ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

စားေသာက္ဆိုင္တစ္ဆိုင္မွာ သူငယ္ခ်င္းေတြအုပ္စုလိုက္ႀကီး ထိုင္တဲ႔အခါ စားၿပီးေသာက္ၿပီးလို႔ ေဘလ္ရွင္းၾကေတာ႔မယ္ဆိုရင္ က်သင္႔ေငြ စုုစုေပါင္းကို တစ္ေယာက္ဘယ္ေလာက္ဆိုၿပီး မွ်ေဝၿပီး ရွင္းၾကတာကို "going Dutch" လို႔ အဂၤလိပ္လိုေခၚပါတယ္။ ျမန္မာႏိုင္ငံမွာေတာ႔ အဲဒီလို ကုန္က်စရိတ္ကို မွ်ေဝက်ခံၾကတာကို အေမရိကန္စစ္စတမ္လို႔ေခၚေပမယ္႔ အဲဒါဟာ မွားယြင္းတဲ႔ အေခၚအေဝၚတစ္ခု ျဖစ္ပါတယ္။

ဟုတ္ၿပီ။ ဒါဆိုရင္ အဲဒီလို ကိုယ္စားသေလာက္ကိုယ္ရွင္း (သို႔) က်သင္႔ေငြစုစုေပါင္းကို အခ်ိဳးက်စိုက္ထည္႔တာကို ဘာလို႔ "going Dutch" လို႔ေခၚတာလဲ။ Dutch (ဒတ္ခ်္) ဆိုတာ နယ္သာလန္လူမ်ိဳးေတြကို ေခၚတာျဖစ္ၿပီး အဲဒီလို ဒတ္ခ်္စစ္စတမ္နဲ႔ ရွင္းတယ္ဆိုတာ ဒတ္ခ်္လူမ်ိဳးေတြနဲ႔ ဘယ္လိုပတ္သက္ပါသလဲ။ အဲဒီေမးခြန္းရဲ႕ေနာက္ကြယ္မွာ အေျဖတစ္ခုရွိေနပါတယ္။
"Going Dutch" (ဒတ္ခ်္စတိုင္လ္အတိုင္း) ဆိုတာကို ဘာလဲ

တကယ္တမ္းက်ေတာ႔ လူသံုးမ်ားတဲ႔ အဲဒီစကားဟာ ဒတ္ခ်္လူမ်ိဳးေတြကို ရည္ညႊန္းထားတာမဟုတ္ပါဘူး။ သူတကယ္ ရည္ညႊန္းထားတာက ဂ်ာမန္လူမ်ိဳးေတြကိုပါ။ ၁၇ ရာစုနဲ႔ ၁၈ ရာစုေနာက္ပိုင္းမွာ ဂ်ာမန္စကားေျပာတဲ႔ လူအမ်ားစုဟာ အေမရိကန္ျပည္ေထာင္စုကို ခိုလႈံလာၾကပါတယ္။ အထူးသျဖင္႔ ပန္ဆယ္လ္ေဗးနီးယားျပည္နယ္ကိုေပါ႔။ အဲဒီအခ်ိန္တံုးက ဥေရာပတိုက္မွာ ဂ်ာမနီႏိုင္ငံမွာ ေနထိုင္တဲ႔ လူေတြကို "High Dutch" လို႔ နာမည္ေျပာင္ေပးထားၾကပါတယ္။ ဒီလိုနဲ႔ ပန္ဆယ္လ္ေဗးနီးယားျပည္နယ္က ဂ်ာမန္ေတြကိုလည္း ပန္ဆယ္လ္ေဗးနီးယား ဒတ္ခ်္ဆိုၿပီး ေခၚေဝၚၾကပါတယ္။

