ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

တနလၤာမနက္ခင္းေတြကို ဘယ္လိုရင္ဆိုင္ၾကမလဲ ..?

လူေတာ္ေတာ္မ်ားမ်ားက အလုပ္ခြင္ကို ျပန္ဝင္ရမယ့္ တနလၤာေန႔ ဆိုတာကို မႀကိဳက္ႏွစ္သက္ၾကပါဘူး။ ပိတ္ရက္မွာ သူငယ္ခ်င္းမ်ားနဲ႔ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ အျပင္ထြက္လည္ပတ္ေနရင္ေတာင္မွ တနလၤာေန႔ဆိုတဲ့ အသံၾကားရင္ ခ်က္ခ်င္းတက္ႂကြေပ်ာ္႐ႊင္မႈေလးေတြေပ်ာက္ဆုံးသြားတတ္ၾကပါတယ္။ တကယ္ေတာ့ တနလၤာေန႔ေတြက ေၾကာက္စရာမဟုတ္ပါဘူး။ ေအာက္ပါေပးထားတဲ့ နည္းလမ္းေျခာက္ခုကို အသုံးျပဳၿပီး ဒီစိုးရိမ္စိတ္ေတြကိုေဖ်ာက္လိုက္ၾကရေအာင္။

၁။ ကိုယ့္ကိုယ္ကိုယ္ ျပဳစုပါ။
တနလၤာေန႔ မနက္ခင္းေတြမွာ ကိုယ့္ကိုယ္ကိုယ္စားခ်င္တာစားခြင့္ျပဳလိုက္ပါ။ မနက္ခင္းကိုု အႏွစ္သက္ဆုံးေကာ္ဖီတစ္ခြက္နဲ႔ အစျပဳလိုက္ပါ။ ပုံမွန္ေန႔လည္စာအစား ဆိုင္တစ္ခုခုမွာ သြားစားလိုက္ပါ။ ႐ုံးအလုပ္စားပြဲမွာ ေခ်ာကလက္ေတြ စားဖို႔ရွိေနပါေစ။ ဘာလို႔လဲဆိုေတာ့ သူတို႔က စိတ္ဓာတ္ျမႇင့္တင္ရာမွာ အေထာက္အကူျပဳလို႔ျဖစ္ပါတယ္။ အလုပ္စားပြဲမွာ ယုံၾကည္မႈရွိရွိထိုင္ၿပီး တနလၤာေန႔ေတြကို ႀကိဳဆိုလိုက္ပါ။

၂။ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိရွိ ဝတ္စားဆင္ယင္ပါ။

အထူးသျဖင့္ တနလၤာေန႔ေတြမွာ အေကာင္းဆုံးဝတ္ဆင္လိုက္ပါ။ သင့္ရဲ႕အႀကိဳက္ဆုံးဝတ္စုံကို ဝတ္ဆင္ျခင္းျဖင့္ စိတ္ဓာတ္တက္ႂကြေစႏိုင္ပါတယ္။ အဝတ္အစားေတြကို စမတ္က်က် ဝတ္ဆင္ျခင္းျဖင့္ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈရွိေအာင္ လုပ္ယူလို႔ရပါတယ္။ ဒါဟာ သက္ေရာက္မႈတစ္မ်ိဳးပါပဲ။

၃။ တနဂၤေႏြေန႔ကို အေကာင္းဆုံးကုန္ဆုံးလိုက္ပါ။
တနဂၤေႏြေန႔ဟာ တစ္ပတ္လုံးရဲ႕အေတာက္ပဆုံးေန႔တစ္ေန႔လို႔ ေျပာၾကပါတယ္။ ေတာ္ေတာ္မ်ားမ်ားက ဒီေန႔မွာ အလုပ္နဲ႔တနလၤာေန႔အေၾကာင္းစဥ္းစားရင္း အခ်ိန္ကုန္သြားေလ့ရွိပါတယ္။ ဒီလိုမလုပ္ပဲ ေကာင္းေကာင္းအနားယူပါ။ ႐ုပ္ရွင္ၾကည့္ပါ။ ကားေလွ်ာက္ေမာင္းပါ။ အႀကိဳက္ဆုံးစားေသာက္ဆိုင္မွာ ထမင္းစားတာပဲျဖစ္ျဖစ္ သူငယ္ခ်င္းေတြနဲ႔ေတြ႕တာျဖစ္ျဖစ္ ကိုယ္လုပ္ခ်င္တာေတြလုပ္ရင္း ေကာင္းေကာင္းကုန္ဆုံးလိုက္ပါ။

