ဒီအခါအဖိုးအိုကအဓိပၸါယ္ကို႐ွင္းျပပါတယ္
"ဒီလိုပါအေမာင္.ခိုးမွဴ းၾကီးကိုေပးရတယ္ဆိုတာကတိုင္းျပည္ကိုဓားျပသူခိုးရန္သူမ် ိဳးေတြ
ရဲ့ရန္က ကာကြယ္ေပးထားတဲ့ဘုရင္မင္းျမတ္တို႔အားအခြန္ဘ႑ာ ဆက္သေပးေနရတယ္
လို႔ျဖစ္ပါတယ္ "

"ဘုရင္ကိုဘာလို႔ခိုးမွဴးးၾကီးဆိုရပါသလဲအဖိုး"
"က် ဳပ္တို႔ေတြနဖူးကေခ်ြးေျခမက်ေအာင္႐ွာေဖြထားရတဲ့ဥစၥာေတြကိုသူခိုးဓားျပလက္မပါ
ရေအာင္ကာကြယ္ထိန္းသိမ္းေပးႏိုင္စြမ္းရွိလို႔ခိုးသူတို႔ရဲ့အၾကီးအမွဴ းလို႔ဆိုလိုတာပါ "
ဘုရင္ၾကီးဟာ အဖိုးအိုရဲ့အေျဖကို သေဘာက်သြားပါတယ္။ ဒါနဲ႔ေနာက္ထပ္စကားတစ္
ခြန္းကိုထပ္ေမးျပန္ပါတယ္။
"အာဂႏၲဳ ဧည့္သည္ကိုေက်ြ းေမြးရတယ္ဆိုတာကေရာ ဘယ္လိုအဓိပၸါယ္ပါလိမ့္ဗ် ာ "
"ေလာကမယ္မိဘကေက်ြ းေမြးေစာင့္ေ႐ွာက္ခဲ့ရတဲ့ သားသမီးဆိုတာ တကယ္ေတာ ့ဧည့္
သည္ေတြပါဘဲအေမာင္..အခ် ိန္တန္အ႐ြယ္ေရာက္တဲ့အခါသူတို႔လမ္းသူတို႔ေလ်ွ ာက္ၾက
တာဘဲ မဟုတ္လား ဒါေၾကာင့္သူတို႔ကို အာဂႏၲဳ ့လို႔ဆိုရတာပါေမာင္ "
ဒီစကားကိုလဲဘုရင္ၾကီးသေဘာက် ျပန္ပါတယ္။ေနာက္ထပ္စကားအဓိပၸါယ္ကိုလဲထပ္
ေမးလိုက္ျပန္တယ္..
"သမုဒၵရာထဲလဲခ် ရတယ္ဆိုတာကေရာဘာအဓိပၸါယ္ပါလဲအဖိုး "
"ဒါကဒီလိုပါ..ေခ် ာင္းျမစ္အသြယ္သြယ္တို႔ကလာတဲ့ေရမွန္သမ်ွ ဟာပင္လယ္သမုဒၵရာ
ထဲစီးဝင္ၾကေပမဲ့ျပည့္ရိုးထံုးစံမ႐ွိသလိုဘဲတေန႔တေန႔က် ဳပ္တို႔စားသမ်ွ အားလံုးဝမ္းေခါင္း
ထဲမွာျပည့္တယ္လို႔မ႐ွိတာအေမာင္အသိဘဲမဟုတ္လား.. ဒါေၾကာင့္သမုဒၵရာထဲပစ္ထဲ့ရ
တယ္ဆိုတာ႐ွာေဖြရသမ်ွက် ဳပ္တို႔အသက္ရွင္သန္ဖို႔ ဒီဝမ္းေခါင္းထဲအစာစားျပီးျဖည့္ထဲ့ေနရတယ္လို႔ဆိုလိုတာပါဘဲ "
"ဒါဆိုေနာက္ဆံုးစကားရန္သူကို႐ွာေဖြေက်ြးေမြးေနရတယ္ဆိုကေရာ.."