အဲဒီမွာ ပန္ဆယ္လ္ေဗးနီးယားဒတ္ခ်္ေတြဟာ အေၾကြးမထားတတ္တဲ႔ေနရာမွာ နာမည္ရလာပံုေပၚပါတယ္။ သူတို႔ဟာ စားေသာက္ဆိုင္ေတြမွာ ဘယ္ေတာ႔မွအေၾကြးမစားတတ္ဘဲ သူတို႔ရဲ႕က်သင္႔ေငြကို တိတိက်က်ရွင္းတတ္ၾကပါတယ္။ ဒီလိုနဲ႔ မိမိေပးရမယ္႔ေငြပမာဏကို အတိအက်ေပးတဲ႔သူေတြကို "going dutch" ဆိုတဲ႔ ဗန္းစကားနဲ႔ေခၚေဝၚသံုးစြဲလာၾကတာျဖစ္ပါတယ္။
ဒီတစ္မ်ိဳးတည္းမဟုတ္ပါဘူး

ေနာက္ၿပီး "going Dutch" ဆိုတာ အဲဒီလို စားေသာက္ဆိုင္ေတြမွာ ေငြရွင္းတာ၊ မိမိေပးေဆာင္ရမယ္႔ ေငြေၾကးကို အတိအက်ေပးေဆာင္တာေတြနဲ႔ ဆက္ႏြယ္ေနတဲ႔ "Dutch" ဆိုုတဲ႔ စကားလံုးပါတဲ႔ တစ္ခုတည္းေသာ အသံုးအႏႈန္းမဟုတ္ပါဘူး။ ၁၈၇၃ ခုႏွစ္တံုးက ဒီမိုကရက္ ေန႕စဥ္သတင္းစာက ဘီယာဆိုင္မွာ အရက္၊ ဘီယာေသာက္သံုးသူေတြဟာ "the Dutch treat" လို႔ေခၚတဲ႔ ညီတူညီမွ် စနစ္နဲ႔ ပိုက္ဆံရွင္းမယ္ဆိုရင္ အရမ္းႀကီးဆူညံပြက္ေလာရိုက္ေနမွာ မဟုတ္ပါဘူးလို႔ ကာတြန္းဆြဲၿပီး ေဖာ္ျပခဲ႔ပါတယ္။

၁၈၉၇ ခုႏွစ္မွာလည္း မနက္ခင္းဂ်ာနယ္မွာ ေဆာင္းပါးရွင္တစ္ေယာက္က သူနဲ႔ သူ႕ သူငယ္ခ်င္းေတြ "Dutch lunch" ပလန္နဲ႔ သြားစားဖို႔ စီစဥ္ထားေၾကာင္း ေဆာင္းပါးထဲမွာ ေဖာ္ျပထားပါတယ္။ ေနာက္ပိုင္းမွာေတာ႔ "going Dutch" ဆိုတဲ႔ အသံုးက လူသံုးအမ်ားဆံုးျဖစ္လာခဲ႔ပါတယ္။ အဓိပၸာယ္ေတြကေတာ႔ အကုန္တူတူပါပဲ။
ကမၻာသံုးဗန္းစကား

ေနာက္ပိုင္းမွာ သူငယ္ခ်င္းေတြမုန္႕စုစားတာပဲျဖစ္ျဖစ္၊ အြန္လိုင္းမွာသိတဲ႔အသိေတြ အျပင္မွာေတြ႕ၾကတာပဲျဖစ္ျဖစ္ က်သင္႔ေငြေဘလ္ကို မွ်ေဝက်ခံၾကတာ တစ္ကမၻာလံုးမွာ လိုက္နာက်င္႔သံုးလာၾကတဲဲ႔ ယဥ္ေက်းမႈတစ္ခုျဖစ္လာပါတယ္။ ဒီေတာ႔ "going Dutch" ဆိုတဲ႔စကားကလည္း တစ္ကမၻာလံုးမွာ ေခတ္စားလာပါတယ္။

