ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္မႈေတြနဲ့ ေႀကာ္ညာမင္းသမီးရယ္လို့ တစ္ေခတ္ ျဖစ္ခဲ့တဲ့သူက ျပည္သူ့အခ်စ္ေတာ္ အႏုပညာရွင္ မင္းသမီးျဖစ္တဲ့ အကယ္ဒမီ ထက္ထက္မိုးဦးရယ္ပါ။ အခုအခ်ိန္မွာေတာ့ အႏုပညာ အလုပ္ေတြ ျပန္လုပ္ျဖစ္တဲ႔ အခါမွာ လည္း ပရိသတ္အားေပးမႈ အျပည္႕အ၀ရရွိထားဆဲ ျဖစ္ပါတယ္။ အင္တာဗ်ူးတစ္ခုမွာ ေမးခြန္းတစ္ခုေႀကာင့္ မ်က္ရည္၀ိုင္းခဲ့ရတဲ့ သူမကို ပရိသတ္ေတြ ပိုျပီး အခ်စ္ပိုသြားေစခဲ့ပါေသးတယ္။ လက္ရွိမွာေတာ့ သူမက သူမသမီးေလးအတြက္ အေကာင္းဆံုးထားႏိုင္ေအာင္ ႀကိဳးစားခ်င္ေသးတယ္လို့ သိရပါတယ္။
Knycjsdndg3bvhudfxlc
ပညာတတ္ျဖစ္ရင္ေတာ႔ မ်က္နွာ မငယ္ရဘူးေပါ့။ ထက္ထက္တို႕ ကေတာ႕ စိတ္ေရာ ႏွလံုးေရာ ဘ၀ေရာ အကုန္ရင္းႏွီ ခဲ့ရတာပါ။ အနုပညာ အလုပ္ဆိ္ုတာ မင္းသမီးလုပ္ခ်င္တယ္ဆိုတာ တစ္ခုနဲ႔ၿပီး မသြားဘူး။ ကိုယ္ေတြ ကရူးသြပ္တာ ထက္ကို ဆိုးသြားတယ္။ အကုန္လံုးကို ေပးဆပ္တယ္ဆိုတာ ထက္ ေသြးသားထဲကပါလာတယ္။ အႏုပညာနဲ႔ အသက္ေမြး၀မ္းေက်ာင္းျပဳ သာသနာျပဳ မိဘေတြကို လုပ္ေကြ်း လႈႏုိင္သမွ်လႈ အဖက္ဖက္ကႀကိဳးစား ခဲ႔ရတယ္။ ကိုယ့္သမီးေလးကိုေတာ႔ ပညာတတ္ ပဲျဖစ္ေစခ်င္တယ္။ သမီးေလး အတြက္ အားမရေသးဘူး။ ေနာက္ထပ္သူ႕ကို ျပည့္စံုေအာင္ထားခ်င္တယ္။ သူ႕ ဘ၀ သူရပ္တည္ႏုိင္တဲ႔ အထိေပါ့။ မိခင္ဆိုတာကိုယ္ ့သားသမီးကို ခ်စ္မ၀ပါဘူး။ တစ္ခ်ိန္လံုး စိတ္ပူေနရတယ္။

ခုခ်ိန္ထိ ပရိသတ္ အားေပးမႈ အျပည္႔အ၀ ရတာက ေမတၱာတရားေၾကာင္႔ပါပဲ။ ကိုယ္က ပရိသတ္ေတြကို ေမတၱာ ထားေတာ႔ ပရိသတ္ကလည္း ကိုယ္႔အေပၚေမတၱာ ျပန္ထားတယ္။ ထက္ မွားသည္ျဖစ္ေစ မွန္သည္ျဖစ္ေစ ထက္ ဘက္က ရပ္တည္ေပးခဲ႔တဲ႔ ခ်စ္ေပးတဲ႔ ထက္မွာ မိဘေမာင္ႏွမေတြ ဘာမွ မရွိေပမယ့္ ထက္ရဲ႕ အားတစ္ခုက ပရိသတ္အတြက္ပါပဲ။ အခုတာ့ ေႀကာ္ညာေလးေတြ ရိုက္ဖို့ရွိတယ္။ မိုးေကာင္းကင္ အိမ္မက္ ဇာတ္လမ္းတြဲ အပိုင္းတစ္ရာေက်ာ္ ရိုက္ဖို့ရွိတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မ်က္ေျပ(မိုမိုေလး)