"ဒါက ပိုအေရးၾကီးပါတယ္ အေမာင္..ကိုယ္ကခ်စ္ၾကင္လို႔ေပါင္းသင္းေနထိုင္ေနတဲ့ဇနီးမယားဟာကိုယ့္ရဲ့ရန္သူပါဘဲ.."
"အလို ဒီစကားကေတာ့အဆန္းပါလား ရွင္းျပေပးပါဦးအဖိုးရဲ့ "
"စိတ္တူကိုယ္တူဆိုျပီးကိုယ္ကခ်စ္ခင္ေပါင္းသင္းေနေပမဲ့ ကိုယ့္ရဲ့အသက္စည္းစိမ္ကိုအမ်ားဆံုးဒုကၡေပးႏိုင္ေခ်႐ွိတာဒီဇနီးမယားပါဘဲ
အေမာင္..ဒီစကားကေတာ့အေရးၾကံဳ လာတဲ့အခါမွအေမာင္သိပါလိမ့္မယ္..
အခုကေတာ့ရန္သူကိုလဲရွာေဖြေက်ြးေမြးေနတယ္ဘဲ မွတ္
သားလိုက္ပါအေမာင္ "
ေနာက္ဆံုးစကားကိုဘဝင္မက် ေပမယ့္မွတ္သားေလာက္စရာ မို႔လက္ခံလိုက္ျပီး သူဟာ
ဘုရင္ျဖစ္ေၾကာင္း ေျပာဆိုလိုက္ေတာ့ အဖိုးအိုလင္မယားဟာ ျပဴ းျပဴ းပ် ာပ် ာ ျဖစ္သြားပါေတာ့တယ္..။

"မေၾကာက္ၾကပါနဲ႔အဖိုး..တစ္ခုေတာ့ေျပာပါရေစ။အခုအဖိုးေျပာတဲ့စကားၾကီးေလးခြန္းကို
ေတာ့ဘယ္သူကိုမွမေျပာမိေစဖို႔မွာခဲ့ပါရေစ..တကယ္လို႔ေပါက္ၾကားခဲ့ရင္ေသဒဏ္သင့္မွာ
ကိုသေဘာေပါက္ေစခ် င္တယ္.."
"မေပါက္ၾကားေစဖို႔ဂတိေပးပါတယ္မင္းၾကီး"
ဤသို႔ျဖင့္ဘုရင္ၾကီးလဲနန္းတြင္းျပန္သြားျပီးေနာက္တစ္ေန႔ညီလာခံတြင္အဖိုးအိုေျပာဆို
ခဲ့ေသာစကားၾကီးေလးခြန္းကိုမွဴးးမတ္ေတြကိုေျပာဆိုေမးခြန္းထုတ္ျပီးအဓိပၸါယ္ကိုေမးျမန္း
ပါေတာ့တယ္ ။

မွဴ းမတ္ေတြအားလံုးမေျဖဆိုႏိုင္ၾကပါဘူး။ဒီေတာ့ဘုရင္ၾကီးကေျဖဆိုဖို႔ အ
ခ်ိန္ ခုနစ္ရက္ေပးလိုက္ပါတယ္ ။
မွဴ းမတ္ေတြအားလံုး အၾကပ္႐ိုက္ေနခ် ိန္မွာလူလည္အမတ္တစ္ေယာက္ကေတာ ့ဘုရင္
ႀကီး ခရီးထြက္ျပီးျပန္လာမွ ဒီစကားေလးခြန္းကိုေမးတာဆိုေတာ့ အေၾကာင္းရ႐ွိရမယ္လို႔
စဥ္းစားျပီး ဘုရင္ၾကီးသြားခဲ့တဲ့ လမ္းေၾကာင္းကိုစံုစမ္းျပီး ရွာေဖြရာက အဖိုးအိုလင္မယားရွိ
ရာကို ေရာက္သြားပါေတာ့တယ္ ။

အမတ္လူလည္ဟာ အဖိုးအိုကို တံစိုးလက္ေဆာင္ေပးျပီးစကားေလးခြန္းကိုေမးေပမယ့္အဖိုးအိုဟာ
လံုးဝမေျပာပါဘူး။
ေနာက္ဆံုးအဖိုးအိုရဲ့ဇနီးဖြားအိုကိုအသျပာေငြ ၁၀၀၀ ေပးျပီးေမးတဲ့အခါဖြားအိုကေငြကို
ယူျပီးစကားေလးခြန္းအဓိပၸါယ္ကိုဖြင့္ဟေျပာၾကားလိုက္ပါတယ္ ။