၄။ ေကာင္းေကာင္းအိပ္ပါ။

ညဘက္ေကာင္းေကာင္းအိပ္ျခင္းက မနက္မွာလန္းလန္းဆန္းဆန္းအိပ္ရာထႏိုင္တာမို႔ တနလၤာေန႔ေတြမွာ အားရွိႏိုင္ဖို႔ အိပ္ေရးဝေအာင္အိပ္လိုက္ပါ။ တနဂၤေႏြေန႔ေတြမွာ ညဘက္ညဥ့္နက္တဲ့အထိ မေနပါနဲ႔။ ေစာေစာအိပ္ပါ။

၅။ အလုပ္ခြင္မွာ ေပ်ာ္ေပ်ာ္ေနပါ။
အလုပ္ခြင္မွာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနျခင္းဟာ စိတ္ကိုၾကည္လင္ေစတာေၾကာင့္ ႀကိဳးစားၾကည့္ပါ။ တစ္ေယာက္နဲ႔တစ္ေယာက္ ႐ုံးပိတ္ရက္မွာဘယ္လိုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ကုန္ဆုံးခဲ့သလဲ ဖလွယ္ရင္း ေပ်ာ္႐ႊင္မႈကို အရယူပါ။

၆။ တနလၤာေန႔႐ုံးဆင္းရင္ ဘာလုပ္မလဲ အစီအစဥ္ဆြဲပါ။

ဒါက စိတ္လႈပ္ရွားစရာေကာင္းပါတယ္။ တနလၤာေန႔ညေနမွာ စိတ္လႈပ္ရွားစရာတစ္ခုခုကို ျပင္ဆင္ထားပါ။ အခင္မင္ဆုံးသူငယ္ခ်င္းနဲ႔႐ုပ္ရွင္ၾကည့္တာတို႔ ေယာဂက်င့္တာတို႔ gymသြားတာတို႔ ညစာအတြက္ ကိုယ္ခင္မင္ရတဲ့သူတစ္ေယာက္ေယာက္နဲ႔သြားစားတာတို႔လုပ္ပါ။

တနလၤာေန႔ေတြဆိုတာ အသစ္တစ္ခု အစျပဳျခင္းပါပဲ။ အရင္အပတ္က လုပ္ခဲ့မိတဲ့အမွားေတြကို ျပင္ဆင္ႏိုင္ပါတယ္။ အခြင့္အေရးကိုအရယူၿပီး ေန႔သစ္တစ္ေန႔စတင္လိုက္ပါ။

Ref: www.myamcat.com : 6 Ways to beat those terrible Monday Blues

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Sophia (ရုိးရာေလး)


#Unicode Version#
တနင်္လာမနက်ခင်းတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ ..?

လူတော်တော်များများက အလုပ်ခွင်ကို ပြန်ဝင်ရမယ့် တနင်္လာနေ့ ဆိုတာကို မကြိုက်နှစ်သက်ကြပါဘူး။ ပိတ်ရက်မှာ သူငယ်ချင်းများနဲ့ပျော်ပျော်ရွှင်ရွှင် အပြင်ထွက်လည်ပတ်နေရင်တောင်မှ တနင်္လာနေ့ဆိုတဲ့ အသံကြားရင် ချက်ချင်းတက်ကြွပျော်ရွှင်မှုလေးတွေပျောက်ဆုံးသွားတတ်ကြပါတယ်။ တကယ်တော့ တနင်္လာနေ့တွေက ကြောက်စရာမဟုတ်ပါဘူး။ အောက်ပါပေးထားတဲ့ နည်းလမ်းခြောက်ခုကို အသုံးပြုပြီး ဒီစိုးရိမ်စိတ်တွေကိုဖျောက်လိုက်ကြရအောင်။

၁။ ကိုယ့်ကိုယ်ကိုယ် ပြုစုပါ။
တနင်္လာနေ့ မနက်ခင်းတွေမှာ ကိုယ့်ကိုယ်ကိုယ်စားချင်တာစားခွင့်ပြုလိုက်ပါ။ မနက်ခင်းကိုု အနှစ်သက်ဆုံးကော်ဖီတစ်ခွက်နဲ့ အစပြုလိုက်ပါ။ ပုံမှန်နေ့လည်စာအစား ဆိုင်တစ်ခုခုမှာ သွားစားလိုက်ပါ။ ရုံးအလုပ်စားပွဲမှာ ချောကလက်တွေ စားဖို့ရှိနေပါစေ။ ဘာလို့လဲဆိုတော့ သူတို့က စိတ်ဓာတ်မြှင့်တင်ရာမှာ အထောက်အကူပြုလို့ဖြစ်ပါတယ်။ အလုပ်စားပွဲမှာ ယုံကြည်မှုရှိရှိထိုင်ပြီး တနင်္လာနေ့တွေကို ကြိုဆိုလိုက်ပါ။