#Unicode Version#
လျှမ်းလျှမ်းတောက် အောင်မြင်မှုတွေနဲ့ ကြော်ညာမင်းသမီးရယ်လို့ တစ်ခေတ် ဖြစ်ခဲ့တဲ့သူက ပြည်သူ့အချစ်တော် အနုပညာရှင် မင်းသမီးဖြစ်တဲ့ အကယ်ဒမီ ထက်ထက်မိုးဦးရယ်ပါ။ အခုအချိန်မှာတော့ အနုပညာ အလုပ်တွေ ပြန်လုပ်ဖြစ်တဲ့ အခါမှာ လည်း ပရိသတ်အားပေးမှု အပြည့်အဝရရှိထားဆဲ ဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာ မေးခွန်းတစ်ခုကြောင့် မျက်ရည်ဝိုင်းခဲ့ရတဲ့ သူမကို ပရိသတ်တွေ ပိုပြီး အချစ်ပိုသွားစေခဲ့ပါသေးတယ်။ လက်ရှိမှာတော့ သူမက သူမသမီးလေးအတွက် အကောင်းဆုံးထားနိုင်အောင် ကြိုးစားချင်သေးတယ်လို့ သိရပါတယ်။

ပညာတတ်ဖြစ်ရင်တော့ မျက်နှာ မငယ်ရဘူးပေါ့။ ထက်ထက်တို့ ကတော့ စိတ်ရော နှလုံးရော ဘဝရော အကုန်ရင်းနှီ ခဲ့ရတာပါ။ အနုပညာ အလုပ်ဆိုတာ မင်းသမီးလုပ်ချင်တယ်ဆိုတာ တစ်ခုနဲ့ပြီး မသွားဘူး။ ကိုယ်တွေ ကရူးသွပ်တာ ထက်ကို ဆိုးသွားတယ်။ အကုန်လုံးကို ပေးဆပ်တယ်ဆိုတာ ထက် သွေးသားထဲကပါလာတယ်။ အနုပညာနဲ့ အသက်မွေးဝမ်းကျောင်းပြု သာသနာပြု မိဘတွေကို လုပ်ကျွေး လှုနိုင်သမျှလှု အဖက်ဖက်ကကြိုးစား ခဲ့ရတယ်။ ကိုယ့်သမီးလေးကိုတော့ ပညာတတ် ပဲဖြစ်စေချင်တယ်။ သမီးလေး အတွက် အားမရသေးဘူး။ နောက်ထပ်သူ့ကို ပြည့်စုံအောင်ထားချင်တယ်။ သူ့ ဘ၀ သူရပ်တည်နိုင်တဲ့ အထိပေါ့။ မိခင်ဆိုတာကိုယ့်သားသမီးကို ချစ်မဝပါဘူး။ တစ်ချိန်လုံး စိတ်ပူနေရတယ်။

ခုချိန်ထိ ပရိသတ် အားပေးမှု အပြည့်အ၀ ရတာက မေတ္တာတရားကြောင့်ပါပဲ။ ကိုယ်က ပရိသတ်တွေကို မေတ္တာ ထားတော့ ပရိသတ်ကလည်း ကိုယ့်အပေါ်မေတ္တာ ပြန်ထားတယ်။ ထက် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ထက် ဘက်က ရပ်တည်ပေးခဲ့တဲ့ ချစ်ပေးတဲ့ ထက်မှာ မိဘမောင်နှမတွေ ဘာမှ မရှိပေမယ့် ထက်ရဲ့ အားတစ်ခုက ပရိသတ်အတွက်ပါပဲ။ အခုတာ့ ကြော်ညာလေးတွေ ရိုက်ဖို့ရှိတယ်။ မိုးကောင်းကင် အိမ်မက် ဇာတ်လမ်းတွဲ အပိုင်းတစ်ရာကျော် ရိုက်ဖို့ရှိတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: မျက်ပြေ(မိုမိုလေး)




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top