ဒါေပမယ္႔ ဒီစကားကိုပဲ အီဂ်စ္လူမ်ိဳးေတြက အဂၤလိပ္စတိုင္လ္လို႔ေခၚၿပီး ပါကစၥတန္ကလူေတြကေတာ႔ အေမရိကန္စနစ္လို႔ေခၚပါတယ္။ တူရကီလူမ်ိဳးေတြကေတာ႔ ဂ်ာမန္စနစ္အတိုင္းလို႔ ေခၚေဝၚသံုးႏႈန္းၾကပါတယ္။ ဒါေပမယ္႔ မူလဘူတစကားအမွန္ကေတာ႔ "going Dutch" (ဒတ္ခ်္စတိုင္လ္အတိုင္း) ျဖစ္ပါတယ္။

Source: Reader's Digest
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
စားသောက်ဆိုင်တစ်ဆိုင်မှာ သူငယ်ချင်းတွေအုပ်စုလိုက်ကြီး ထိုင်တဲ့အခါ စားပြီးသောက်ပြီးလို့ ဘေလ်ရှင်းကြတော့မယ်ဆိုရင် ကျသင့်ငွေ စုုစုပေါင်းကို တစ်ယောက်ဘယ်လောက်ဆိုပြီး မျှဝေပြီး ရှင်းကြတာကို "going Dutch" လို့ အင်္ဂလိပ်လိုခေါ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီလို ကုန်ကျစရိတ်ကို မျှဝေကျခံကြတာကို အမေရိကန်စစ်စတမ်လို့ခေါ်ပေမယ့် အဲဒါဟာ မှားယွင်းတဲ့ အခေါ်အဝေါ်တစ်ခု ဖြစ်ပါတယ်။

ဟုတ်ပြီ။ ဒါဆိုရင် အဲဒီလို ကိုယ်စားသလောက်ကိုယ်ရှင်း (သို့) ကျသင့်ငွေစုစုပေါင်းကို အချိုးကျစိုက်ထည့်တာကို ဘာလို့ "going Dutch" လို့ခေါ်တာလဲ။ Dutch (ဒတ်ချ်) ဆိုတာ နယ်သာလန်လူမျိုးတွေကို ခေါ်တာဖြစ်ပြီး အဲဒီလို ဒတ်ချ်စစ်စတမ်နဲ့ ရှင်းတယ်ဆိုတာ ဒတ်ချ်လူမျိုးတွေနဲ့ ဘယ်လိုပတ်သက်ပါသလဲ။ အဲဒီမေးခွန်းရဲ့နောက်ကွယ်မှာ အဖြေတစ်ခုရှိနေပါတယ်။
"Going Dutch" (ဒတ်ချ်စတိုင်လ်အတိုင်း) ဆိုတာကို ဘာလဲ

တကယ်တမ်းကျတော့ လူသုံးများတဲ့ အဲဒီစကားဟာ ဒတ်ချ်လူမျိုးတွေကို ရည်ညွှန်းထားတာမဟုတ်ပါဘူး။ သူတကယ် ရည်ညွှန်းထားတာက ဂျာမန်လူမျိုးတွေကိုပါ။ ၁၇ ရာစုနဲ့ ၁၈ ရာစုနောက်ပိုင်းမှာ ဂျာမန်စကားပြောတဲ့ လူအများစုဟာ အမေရိကန်ပြည်ထောင်စုကို ခိုလှုံလာကြပါတယ်။ အထူးသဖြင့် ပန်ဆယ်လ်ဗေးနီးယားပြည်နယ်ကိုပေါ့။ အဲဒီအချိန်တုံးက ဥရောပတိုက်မှာ ဂျာမနီနိုင်ငံမှာ နေထိုင်တဲ့ လူတွေကို "High Dutch" လို့ နာမည်ပြောင်ပေးထားကြပါတယ်။ ဒီလိုနဲ့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်က ဂျာမန်တွေကိုလည်း ပန်ဆယ်လ်ဗေးနီးယား ဒတ်ချ်ဆိုပြီး ခေါ်ဝေါ်ကြပါတယ်။