၂။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ဝတ်စားဆင်ယင်ပါ။
အထူးသဖြင့် တနင်္လာနေ့တွေမှာ အကောင်းဆုံးဝတ်ဆင်လိုက်ပါ။ သင့်ရဲ့အကြိုက်ဆုံးဝတ်စုံကို ဝတ်ဆင်ခြင်းဖြင့် စိတ်ဓာတ်တက်ကြွစေနိုင်ပါတယ်။ အဝတ်အစားတွေကို စမတ်ကျကျ ဝတ်ဆင်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိအောင် လုပ်ယူလို့ရပါတယ်။ ဒါဟာ သက်ရောက်မှုတစ်မျိုးပါပဲ။

၃။ တနင်္ဂနွေနေ့ကို အကောင်းဆုံးကုန်ဆုံးလိုက်ပါ။

တနင်္ဂနွေနေ့ဟာ တစ်ပတ်လုံးရဲ့အတောက်ပဆုံးနေ့တစ်နေ့လို့ ပြောကြပါတယ်။ တော်တော်များများက ဒီနေ့မှာ အလုပ်နဲ့တနင်္လာနေ့အကြောင်းစဉ်းစားရင်း အချိန်ကုန်သွားလေ့ရှိပါတယ်။ ဒီလိုမလုပ်ပဲ ကောင်းကောင်းအနားယူပါ။ ရုပ်ရှင်ကြည့်ပါ။ ကားလျှောက်မောင်းပါ။ အကြိုက်ဆုံးစားသောက်ဆိုင်မှာ ထမင်းစားတာပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့တွေ့တာဖြစ်ဖြစ် ကိုယ်လုပ်ချင်တာတွေလုပ်ရင်း ကောင်းကောင်းကုန်ဆုံးလိုက်ပါ။

၄။ ကောင်းကောင်းအိပ်ပါ။

ညဘက်ကောင်းကောင်းအိပ်ခြင်းက မနက်မှာလန်းလန်းဆန်းဆန်းအိပ်ရာထနိုင်တာမို့ တနင်္လာနေ့တွေမှာ အားရှိနိုင်ဖို့ အိပ်ရေးဝအောင်အိပ်လိုက်ပါ။ တနင်္ဂနွေနေ့တွေမှာ ညဘက်ညဉ့်နက်တဲ့အထိ မနေပါနဲ့။ စောစောအိပ်ပါ။

၅။ အလုပ်ခွင်မှာ ပျော်ပျော်နေပါ။
အလုပ်ခွင်မှာ ပျော်ပျော်ရွှင်ရွှင်နေခြင်းဟာ စိတ်ကိုကြည်လင်စေတာကြောင့် ကြိုးစားကြည့်ပါ။ တစ်ယောက်နဲ့တစ်ယောက် ရုံးပိတ်ရက်မှာဘယ်လိုပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးခဲ့သလဲ ဖလှယ်ရင်း ပျော်ရွှင်မှုကို အရယူပါ။

၆။ တနင်္လာနေ့ရုံးဆင်းရင် ဘာလုပ်မလဲ အစီအစဉ်ဆွဲပါ။
ဒါက စိတ်လှုပ်ရှားစရာကောင်းပါတယ်။ တနင်္လာနေ့ညနေမှာ စိတ်လှုပ်ရှားစရာတစ်ခုခုကို ပြင်ဆင်ထားပါ။ အခင်မင်ဆုံးသူငယ်ချင်းနဲ့ရုပ်ရှင်ကြည့်တာတို့ ယောဂကျင့်တာတို့ gymသွားတာတို့ ညစာအတွက် ကိုယ်ခင်မင်ရတဲ့သူတစ်ယောက်ယောက်နဲ့သွားစားတာတို့လုပ်ပါ။

တနင်္လာနေ့တွေဆိုတာ အသစ်တစ်ခု အစပြုခြင်းပါပဲ။ အရင်အပတ်က လုပ်ခဲ့မိတဲ့အမှားတွေကို ပြင်ဆင်နိုင်ပါတယ်။ အခွင့်အရေးကိုအရယူပြီး နေ့သစ်တစ်နေ့စတင်လိုက်ပါ။

Ref: www.myamcat.com : 6 Ways to beat those terrible Monday Blues

ဖိုးသူတော် (www.phothutaw.com)
Credit: Sophia (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top