ဒါနဲ႔ရက္ခ်ိန္းခုနစ္ရက္ျပည့္လို႔ညီလာခံျပန္ဝင္တဲ့အခါ ဘုရင္ၾကီးကိုဘယ္သူမွ အေျဖမေပး
ႏိုက္ၾကေပမယ့္ လူလည္အမတ္ကေတာ့ ခပ္ၾကြားၾကြားေလးေျဖႏိုင္လိုက္ပါတယ္။
ဒါေပမယ့္ဘုရင္ၾကီးကသူ႔အစြမ္းအစနဲ႔ေျဖႏိုင္တာမဟုတ္ဘူးသိေနေတာ့ မွန္မွန္မေျပာ
ေသဒဏ္ေပးမယ္.ဘယ္လိုသိလာတာလဲဆိုတာမွန္မွန္ေျပာဆိုျပီးအၾကပ္ကိုင္ေမးေတာ့မွ
အဖိုးအိုလင္မယားဆီကသိလာတာလို႔အမွန္အတိုင္းေျပာပါေတာ့တယ္။

ဘုရင္ၾကီးဟာအဖိုးအိုလင္မယားကိုအမ် က္မာန္ရွျပီးေရွ႕ေတာ္ဆင့္ေခၚလိုက္ပါတယ္။ေရွ႔
ေတာ္ေရာက္တဲ့အခါ...
"အဖိုး..ေပးခဲ့တဲ့ဂတိကိုဖ် က္ျပီးဘာလို႔တားျမစ္ခ် က္ကိုလြန္ဆန္ရတာလဲ..ေသဒဏ္ေပး
ခံရမွာကိုမေၾကာက္ဖူးလား "
"မင္းၾကီး..က်ြန္ေတာ္မ် ိဳ းဟာဆင္းရဲႏံုျခာေပမယ့္ဂတိတစ္လံုးကိုအသက္ထက္ကာကြယ္ပါတယ္..
က်ြန္ေတာ္မ် ိဳး၏ဇနီးေျပာၾကားျခင္းသာျဖစ္ပါတယ္.အသျပာေငြ ၁၀၀၀ အတြက္က်ြန္ေတာ္မ် ိဳ း၏
အသက္ကို ေရာင္းစားသည့္ဇနီးသည္ဟာ အနီးဆံုးရန္သူျဖစ္ေၾကာင္း မင္းႀကီး ဒီေလာက္ဆို
သေဘာေပါက္နားလည္ျပီလို့ ယံုၾကည္ပါတယ္.."

ဒီေတာ့မွဘုရင္ႀကီးဟာစိတ္ထဲဘဝင္မက် ခဲ့တဲ့ေနာက္ဆံုးစကားရဲ့အဓိပၸါယ္ကိုနားလည္
လက္ခံသြားျပီးသူဆင္းရဲအဖိုးအိုလင္မယားကို ဆုလာဘ္မ် ား ေပးသနား လိုက္ပါေတာ့
တယ္ ။

ပံုျပင္ကေတာ့ဒါပါဘဲဗ် ာ...။....

#အ႐ွင္ဝံသပါလ Ashin Wun Tha Pala


ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဖိုးစိန္ေလး





#Unicode Version#
စကားကြီးလေးခွန်းပုံပြင်
*****************

ရှေးတုန်းကတိုင်းပြည်တစ်ပြည်မှာမင်းလုပ်အုပ်ချ ုပ်နေတဲ့ဘုရင်ကြီးတစ်ပါးဟာ တစ်နေ့
မှာသူဆင်းရဲတစ်ယောက် အယောင်ဆောင်ရုပ်ဖျ က်ပြီးတိုင်းပြည်အခြေအနေလေ့လာဖို့
မင်းနေပြည်က တိတ်တဆိတ်ထွက်ခဲ့ပါတယ်။

သူ ပထမဆုံး ရောက်ခဲ့တဲ့နေရာက အလွန်ဆင်းရဲတဲ့အဖိုးအိုလင်မယားနေတဲ့တဲအိမ်အ
စုတ်ကလေးဆီကိုပါ။
အဖိုးအိုလင်မယားဟာပင်ပမ်းဆင်းရဲစွာနဲ့ယာခင်းထဲမှာ စိုက်ပျ ို းလုပ်ကိုင် စားသောက်
နေရတာအယောင်ဆောင်ဘုရင်ကြီးတွေ့ရပါတယ် ။ ဒီမှာတစ်ညအိပ် တည်းဖို့ခွင့်တောင်း
တော့အဖိုးအိုလင်မယားကခွင့်ပြု ပြီးလိုလေးမရှိအောင်လဲရှိတာလေးနဲ့ဧည့်ခံကျွေးမွေးကြ
ပါတယ်။ လူဆင်းရဲပေမယ့်စေတနာမဆင်းရဲတဲ့ အဖိုးအိုလင်မယားကို အယောင်ဆောင်
ဘုရင်ကြီးစိတ်ထဲကြိတ်ပြီး ကျေ းဇူးတင်နေမိတာပေါ့။