အဲဒီမှာ ပန်ဆယ်လ်ဗေးနီးယားဒတ်ချ်တွေဟာ အကြွေးမထားတတ်တဲ့နေရာမှာ နာမည်ရလာပုံပေါ်ပါတယ်။ သူတို့ဟာ စားသောက်ဆိုင်တွေမှာ ဘယ်တော့မှအကြွေးမစားတတ်ဘဲ သူတို့ရဲ့ကျသင့်ငွေကို တိတိကျကျရှင်းတတ်ကြပါတယ်။ ဒီလိုနဲ့ မိမိပေးရမယ့်ငွေပမာဏကို အတိအကျပေးတဲ့သူတွေကို "going dutch" ဆိုတဲ့ ဗန်းစကားနဲ့ခေါ်ဝေါ်သုံးစွဲလာကြတာဖြစ်ပါတယ်။
ဒီတစ်မျိုးတည်းမဟုတ်ပါဘူး

နောက်ပြီး "going Dutch" ဆိုတာ အဲဒီလို စားသောက်ဆိုင်တွေမှာ ငွေရှင်းတာ၊ မိမိပေးဆောင်ရမယ့် ငွေကြေးကို အတိအကျပေးဆောင်တာတွေနဲ့ ဆက်နွယ်နေတဲ့ "Dutch" ဆိုုတဲ့ စကားလုံးပါတဲ့ တစ်ခုတည်းသော အသုံးအနှုန်းမဟုတ်ပါဘူး။ ၁၈၇၃ ခုနှစ်တုံးက ဒီမိုကရက် နေ့စဉ်သတင်းစာက ဘီယာဆိုင်မှာ အရက်၊ ဘီယာသောက်သုံးသူတွေဟာ "the Dutch treat" လို့ခေါ်တဲ့ ညီတူညီမျှ စနစ်နဲ့ ပိုက်ဆံရှင်းမယ်ဆိုရင် အရမ်းကြီးဆူညံပွက်လောရိုက်နေမှာ မဟုတ်ပါဘူးလို့ ကာတွန်းဆွဲပြီး ဖော်ပြခဲ့ပါတယ်။

၁၈၉၇ ခုနှစ်မှာလည်း မနက်ခင်းဂျာနယ်မှာ ဆောင်းပါးရှင်တစ်ယောက်က သူနဲ့ သူ့ သူငယ်ချင်းတွေ "Dutch lunch" ပလန်နဲ့ သွားစားဖို့ စီစဉ်ထားကြောင်း ဆောင်းပါးထဲမှာ ဖော်ပြထားပါတယ်။ နောက်ပိုင်းမှာတော့ "going Dutch" ဆိုတဲ့ အသုံးက လူသုံးအများဆုံးဖြစ်လာခဲ့ပါတယ်။ အဓိပ္ပာယ်တွေကတော့ အကုန်တူတူပါပဲ။
ကမ္ဘာသုံးဗန်းစကား

နောက်ပိုင်းမှာ သူငယ်ချင်းတွေမုန့်စုစားတာပဲဖြစ်ဖြစ်၊ အွန်လိုင်းမှာသိတဲ့အသိတွေ အပြင်မှာတွေ့ကြတာပဲဖြစ်ဖြစ် ကျသင့်ငွေဘေလ်ကို မျှဝေကျခံကြတာ တစ်ကမ္ဘာလုံးမှာ လိုက်နာကျင့်သုံးလာကြတဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်လာပါတယ်။ ဒီတော့ "going Dutch" ဆိုတဲ့စကားကလည်း တစ်ကမ္ဘာလုံးမှာ ခေတ်စားလာပါတယ်။

ဒါပေမယ့် ဒီစကားကိုပဲ အီဂျစ်လူမျိုးတွေက အင်္ဂလိပ်စတိုင်လ်လို့ခေါ်ပြီး ပါကစ္စတန်ကလူတွေကတော့ အမေရိကန်စနစ်လို့ခေါ်ပါတယ်။ တူရကီလူမျိုးတွေကတော့ ဂျာမန်စနစ်အတိုင်းလို့ ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။ ဒါပေမယ့် မူလဘူတစကားအမှန်ကတော့ "going Dutch" (ဒတ်ချ်စတိုင်လ်အတိုင်း) ဖြစ်ပါတယ်။

Source: Reader's Digest
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top