ညကျတော့အိပ်ယာမဝင်ခင် အတူထိုင်စကားစမြီပြောကြတဲ့အခါဘုရင်ကြီးက..
" အဖိုးတို့မှာစားမယ့်သောက်မယ့်လူလဲမရှိဘဲ ဘာလို့ ဒီလောက် ပင်ပမ်းကြီးစွာ အလုပ်
တွေလုပ်နေရတာလဲ.. ဒီအရွယ်ဆိုတာသားထောက်သမီးခံအလုပ်လွှဲထားပြီးဘုရားသွား
ကျေ ာင်းတက်လုပ်နေရမှာမဟုတ်လော "..
ဟုပြောပါတယ်။ဒီအခါအဖိုးအိုကဒီလိုပြန်ပြီးပြောပါတယ်...
"အမောင်ပြောတာဟုတ်တော့လဲဟုတ်ပါရဲ့..။
ဒါပေမယ့်သားသမီးဆိုတာလဲသူ့မီးနဲ့သူ့ အပူဖြစ်နေကြတာကလား.. ကျ ုပ်တို့မှာလဲကိုယ်
စားဘို့တင်မကခိုးမှူ းကြီးလဲပေးရသေးတယ် အာဂန္တု ဧည့်သည်ကိုလဲကျွေးရတယ်..သမုဒ္ဒ
ရာထဲလဲပစ်ချ နေရသေးတယ်ရန်သူကိုလဲရှာဖွေကျွေ းမွေးနေရပါတယ် "
အဖိုးအိုစကားကဘုရင်ကြီးအတွက်ထူးဆန်းနေပါတယ်။ အဓိပ္ပါယ်ကိုလဲသဘောမပေါက်
တာကြောင့်အဖိုးအိုကိုပြန်မေးမိတော့တယ်။
"အဖိုးစကားရဲ့အဓိပ္ပါယ်ကိုတဆိတ်လောက်ရှင်းပြပါလားခင်ဗျ ာ.."
ဒီအခါအဖိုးအိုကအဓိပ္ပါယ်ကိုရှင်းပြပါတယ်
"ဒီလိုပါအမောင်.ခိုးမှူ းကြီးကိုပေးရတယ်ဆိုတာကတိုင်းပြည်ကိုဓားပြသူခိုးရန်သူမျ ိုးတွေ
ရဲ့ရန်က ကာကွယ်ပေးထားတဲ့ဘုရင်မင်းမြတ်တို့အားအခွန်ဘဏ္ဍာ ဆက်သပေးနေရတယ်
လို့ဖြစ်ပါတယ် "


"ဘုရင်ကိုဘာလို့ခိုးမှူးးကြီးဆိုရပါသလဲအဖိုး"
"ကျ ုပ်တို့တွေနဖူးကချွေးခြေမကျအောင်ရှာဖွေထားရတဲ့ဥစ္စာတွေကိုသူခိုးဓားပြလက်မပါ
ရအောင်ကာကွယ်ထိန်းသိမ်းပေးနိုင်စွမ်းရှိလို့ခိုးသူတို့ရဲ့အကြီးအမှူ းလို့ဆိုလိုတာပါ "
ဘုရင်ကြီးဟာ အဖိုးအိုရဲ့အဖြေကို သဘောကျသွားပါတယ်။ ဒါနဲ့နောက်ထပ်စကားတစ်
ခွန်းကိုထပ်မေးပြန်ပါတယ်။
"အာဂန္တု ဧည့်သည်ကိုကျွေ းမွေးရတယ်ဆိုတာကရော ဘယ်လိုအဓိပ္ပါယ်ပါလိမ့်ဗျ ာ "
"လောကမယ်မိဘကကျွေ းမွေးစောင့်ရှောက်ခဲ့ရတဲ့ သားသမီးဆိုတာ တကယ်တော့ဧည့်
သည်တွေပါဘဲအမောင်..အချ ိန်တန်အရွယ်ရောက်တဲ့အခါသူတို့လမ်းသူတို့လျေှ ာက်ကြ
တာဘဲ မဟုတ်လား ဒါကြောင့်သူတို့ကို အာဂန္တု့လို့ဆိုရတာပါမောင် "
ဒီစကားကိုလဲဘုရင်ကြီးသဘောကျ ပြန်ပါတယ်။နောက်ထပ်စကားအဓိပ္ပါယ်ကိုလဲထပ်
မေးလိုက်ပြန်တယ်..
"သမုဒ္ဒရာထဲလဲချ ရတယ်ဆိုတာကရောဘာအဓိပ္ပါယ်ပါလဲအဖိုး "
"ဒါကဒီလိုပါ..ချေ ာင်းမြစ်အသွယ်သွယ်တို့ကလာတဲ့ရေမှန်သမျှ ဟာပင်လယ်သမုဒ္ဒရာ
ထဲစီးဝင်ကြပေမဲ့ပြည့်ရိုးထုံးစံမရှိသလိုဘဲတနေ့တနေ့ကျ ုပ်တို့စားသမျှ အားလုံးဝမ်းခေါင်း
ထဲမှာပြည့်တယ်လို့မရှိတာအမောင်အသိဘဲမဟုတ်လား.. ဒါကြောင့်သမုဒ္ဒရာထဲပစ်ထဲ့ရ
တယ်ဆိုတာရှာဖွေရသမျှကျ ုပ်တို့အသက်ရှင်သန်ဖို့ဒီဝမ်းခေါင်းထဲအစာစားပြီးဖြည့်ထဲ့နေရ
တယ်လို့ဆိုလိုတာပါဘဲ "
"ဒါဆိုနောက်ဆုံးစကားရန်သူကိုရှာဖွေကျွေးမွေးနေရတယ်ဆိုကရော.."

"ဒါက ပိုအရေးကြီးပါတယ် အမောင်..ကိုယ်ကချစ်ကြင်လို့ပေါင်းသင်းနေထိုင်နေတဲ့ဇနီးမ
ယားဟာကိုယ့်ရဲ့ရန်သူပါဘဲ.."
"အလို ဒီစကားကတော့အဆန်းပါလား ရှင်းပြပေးပါဦးအဖိုးရဲ့ "
"စိတ်တူကိုယ်တူဆိုပြီးကိုယ်ကချစ်ခင်ပေါင်းသင်းနေပေမဲ့ ကိုယ့်ရဲ့အသက်စည်းစိမ်ကိုအများဆုံးဒုက္ခပေးနိုင်ချေရှိတာဒီဇနီးမယားပါဘဲ
အမောင်..ဒီစကားကတော့အရေးကြုံ လာတဲ့အခါမှအမောင်သိပါလိမ့်မယ်..

အခုကတော့ရန်သူကိုလဲရှာဖွေကျွေးမွေးနေတယ်ဘဲ မှတ်
သားလိုက်ပါအမောင် "
နောက်ဆုံးစကားကိုဘဝင်မကျ ပေမယ့်မှတ်သားလောက်စရာ မို့လက်ခံလိုက်ပြီး သူဟာ
ဘုရင်ဖြစ်ကြောင်း ပြောဆိုလိုက်တော့ အဖိုးအိုလင်မယားဟာ ပြူ းပြူ းပျ ာပျ ာ ဖြစ်သွားပါတော့တယ်..။

"မကြောက်ကြပါနဲ့အဖိုး..တစ်ခုတော့ပြောပါရစေ။အခုအဖိုးပြောတဲ့စကားကြီးလေးခွန်းကို
တော့ဘယ်သူကိုမှမပြောမိစေဖို့မှာခဲ့ပါရစေ..တကယ်လို့ပေါက်ကြားခဲ့ရင်သေဒဏ်သင့်မှာ
ကိုသဘောပေါက်စေချ င်တယ်.."

"မပေါက်ကြားစေဖို့ဂတိပေးပါတယ်မင်းကြီး"
ဤသို့ဖြင့်ဘုရင်ကြီးလဲနန်းတွင်းပြန်သွားပြီးနောက်တစ်နေ့ညီလာခံတွင်အဖိုးအိုပြောဆို
ခဲ့သောစကားကြီးလေးခွန်းကိုမှူးးမတ်တွေကိုပြောဆိုမေးခွန်းထုတ်ပြီးအဓိပ္ပါယ်ကိုမေးမြန်း
ပါတော့တယ် ။

မှူ းမတ်တွေအားလုံးမဖြေဆိုနိုင်ကြပါဘူး။ဒီတော့ဘုရင်ကြီးကဖြေဆိုဖို့ အ
ချိန် ခုနစ်ရက်ပေးလိုက်ပါတယ် ။
မှူ းမတ်တွေအားလုံး အကြပ်ရိုက်နေချ ိန်မှာလူလည်အမတ်တစ်ယောက်ကတော့ဘုရင်
ကြီး ခရီးထွက်ပြီးပြန်လာမှ ဒီစကားလေးခွန်းကိုမေးတာဆိုတော့ အကြောင်းရရှိရမယ်လို့
စဉ်းစားပြီး ဘုရင်ကြီးသွားခဲ့တဲ့ လမ်းကြောင်းကိုစုံစမ်းပြီး ရှာဖွေရာက အဖိုးအိုလင်မယားရှိ
ရာကို ရောက်သွားပါတော့တယ် ။

အမတ်လူလည်ဟာ အဖိုးအိုကို တံစိုးလက်ဆောင်ပေးပြီးစကားလေးခွန်းကိုမေးပေမယ့်အဖိုးအိုဟာ
လုံးဝမပြောပါဘူး။
နောက်ဆုံးအဖိုးအိုရဲ့ဇနီးဖွားအိုကိုအသပြာငွေ ၁၀၀၀ ပေးပြီးမေးတဲ့အခါဖွားအိုကငွေကို
ယူပြီးစကားလေးခွန်းအဓိပ္ပါယ်ကိုဖွင့်ဟပြောကြားလိုက်ပါတယ် ။

ဒါနဲ့ရက်ချိန်းခုနစ်ရက်ပြည့်လို့ညီလာခံပြန်ဝင်တဲ့အခါ ဘုရင်ကြီးကိုဘယ်သူမှ အဖြေမပေး
နိုက်ကြပေမယ့် လူလည်အမတ်ကတော့ ခပ်ကြွားကြွားလေးဖြေနိုင်လိုက်ပါတယ်။
ဒါပေမယ့်ဘုရင်ကြီးကသူ့အစွမ်းအစနဲ့ဖြေနိုင်တာမဟုတ်ဘူးသိနေတော့ မှန်မှန်မပြော
သေဒဏ်ပေးမယ်.ဘယ်လိုသိလာတာလဲဆိုတာမှန်မှန်ပြောဆိုပြီးအကြပ်ကိုင်မေးတော့မှ
အဖိုးအိုလင်မယားဆီကသိလာတာလို့အမှန်အတိုင်းပြောပါတော့တယ်။

ဘုရင်ကြီးဟာအဖိုးအိုလင်မယားကိုအမျ က်မာန်ရှပြီးရှေ့တော်ဆင့်ခေါ်လိုက်ပါတယ်။ရှေ့
တော်ရောက်တဲ့အခါ...
"အဖိုး..ပေးခဲ့တဲ့ဂတိကိုဖျ က်ပြီးဘာလို့တားမြစ်ချ က်ကိုလွန်ဆန်ရတာလဲ..သေဒဏ်ပေး
ခံရမှာကိုမကြောက်ဖူးလား "
"မင်းကြီး..ကျွန်တော်မျ ို းဟာဆင်းရဲနုံခြာပေမယ့်ဂတိတစ်လုံးကိုအသက်ထက်ကာကွယ်ပါတယ်..

ကျွန်တော်မျ ိုး၏ဇနီးပြောကြားခြင်းသာဖြစ်ပါတယ်.အသပြာငွေ ၁၀၀၀ အတွက်ကျွန်တော်မျ ို း၏

အသက်ကို ရောင်းစားသည့်ဇနီးသည်ဟာ အနီးဆုံးရန်သူဖြစ်ကြောင်း မင်းကြီး ဒီလောက်ဆို

သဘောပေါက်နားလည်ပြီလို့ ယုံကြည်ပါတယ်.."


ဒီတော့မှဘုရင်ကြီးဟာစိတ်ထဲဘဝင်မကျ ခဲ့တဲ့နောက်ဆုံးစကားရဲ့အဓိပ္ပါယ်ကိုနားလည်
လက်ခံသွားပြီးသူဆင်းရဲအဖိုးအိုလင်မယားကို ဆုလာဘ်မျ ား ပေးသနား လိုက်ပါတော့
တယ် ။


ပုံပြင်ကတော့ဒါပါဘဲဗျ ာ...။....


#အရှင်ဝံသပါလ Ashin Wun Tha Pala




ဖိုးသူတော် (www.phothutaw.com)
Credit: ဖိုးစိန်လေး


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top